ဖာနန်ဒက်စ် ပင်နယ်တီ ၂ကြိမ်ကန်သွင်းပြီး ပရီးမီးယားလိဂ် အိမ်ကွင်း ပထမဆုံးနိုင်ပွဲ မန်ယူစတင်ရရှိ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အိုးလ်ထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ်နိုင်ပွဲမရသေးတဲ့ မန်ယူဟာ ဒဏ်ရာပြဿနာ ရှိနေတဲ့ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်အတွဲကို တိုက်စစ်မှာပွဲထုတ်လာခဲ့သလို ကွင်းလယ်မှာ တော့ ဖာနန်ဒက်စ်၊ မာတာ၊ ဖရက်ဒ်၊ မာတစ်တို့ကိုထုတ်သုံးလာခဲ့ပါတယ်။

ဖာနန်ဒက်စ်ကလွဲပြီး ကျန်တဲ့ ၃ ယောက်ဖြစ်တဲ့ မာတာ၊ ဖရက်ဒ်နဲ့ မာတစ်တို့ဟာ နိုင်ငံတကာပွဲစဉ်တွေမကစားခဲ့ရဘဲ ကြားရက်မှာ အေးဆေးအနားရခဲ့တာကြောင့် ဆိုးလ်ရှားဟာ သူတို့ကို ပွဲထွက်စာရင်းမှာ ထုတ်သုံးခဲ့တာဖြစ်မှာပါ။

နောက်တန်းမှာတော့ အစွန်နှစ်ဖက်မှာ လန်းလန်းဆန်းဆန်းရှိတဲ့ တဲလက်စ်နဲ့ ဘစ်ဆာကာကိုထားပြီး ဗဟိုခံစစ်အတွဲမှာ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်ပဲ တွဲကစားခဲ့တာပါ။

ပထမပိုင်းမှာ ဂိုးတွေမရခဲ့ဘဲ ဒုတိယပိုင်းပြန်စပြီး မိနစ်ပိုင်းမှာတင် ဝက်စ်ဘရွန်းက ပင်နယ်တီရခဲပပေမယ့် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီး ပယ်ဖျက်ခဲ့ပါတယ်။

တကယ်လည်း ဒီပင်နယ်တီဟာ မပေးသင့်ဘဲ ဖာနန်ဒက်စ်က ယှဉ်လုရင်း ဘောလုံးကို အရင်ထိခဲ့တာပါ။

သိပ်မကြာခင်မှာပဲ မာတာဖြတ်တင်ပေးတဲ့ ဘောလုံးကို ဝက်စ်ဘရွန်းနောက်ခံလူ လက်နဲ့တားသလိုဖြစ်တာကြောင့် မန်ယူပင်နယ်တီပြန်ရခဲ့ပါတယ်။

ပင်နယ်တီကို ဖာနန်ဒက်စ်ကန်တာ ဂိုးသမားပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပေမယ့် ကစားသမားမကန်ခင် ဂိုးစည်းကိုမနင်းထားဘဲ ရှေ့ထွက်လာခဲ့တဲ့အတွက် နောက်တစ်ကြိမ်ပြန်ကန်စေခဲ့တာမှာတော့ ဖာနန်ဒက်စ်က အမြောက်ဘောကန်သွင်းပြီး ဂိုးအောင်ကန်နိုင်ခဲ့ပါတယ်။

မန်ယူအနေနဲ့ ဒီလိုပုံစံမျိုး ရာသီအစ ပဲလေ့စ်နဲ့ပွဲမှာ ဖြစ်ခဲ့ပြီး အဲ့တုန်းက ပဲလေ့စ်က ဂျော်ဒန်အယူးကန်သွားတာ ဒီဂီယာက ဂိုးစည်းပေါ် ခြေထောက်တစ်ဖက်ပဲ နင်းထားသလိုဖြစ်ခဲ့တဲ့အတွက် ပြန်ကန်ခိုင်းခဲ့ပြီး ဂိုးပေးခဲ့ရပါတယ်။

ဒီတစ်ကြိမ်မှာတော့ မန်ယူက နှစ်ကြိမ်ပြန်ကန်ခွင့်ရခဲ့တာပါ။

ပွဲချိန်နောက်ပိုင်းမှာ ကာဗာနီနဲ့မာတာကို လူစားလဲကစားခဲ့သလို

ရက်ဖိုဒ်အစားဗန်ဒီဘိခ် လူစားဝင်လာခဲ့ပါတယ်။

ဝက်စ်ဘရွန်ဂိုးသမားက သေချာပေါက်ဂိုးတွေကိုကာကွယ်သွားနိုင်ခဲ့တာကြောင့် နောက်ထပ်ဂိုးမရတော့ဘဲ တစ်ဂိုးတည်းနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ဒီနိုင်ပွဲကြောင့် မန်ယူဟာ ပရီးမီးယားလိဂ် အိမ်ကွင်းမှာ နိုင်ပွဲမရသေးတာကို အဆုံးသတ်နိုင်ခဲ့ပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖာနန္ဒက္စ္ ပင္နယ္တီ ၂ၾကိမ္ကန္သြင္းျပီး ပရီးမီးယားလိဂ္ အိမ္ကြင္း ပထမဆံုးႏိုင္ပြဲ မန္ယူူစတင္ရရွိ။

အိုးလ္ထရက္ဖို႔ဒ္မွာ ပရီးမီးယားလိဂ္ႏိုင္ပြဲမရေသးတဲ့ မန္ယူဟာ ဒဏ္ရာျပႆနာ ရွိေနတဲ့ ရက္ရွ္ဖို႔ဒ္နဲ႔ မာရွယ္အတြဲကို တိုက္စစ္မွာပြဲထုတ္လာခဲ့သလို ကြင္းလယ္မွာ ေတာ့ ဖာနန္ဒက္စ္၊ မာတာ၊ ဖရက္ဒ္၊ မာတစ္တုိ႔ကိုထုတ္သံုးလာခဲ့ပါတယ္။ ဖာ နန္ဒက္စ္ကလြဲၿပီး က်န္တဲ့ ၃ ေယာက္ျဖစ္တဲ့ မာတာ၊ ဖရက္ဒ္နဲ႔ မာတစ္တို႔ဟာ ႏိုင္ငံတကာပြဲစဥ္ေတြမကစားခဲ့ရဘဲ ၾကားရက္မွာ ေအးေဆးအနားရခဲ့တာေၾကာင့္ ဆိုးလ္ရွားဟာ သူတို႔ကို ပြဲထြက္စာရင္းမွာ ထုတ္သံုးခဲ့တာျဖစ္မွာပါ။

ေနာက္တန္းမွာေတာ့ အစြန္ႏွစ္ဖက္မွာ လန္းလန္းဆန္းဆန္းရွိတဲ့ တဲလက္စ္နဲ႔ ဘစ္ဆာကာကိုထားၿပီး ဗဟိုခံစစ္အတြဲမွာ မက္ဂြိဳင္းယားနဲ႔ လင္ဒီေလာ့ဖ္ပဲ တြဲကစားခဲ့တာပါ။ ပထမပိုင္းမွာ ဂိုးေတြမရခဲ႔ဘဲ ဒုတိယပိုင္းျပန္စျပီး မိနစ္ပိုင္းမွာတင္ ၀က္စ္ဘရြန္းက ပင္နယ္တီရခဲပေပမယ္႔ ကြင္းလယ္ဒိုင္က VAR ျပနၾကည္႔ျပီး ပယ္ဖ်က္ခဲ႔ပါတယ္။ တကယ္လည္း ဒီပင္နယ္တီဟာ မေပးသင္႕ဘဲ ဖာနန္ဒက္စ္က ယွဥ္လုရင္း ေဘာလံုးကို အရင္ထိခဲ႔တာပါ။

သိပ္မၾကာခင္မွာပဲ မာတာျဖတ္တင္ေပးတဲ႔ ေဘာလံုးကို ၀က္စ္ဘရြန္းေနာက္ခံလူ လက္နဲ႔တားသလိုျဖစ္တာေၾကာင္႔ မန္ယူပင္နယ္တီျပန္ရခဲ႔ပါတယ္။ ပင္နယ္တီကို ဖာနန္ဒက္စ္ကန္တာ ဂိုးသမားပုတ္ထုတ္ကာကြယ္ႏိုင္ခဲ႔ေပမယ္႔ ကစားသမားမကန္ခင္ ဂိုးစည္းကိုမနင္းထားဘဲ ေရွ႔ထြက္လာခဲ႔တဲ႔အတြက္ ေနာက္တစ္ၾကိမ္ျပန္ကန္ေစခဲ႔တာမွာေတာ႔ ဖာနန္ဒက္စ္က အေျမာက္ေဘာကန္သြင္းျပီး ဂိုးေအာင္ကန္ႏိုင္ခဲ႔ပါတယ္။ မန္ယူအေနနဲ႔ ဒီလိုပံုစံမ်ိဳး ရာသီအစ ပဲေလ႔စ္နဲ႔ပြဲမွာ ျဖစ္ခဲ႔ျပီး အဲ႔တုန္းက ပဲေလ႔စ္က ေဂ်ာ္ဒန္အယူးကန္သြားတာ ဒီဂီယာက ဂိုးစည္းေပၚ ေျခေထာက္တစ္ဖက္ပဲ နင္းထားသလိုျဖစ္ခဲ႔တဲ႔အတြက္ ျပန္ကန္ခိုင္းခဲ႔ျပီး ဂိုးေပးခဲ႔ရပါတယ္။

ဒီတစ္ၾကိမ္မွာေတာ႔ မန္ယူက ႏွစ္ၾကိမ္ျပန္ကန္ခြင္႔ရခဲ႔တာပါ။ ပြဲခ်ိန္ေနာက္ပိုင္းမွာ ကာဗာနီနဲ႔မာတာကို လူစားလဲကစားခဲ့သလို၊ ရက္ဖိုဒ္အစားဗန္ဒီဘိခ္ လူစား၀င္လာခဲ့ပါတယ္။ ၀က္စ္ဘရြန္ဂိုးသမားက ေသခ်ာေပါက္ဂိုးေတြကိုကာကြယ္သြားႏိုင္ခဲ့တာေၾကာင့္ ေနာက္ထပ္ဂိုးမရေတာ႔ဘဲ တစ္ဂိုးတည္းနဲ႔ပဲ ေက်နပ္ခဲ႔ရပါတယ္။ ဒီႏိုင္ပြဲေၾကာင္႔ မန္ယူဟာ ပရီးမီးယားလိဂ္ အိမ္ကြင္းမွာ ႏိုင္ပြဲမရေသးတာကို အဆံုးသတ္ႏိုင္ခဲ႔ပါျပီ။