
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
လီဗာပူးက အဝေးကွင်း မှာ တန်းတက် နောဝစ်ချ်ကို ၃ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
အဲဒီပွဲမှာ ထူးခြားမှတ်တမ်းတွေ အဖြစ် ဖာမီနိုရဲ့ သွင်းဂိုးက ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုး ဂိုး ၈၀၀၀ မြောက် ဖြစ်ခဲ့ပြီး ဆာလက်ကလည်း ဘောလုံးရာသီ ၅ ရာသီဆက် အဖွင့်ပွဲတွေ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ပရီးမီးယားလိဂ် ကစားသမား ဖြစ်ခဲ့ပါတယ်။
ဟက်ထရစ်သွင်းဂိုးကြောင့် ဘောလုံးပိုက်ပြီး အိမ်ပြန်သွားတဲ့ ဖာနန်ဒက်စ်ကို အသင်းဖော် မက်ဂွားရားက ‘သိပ်ကောင်းတဲ့ ပင်နယ်တီ သွင်းဂိုး ၃ လုံးပဲ ဘော်ဒါရေ’ လို့ စနောက်သွားပါတယ်။
ဖာနန်ဒက်စ်က ပင်နယ်တီပဲ သွင်းတတ်တယ်ဆိုတဲ့ မှတ်ချက်တွေအတွက် မက်ဂွားရားက စနောက်လိုက်တာပဲ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းမှာ နေရာအတွက် အာမခံချက် ရရှိမထားသလို ကျောနံပါတ်မကြိုက်တဲ့ ပြဿနာတက်နေတဲ့ ကွင်းလယ်ဖန်တီးရှင် မာတင် အော်ဒီဂွါဒ်အတွက် အာဆင်နယ်အသင်းအနေနဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး
ဘာနေဗျူးဘက်က သတ်မှတ်ထားတဲ့ ယူရိုသန်း ၅၀ ထက် လျော့နည်းတဲ့ ပမာဏနဲ့ အဆင်ပြေနိုင်ဖို့ မျှော်လင့်နေပါတယ်။
အက်သက်လက်တီမက်ဒရစ်အသင်းနဲ့ လက်တွဲဖြုတ်ခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ စပိန် ဝါရင့်တိုက်စစ်ကစားသမားကြီး ဒီယေဂိုကော်စတာဟာ ဘရာဇီးကလပ် အသက်လက်တီကိုမင်နဲရိုးအသင်းဆီကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပြီလို့ သိရှိရပါတယ်။
ဒေါ့မွန် တိုက်စစ်မှူးလေး အာလင်း ဟာလန်း ဟာ ဖရန့်ဖွတ် အသင်းကို ၅ – ၂ နဲ့ အနိုင် ရခဲ့တဲ့ ပွဲမှာ ကိုယ်တိုင် ၂ ဂိုး သွင်းယူခဲ့ပြီး ကျန် ၃ ဂိုးကိုလည်း ဖန်တီးပေး သွားခဲ့တယ်လို့ သိရ ပါတယ်။
ပေါ့ဘာ ဟာ ယခုနှစ်ဘောလုံးရာသီ၌အသင်းနှင့်ဆက်ရှိမှာ ဖြစ်ပါတယ်။
ယူနိုက်တက်ကပေါ့ဘာရဲ့ စာချုပ်ကိစ္စအတွက် ပြီးခဲ့သည့်အပတ် က ရွိုင်အိုလာနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ဖာနန္ဒက္စ္၊ ေပါ့ဘာ၊ လီဗာပူးနဲ႔ အျခား သတင္းတိုမ်ား
လီဗာပူးက အေဝးကြင္း မွာ တန္းတက္ ေနာဝစ္ခ်္ကို ၃ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရခဲ့ပါတယ္။ အဲဒီပြဲမွာ ထူးျခားမွတ္တမ္းေတြ အျဖစ္ ဖာမီႏိုရဲ႕ သြင္းဂိုးက ပရီးမီးယားလိဂ္ရဲ႕ သြင္းဂိုး ဂိုး ၈၀၀၀ ေျမာက္ ျဖစ္ခဲ့ၿပီး ဆာလက္ကလည္း ေဘာလုံးရာသီ ၅ ရာသီဆက္ အဖြင့္ပြဲေတြ ဂိုးသြင္းႏိုင္တဲ့ ပထမဆုံး ပရီးမီးယားလိဂ္ ကစားသမား ျဖစ္ခဲ့ပါတယ္။
ဟက္ထရစ္သြင္းဂိုးေၾကာင့္ ေဘာလုံးပိုက္ၿပီး အိမ္ျပန္သြားတဲ့ ဖာနန္ဒက္စ္ကို အသင္းေဖာ္ မက္ဂြားရားက ‘သိပ္ေကာင္းတဲ့ ပင္နယ္တီ သြင္းဂိုး ၃ လုံးပဲ ေဘာ္ဒါေရ’ လို႔ စေနာက္သြားပါတယ္။ ဖာနန္ဒက္စ္က ပင္နယ္တီပဲ သြင္းတတ္တယ္ဆိုတဲ့ မွတ္ခ်က္ေတြအတြက္ မက္ဂြားရားက စေနာက္လိုက္တာပဲ ျဖစ္ပါတယ္။
ရီးရဲလ္မက္ဒရစ္အသင္းမွာ ေနရာအတြက္ အာမခံခ်က္ ရရွိမထားသလို ေက်ာနံပါတ္မႀကိဳက္တဲ့ ျပႆနာတက္ေနတဲ့ ကြင္းလယ္ဖန္တီးရွင္ မာတင္ ေအာ္ဒီဂြါဒ္အတြက္ အာဆင္နယ္အသင္းအေနနဲ႔ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၃၀ နဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနၿပီး ဘာေနဗ်ဴးဘက္က သတ္မွတ္ထားတဲ့ ယူ႐ိုသန္း ၅၀ ထက္ ေလ်ာ့နည္းတဲ့ ပမာဏနဲ႔ အဆင္ေျပႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။
အက္သက္လက္တီမက္ဒရစ္အသင္းနဲ႔ လက္တြဲျဖဳတ္ခဲ့ၿပီးေနာက္ အသင္းလက္မဲ့ ျဖစ္လို႔ေနတဲ့ စပိန္ ဝါရင့္တိုက္စစ္ကစားသမားႀကီး ဒီေယဂိုေကာ္စတာဟာ ဘရာဇီးကလပ္ အသက္လက္တီကိုမင္နဲ႐ိုးအသင္းဆီကို အလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့ၿပီလို႔ သိရွိရပါတယ္။
ေဒါ့မြန္ တိုက္စစ္မႉးေလး အာလင္း ဟာလန္း ဟာ ဖရန႔္ဖြတ္ အသင္းကို ၅ – ၂ နဲ႔ အႏိုင္ ရခဲ့တဲ့ ပြဲမွာ ကိုယ္တိုင္ ၂ ဂိုး သြင္းယူခဲ့ၿပီး က်န္ ၃ ဂိုးကိုလည္း ဖန္တီးေပး သြားခဲ့တယ္လို႔ သိရ ပါတယ္။
ေပါ့ဘာ ဟာ ယခုႏွစ္ေဘာလုံးရာသီ၌အသင္းႏွင့္ဆက္ရွိမွာ ျဖစ္ပါတယ္။ ယူႏိုက္တက္ကေပါ့ဘာရဲ႕ စာခ်ဳပ္ကိစၥအတြက္ ၿပီးခဲ့သည့္အပတ္ က ႐ြိဳင္အိုလာႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ပါတယ္။