ဖာနန်ဒက်စ်အပြောင်းအရွှေ့နဲ့ပတ်သက်လို့ ဝုဒ်ဝပ်နောင်တရလိမ့်မယ်လို့ ဆိုလိုက်တဲ့ဖာဒီနန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သူ့ရဲ့အသင်းဟောင်းကတာဝန်ရှိသူတွေဟာ လက်ရှိခြေစွမ်းပြနေတဲ့ကွင်းလယ်လူဖာနန်ဒက်စ်ကို ပိုစောပြီး မခေါ်ခဲ့တာနဲ့ပတ်သက်လို့ နောင်တရလိမ့်မယ်လု့ိ မန်ယူဂန္ထဝင်ဟောင်းရီယိုဖာဒီနန်က ပြောကြားလိုက်ပါတယ်။

မန်ယူဟာ ဖာနန်ဒက်စ်ကို ပြီးခဲ့တဲ့ဇန်နဝါရီမှာ စပို့တင်းကနေ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၄၆.၆ သန်းနဲ့ ခေါ်ယူခဲ့တာပါ။

အဲဒီပေါ်တူဂီလက်ရွေးစင်ကလည်း အိုးလ်ထရက်ဖို့ဒ်မှာ ရောက်ရောက်ချင်းအထူးခြေစွမ်းပြနိုင်ခဲ့ပြီး မန်ယူအတွက် ၃၅ ပွဲမှာ ၂၁ ဂိုးသွင်းယူပေးထားပါတယ်။

တကယ်တော့ ဖာနန်ဒက်စ်ဟာ ၂၀၁၉ နွေရာသီကတည်းက မန်ယူကိုရောက်ဖို့ နီးစပ်ခဲ့တာဖြစ်ပေမယ့် အဲဒီအချိန်မှာ အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ပါဘူး။

ဖာနန်ဒက်စ်ဟာ ရာသီတစ်ဝက်တစ်ပျက်နဲ့ ရောက်လာခဲ့တာဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီကုန် မန်ယူရဲ့ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှုမှာ အရေးပါသူဖြစ်ခဲ့တာပါ။

ဒါပေမဲ့ မန်ယူသာ သူ့ကို ပိုစောပြီး ခေါ်ယူလိုက်မယ်ဆိုရင် ဒီထက်မကတောင် ပိုကောင်းနိုင်တယ်လို့ ဖာဒီနန်က သုံးသပ်ပြောကြားလိုက်ပါတယ်။

”သူဟာ တကယ်ကိုကောင်းတဲ့ ခေါ်ယူမှုတစ်ခုပါ။ ခင်ဗျားအသင်းမှာ လိုချင်မယ့်သူမျိုးလို့လည်း ထင်ပါတယ်။ အမှန်တော့ သူတို့တွေ ပိုပြီးစောစောခေါ်လိုက်ရမှာပါ။ အဲဒီလိုမလုပ်ခဲ့တဲ့အတွက် သူတို့ကိုယ်တိုင်လည်း နောင်တရနေလောက်မှာပါ။ ဒါပေမဲ့ အခု သူရှိနေပြီး စွမ်းဆောင်ပြနေပါတယ်”လု့ိ ဖာဒီနန်က BT Sport ရုပ်သံကိုပြောခဲ့တာပါ။

ဖာဒီနန်ဟာ ဖာနန်ဒက်စ်ကလွဲရင် မကြာသေးခင်ရာသီတွေမှာ မန်ယူရဲ့တခြားခေါ်ယူမှုတွေနဲ့ပတ်သက်လို့ ယေဘုယျအားဖြင့် ကျေနပ်မှု မရှိခဲ့ပါဘူး။

ဒါကြောင့်မို့ ဘောလုံးဒါရိုက်တာတစ်ယောက်ခန့်အပ်မှုဟာ ကလပ် ရှေ့ဆက်လှမ်းနိုင်မယ့်နည်းလမ်းလို့ အဲဒီအင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းက ယုံကြည်နေတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖာနန္ဒက္စ္အေျပာင္းအေရႊ႕နဲ႔ပတ္သက္လုိ႔ ၀ုဒ္၀ပ္ေနာင္တရလိမ့္မယ္လုိ႔ ဆိုလုိက္တဲ့ဖာဒီနန္

သူ႔ရဲ႕အသင္းေဟာင္းကတာ၀န္ရွိသူေတြဟာ လက္ရွိေျခစြမ္းျပေနတဲ့ကြင္းလယ္လူဖာနန္ဒက္စ္ကုိ ပိုေစာၿပီး မေခၚခဲ့တာနဲ႔ပတ္သက္လုိ႔ ေနာင္တရလိမ့္မယ္လု႔ိ မန္ယူဂႏၳ၀င္ေဟာင္းရီယိုဖာဒီနန္က ေျပာၾကားလိုက္ပါတယ္။

မန္ယူဟာ ဖာနန္ဒက္စ္ကို ၿပီးခဲ့တဲ့ဇန္န၀ါရီမွာ စပို႔တင္းကေန ကနဦးေျပာင္းေရႊ႕ေၾကး ေပါင္ ၄၆.၆ သန္းနဲ႔ ေခၚယူခဲ့တာပါ။ အဲဒီေပၚတူဂီလက္ေရြးစင္ကလည္း အိုးလ္ထရက္ဖို႔ဒ္မွာ ေရာက္ေရာက္ခ်င္းအထူးေျခစြမ္းျပႏိုင္ခဲ့ၿပီး မန္ယူအတြက္ ၃၅ ပြဲမွာ ၂၁ ဂိုးသြင္းယူေပးထားပါတယ္။ တကယ္ေတာ့ ဖာနန္ဒက္စ္ဟာ ၂၀၁၉ ေႏြရာသီကတည္းက မန္ယူကုိေရာက္ဖုိ႔ နီးစပ္ခဲ့တာျဖစ္ေပမယ့္ အဲဒီအခ်ိန္မွာ အေျပာင္းအေရႊ႕မျဖစ္ေျမာက္ခဲ့ပါဘူး။

ဖာနန္ဒက္စ္ဟာ ရာသီတစ္၀က္တစ္ပ်က္နဲ႔ ေရာက္လာခဲ့တာျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ရာသီကုန္ မန္ယူရဲ႕ခ်န္ပီယံလိဂ္၀င္ခြင့္ရရွိမႈမွာ အေရးပါသူျဖစ္ခဲ့တာပါ။ ဒါေပမဲ့ မန္ယူသာ သူ႔ကို ပိုေစာၿပီး ေခၚယူလိုက္မယ္ဆုိရင္ ဒီထက္မကေတာင္ ပိုေကာင္းႏိုင္တယ္လုိ႔ ဖာဒီနန္က သုံးသပ္ေျပာၾကားလုိက္ပါတယ္။

”သူဟာ တကယ္ကိုေကာင္းတဲ့ ေခၚယူမႈတစ္ခုပါ။ ခင္ဗ်ားအသင္းမွာ လိုခ်င္မယ့္သူမ်ိဳးလုိ႔လည္း ထင္ပါတယ္။ အမွန္ေတာ့ သူတို႔ေတြ ပိုၿပီးေစာေစာေခၚလုိက္ရမွာပါ။ အဲဒီလိုမလုပ္ခဲ့တဲ့အတြက္ သူတို႔ကိုယ္တိုင္လည္း ေနာင္တရေနေလာက္မွာပါ။ ဒါေပမဲ့ အခု သူရွိေနၿပီး စြမ္းေဆာင္ျပေနပါတယ္”လု႔ိ ဖာဒီနန္က BT Sport ရုပ္သံကိုေျပာခဲ့တာပါ။

ဖာဒီနန္ဟာ ဖာနန္ဒက္စ္ကလြဲရင္ မၾကာေသးခင္ရာသီေတြမွာ မန္ယူရဲ႕တျခားေခၚယူမႈေတြနဲ႔ပတ္သက္လုိ႔ ေယဘုယ်အားျဖင့္ ေက်နပ္မႈ မရွိခဲ့ပါဘူး။

ဒါေၾကာင့္မို႔ ေဘာလုံးဒါရိုက္တာတစ္ေယာက္ခန္႔အပ္မႈဟာ ကလပ္ ေရွ႕ဆက္လွမ္းႏုိင္မယ့္နည္းလမ္းလုိ႔ အဲဒီအဂၤလန္အသင္းေခါင္းေဆာင္ေဟာင္းက ယုံၾကည္ေနတာပါ။