ဖာနန်ဒက်စ်အတွက် ပေါင် ၄၇ သန်းနီးပါးနဲ့ သဘောတူညီမှုရသွားတဲ့ မန်ယူ

Sporting's Portuguese midfielder Bruno Fernandes shouts during the Portuguese league football match between Sporting CP and SL Benfica at the Jose Alvalade stadium in Lisbon on January 17, 2020. (Photo by PATRICIA DE MELO MOREIRA / AFP) (Photo by PATRICIA DE MELO MOREIRA/AFP via Getty Images)

photo-gettyimages

photo-gettimages

မန်ယူအသင်းဟာ စပို့တင်းကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်အတွက် ပေါင် ၄၇ သန်းနဲ့ သဘောတူညီမှုရရှိသွားပြီလို့ သိရပါတယ်။ ဒါပေမဲ့ အဲဒါက ကနဦးပြောင်းရွှေ့ကြေးသာဖြစ်ပြီး စွမ်းဆောင်မှုအလိုက်ထပ်ဆောင်းပေးရမှာတွေကိုပါ ထည့်တွက်လိုက်မယ်ဆိုရင် အဲဒီပေါ်တူဂီသားအတွက် မန်ယူကုန်ကျမှာက ပေါင် ၆၇.၈ သန်းအထိ ရှိသွားနိုင်ပါတယ်။ မန်ယူနဲ့စပို့တင်းအသင်းတို့ဟာ ဇန်နဝါရီအပြောင်းအရွှေ့မပိတ်ခင်မှာ ဖာနန်ဒက်စ်အပြောင်းအရွှေ့ဖြစ်မြောက်ရေးအတွက် ဆွေးနွေးမှုတွေ အကြိတ်အနယ်ပြုလုပ်နေကြတာပါ။

photo-PA Images

ဖာနန်ဒက်စ်ရဲ့ကနဦးပြောင်းရွှေ့ကြေးအတိအကျက ပေါင် ၄၆.၆ သန်းဖြစ်ပြီး မန်ယူအတွက် သူ့ရဲ့ပွဲအရေအတွက်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှုတို့မှာ အခြေခံပြီး နောက်ထပ် ပေါင် ၈.၅ သန်းထပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မန်ယူဟာ ကစားသမားရဲ့တခြားစွမ်းဆောင်ရည်တွေအတွက်လည်း စပို့တင်းကို ပေါင် ၁၂.၇ သန်းအထိ ထပ်ပေးရနိုင်ပါတယ်။

photo-PA Images

ဖာနန်ဒက်စ်ဟာ မန်ယူနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေကိုတော့ သဘောတူညီမှုမရသေးပါဘူး။ အသက် ၂၅ နှစ်အရွယ် အဲဒီကွင်းလယ်လူဟာ ပေါ်တူဂီမှာ ဆက်ရှိနေဆဲဖြစ်ပြီး လာမယ့်ကြာသပတေးနေ့ ဆေးစစ်ဖို့ မန်ချက်စတာကို သွားရောက်ရေးအတွက် လေယဉ်ကို အသင့်ပြင်ထားပါတယ်။

[Zawgyi]

ဖာနန္ဒက္စ္အတြက္ ေပါင္ ၄၇ သန္းနီးပါးနဲ႔ သေဘာတူညီမႈရသြားတဲ့ မန္ယူ

မန္ယူအသင္းဟာ စပို႔တင္းကြင္းလယ္လူဘရူႏိုဖာနန္ဒက္္စ္အတြက္ ေပါင္ ၄၇ သန္းနဲ႔ သေဘာတူညီမႈရရွိသြားၿပီလုိ႔ သိရပါတယ္။ ဒါေပမဲ့ အဲဒါက ကနဦးေျပာင္းေရႊ႕ေၾကးသာျဖစ္ၿပီး စြမ္းေဆာင္မႈအလုိက္ထပ္ေဆာင္းေပးရမွာေတြကိုပါ ထည့္တြက္လိုက္မယ္ဆုိရင္ အဲဒီေပၚတူဂီသားအတြက္ မန္ယူကုန္က်မွာက ေပါင္ ၆၇.၈ သန္းအထိ ရွိသြားႏိုင္ပါတယ္။ မန္ယူနဲ႔စပို႔တင္းအသင္းတုိ႔ဟာ ဇန္န၀ါရီအေျပာင္းအေရႊ႕မပိတ္ခင္မွာ ဖာနန္ဒက္စ္အေျပာင္းအေရႊ႕ျဖစ္ေျမာက္ေရးအတြက္ ေဆြးေႏြးမႈေတြ အႀကိတ္အနယ္ျပဳလုပ္ေနၾကတာပါ။

ဖာနန္ဒက္စ္ရဲ႕ကနဦးေျပာင္းေရႊ႕ေၾကးအတိအက်က ေပါင္ ၄၆.၆ သန္းျဖစ္ၿပီး မန္ယူအတြက္ သူ႔ရဲ႕ပြဲအေရအတြက္နဲ႔ ခ်န္ပီယံလိဂ္၀င္ခြင့္ရရွိမႈတို႔မွာ အေျခခံၿပီး ေနာက္ထပ္ ေပါင္ ၈.၅ သန္းထပ္ေပးရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ မန္ယူဟာ ကစားသမားရဲ႕တျခားစြမး္ေဆာင္ရည္ေတြအတြက္လည္း စပို႔တင္းကို ေပါင္ ၁၂.၇ သန္းအထိ ထပ္ေပးရႏိုင္ပါတယ္။

ဖာနန္ဒက္စ္ဟာ မန္ယူနဲ႔ ၅ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒါေပမဲ့ ကစားသမားနဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာအခ်က္အလက္ေတြကိုေတာ့ သေဘာတူညီမႈမရေသးပါဘူး။ အသက္ ၂၅ ႏွစ္အရြယ္ အဲဒီကြင္းလယ္လူဟာ ေပၚတူဂီမွာ ဆက္ရွိေနဆဲျဖစ္ၿပီး လာမယ့္ၾကာသပေတးေန႔ ေဆးစစ္ဖို႔ မန္ခ်က္စတာကို သြားေရာက္ေရးအတြက္ ေလယဥ္ကို အသင့္ျပင္ထားပါတယ္။