ဖာနန်ဒက်စ်အတွက် တစ်ပတ်လစာပေါင် တစ်သိန်းသာပေးရမယ့် မန်ယူ

Photo-Internet
Photo-Internet

မန်ယူအသင်းရဲ့လစာပေးချေမှုစာရင်းကို The Sun သတင်းစာကြီးကဖော်ပြလိုက်ရာမှာ ကွင်းလယ်လူသစ် ဘရူနိုဖာနန်ဒက်စ် ရမယ့်လစာက ဖရက်ဒ်ထက်တောင်နည်းပါးနေတယ်လို့ သိရပါတယ်။ ဖာနန်ဒက်စ်ရော တိုက်စစ်မှူ းသစ် အစ်ဂ်ဟာလိုပါ တစ်ပတ်ကိုပေါင် ၁၀၀၀၀၀ သာရရှိကြမှာဖြစ်ပါတယ်။

စပို့တင်းလစ္စဘွန်းကနေပေါင် ၆၈ သန်းနဲ့ရောက်ရှိလာတဲ့ ဖာနန်ဒက်စ်ကြောင့် မန်ယူရဲ့လစာအသုံးစားရိတ်တိုးလာမယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် သူ့ကိုပေးရတဲ့လစာက ဒီကနေ့အချိန်နဲ့ တွက်ကြည့်ရင်များပြားလှတာတော့မဟုတ်ပါဘူး။ အစ်ဂ်ဟာလိုကိုတော့ မန်ယူကတရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာကနေ ရာသီကုန်ချိန်အထိအငှားခေါ်ယူခဲ့တာဖြစ်ပါတယ်။

Photo-Internet

မန်ယူဟာအသက် ၃၀ ရှိပြီဖြစ်တဲ့ အစ်ဂ်ဟာလိုအတွက်အငှားခေါ်ယူကြေးပေါင် ၃ သန်းပေးရမှာဖြစ်ပေမယ့် လစာကိုတော့ ရှန်ဟိုင်းရှင်ဟွာမှာ သူရနေတဲ့ လစာရဲ့သုံးပုံတစ်ပုံလောက်ကိုသာပေးရမှာပါ။ ဒီနိုင်ဂျီးရီးယားသားဟာ ရှန်ဟိုင်းရှင်ဟွာမှာ တစ်ပတ်ကိုပေါင် ၃ သိန်းရရှိနေသူလည်းဖြစ်ပြီး သူ့ရဲ့ကျန်တဲ့လစာကို အဲဒီတရုတ်ကလပ်က ပေးချေသွားမှာဖြစ်ပါတယ်။

Photo-Internet

သူဟာ ရာသီကုန်ရင် တရုတ်ကိုပြန်သွားရမှာဖြစ်ပြီး အပြီးပြတ်ရောင်းချမယ့် အစီအစဉ်မရှိဘူးလို့လည်း သိရပါတယ်။ The Sun ရဲ့ဖော်ပြမှုအရ မန်ယူမှာလစာအနည်းဆုံးရနေသူက ကွင်းလယ်လူ တွန်မီနေးဖြစ်ပြီး တစ်ပတ်ကိုပေါင် ၁၀၀၀၀ သာရရှိနေတာဖြစ်ပါတယ်။ ဒါဟာ သူတို့ရဲ့တစ်ပတ်အခြေခံလစာဖြစ်ပြီး အခြားဆုကြေးတွေလည်းပါဝင်နေသေးတယ်လို့ သိရပါတယ်။

Photo-Internet

လက်ရှိမှာလစာအများဆုံးရနေသူကတော့ ဂိုးသမားဒီဂီယာဖြစ်ပြီး မန်ယူဟာသူ့ကို တစ်ပတ်ပေါင် ၃၅၀၀၀၀ ပေးချေနေရတာဖြစ်ပါတယ်။ ပေါ့ဂ်ဘာကတော့ တစ်ပတ်ကိုပေါင် ၂၉၀၀၀၀ ရရှိနေပြီး တစ်နှစ်စာတွက်ကြည့်မယ်ဆိုရင်တော့ ပေါင် ၁၅ သန်းရှိပါတယ်။

Photo-Internet

Zawgyi

ဖာနန္ဒက္စ္အတြက္ တစ္ပတ္လစာေပါင္ တစ္သိန္းသာေပးရမယ္႔ မန္ယူ

မန္ယူအသင္းရဲ႕လစာေပးေခ်မႈစာရင္းကို The Sun သတင္းစာႀကီးကေဖာ္ျပလိုက္ရာမွာ ကြင္းလယ္လူသစ္ ဘရူႏိုဖာနန္ဒက္စ္ ရမယ္႔လစာက ဖရက္ဒ္ထက္ေတာင္နည္းပါးေနတယ္လို႔ သိရပါတယ္။ ဖာနန္ဒက္စ္ေရာ တိုက္စစ္မွဴ းသစ္ အစ္ဂ္ဟာလိုပါ တစ္ပတ္ကိုေပါင္ ၁၀၀၀၀၀ သာရရွိၾကမွာျဖစ္ပါတယ္။

စပို႔တင္းလစၥဘြန္းကေနေပါင္ ၆၈ သန္းနဲ႔ေရာက္ရွိလာတဲ႔ ဖာနန္ဒက္စ္ေၾကာင့္ မန္ယူရဲ႕လစာအသုံးစားရိတ္တိုးလာမယ္လို႔ ထင္မွတ္ခဲ့ၾကေပမယ္႔ သူ႔ကိုေပးရတဲ႔လစာက ဒီကေန႔အခ်ိန္နဲ႔ တြက္ၾကည့္ရင္မ်ားျပားလွတာေတာ႔မဟုတ္ပါဘူး။ အစ္ဂ္ဟာလိုကိုေတာ႔ မန္ယူကတရုတ္ကလပ္ ရွန္ဟိုင္းရွင္ဟြာကေန ရာသီကုန္ခ်ိန္အထိအငွားေခၚယူခဲ့တာျဖစ္ပါတယ္။

မန္ယူဟာအသက္ ၃၀ ရွိၿပီျဖစ္တဲ႔ အစ္ဂ္ဟာလိုအတြက္အငွားေခၚယူေၾကးေပါင္ ၃ သန္းေပးရမွာျဖစ္ေပမယ္႔ လစာကိုေတာ႔ ရွန္ဟိုင္းရွင္ဟြာမွာ သူရေနတဲ႔ လစာရဲ႕သုံးပုံတစ္ပုံေလာက္ကိုသာေပးရမွာပါ။ ဒီႏိုင္ဂ်ီးရီးယားသားဟာ ရွန္ဟိုင္းရွင္ဟြာမွာ တစ္ပတ္ကိုေပါင္ ၃ သိန္းရရွိေနသူလည္းျဖစ္ၿပီး သူ႔ရဲ႕က်န္တဲ႔လစာကို အဲဒီတရုတ္ကလပ္က ေပးေခ်သြားမွာျဖစ္ပါတယ္။

သူဟာ ရာသီကုန္ရင္ တရုတ္ကိုျပန္သြားရမွာျဖစ္ၿပီး အၿပီးျပတ္ေရာင္းခ်မယ္႔ အစီအစဥ္မရွိဘူးလို႔လည္း သိရပါတယ္။ The Sun ရဲ႕ေဖာ္ျပမႈအရ မန္ယူမွာလစာအနည္းဆုံးရေနသူက ကြင္းလယ္လူ တြန္မီေနးျဖစ္ၿပီး တစ္ပတ္ကိုေပါင္ ၁၀၀၀၀ သာရရွိေနတာျဖစ္ပါတယ္။ ဒါဟာ သူတို႔ရဲ႕တစ္ပတ္အေျခခံလစာျဖစ္ၿပီး အျခားဆုေၾကးေတြလည္းပါ၀င္ေနေသးတယ္လို႔ သိရပါတယ္။

လက္ရွိမွာလစာအမ်ားဆုံးရေနသူကေတာ႔ ဂိုးသမားဒီဂီယာျဖစ္ၿပီး မန္ယူဟာသူ႔ကို တစ္ပတ္ေပါင္ ၃၅၀၀၀၀ ေပးေခ်ေနရတာျဖစ္ပါတယ္။ ေပါ့ဂ္ဘာကေတာ႔ တစ္ပတ္ကိုေပါင္ ၂၉၀၀၀၀ ရရွိေနၿပီး တစ္ႏွစ္စာတြက္ၾကည့္မယ္ဆိုရင္ေတာ႔ ေပါင္ ၁၅ သန္းရွိပါတယ္။