ဖာနန်ဒက်စ်ရဲ့အသင်းဟောင်းက လူငယ်ကစားသမားကို မန်ယူချဥ်းကပ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းဟာ ပေါ်တူဂီကလပ် စပို့တင်လစ္စဘွန်းရဲ့ လူငယ်တောင်ပံကစားသမားဖြစ်တဲ့ ပက်ဒရိုဂွန်ကာလ် ဗက်စ် ကိုခေါ်ယူဖို့ ချဥ်းကပ်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စပို့တင်းဟာ လက်ရှိမန်ယူမှာခြေစွမ်းပြနေတဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့အသင်းဟောင်းလည်းဖြစ်ပြီး ဖာနန်ဒက်စ် ကိုခေါ်ပြီးတစ်နှစ်အကြာမှာ စပို့တင်းကစား သမားနောက်တစ်ယောက်ကို မန်ယူကပစ်မှတ်ထားလာတာလည်းဖြစ်ပါတယ်။

ဂွန်ကာလ်ဗက်စ်ဟာ အသက် ၂၂ နှစ်သာရှိသေးသူဖြစ်ပြီး အင်္ဂလိပ်ကလပ် ဝုဗ်အသင်းရဲ့ကစားသမားဟောင်းလည်းဖြစ်ပါတယ်။ သူဟာပြီးခဲ့ တဲ့နွေရာသီကမှ ဖန်မလီကာအိုအသင်းကနေပေါင်၅.၈၅ သန်းနဲ့ စပို့တင်းလစ္စဘွန်းဆီပြောင်းလာပေမယ့် အချိန်တိုအတွင်းမှာ ခြေစွမ်းပြခဲ့ပြီးလက်ရှိမှာ ၁၂ ဂိုးသွင်းယူကာ ပေါ်တူဂီလိဂ်ရဲ့ဂိုးသွင်းအများဆုံးသူအဖြစ်လည်း ရပ်တည်နေသူဖြစ်ပါတယ်။

သူဟာ လက်ရှိမှာစပို့တင်းအတွက် ၁၈ ပွဲသာပါဝင်ကစားရသေးပေမယ့် မထင်မှတ်ထားအောင်ကို ခြေစွမ်းပြနေ ပြီး ပြိုင်ပွဲအရပ်ရပ်မှာ ၁၅ ဂိုးအထိပါဝင်ပတ်သက်ပေးထားပါတယ်။ ညာတောင်ပံကစားသမားဖြစ်တဲ့ ဂွန် ကာလ်ဗက်စ် ကိုပေါ်တူဂီမှာ ပိုတီအဖြစ်လူသိများပါတယ်။ လက်ရှိမှာ စပို့တင်းလစ္စဘွန်းအသင်း အမှတ်ပေး ဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့နေရာမှာ ပိုတီရဲ့ ခြေစွမ်းကအများကြီးအရေးပါခဲ့ပါတယ်။

မန်ယူဟာ ဒေါ့မန် တောင်ပံကစားသမား ဆန်ချိုကိုခေါ်ယူဖို့ ကြိုးစားမှုမအောင်မြင်ခဲ့တဲ့အပြင် သူ့တန်ကြေးကလည်းပေါင်သန်း ၁၀၀ လောက်ရှိတဲ့အတွက် အခက်တွေ့ခဲ့ရပါတယ်။ ဂွန်ကာလ်ဗက်စ်ရဲ့စာချုပ်တန်ကြေးကတော့ ပေါင် ၅၃ သန်းသာရှိပေမယ့် စာချုပ်သက်တမ်းက ၂၀၂၅ အထိဖြစ်လို့ တကယ်သာကမ်းလှမ်းမယ်ဆိုရင် ခက်ခဲစွာဆွေး နွေးရဖွယ်ရှိနေလို့ စပို့တင်းက အသာစီးရမယ့် အခြေအနေဖြစ်ပါတယ်။

ဒါပေမယ့် စပို့တင်းနဲ့ မန်ယူအကြားမှာ ဆက်ဆံရေးပြေလည်တဲ့အတွက် စာချုပ်တန်ကြေးအတိုင်းသာ ကမ်း လှမ်းမယ်ဆိုရင်ဖြစ်နိုင်ခြေရှိနေပါတယ်။ လက်ရှိမှာတော့ မန်ယူဟာ ဂွန်ကာလ်ဗက်စ်အတွက် ကနဦးချဥ်းကပ် မှုသာရှိသေးတာဖြစ်ပါတယ်။ ပေါ်တူဂီ သတင်းတွေအရ စပို့တင်းဟာ ဂွန်ကာလ်ဗက်စ်ကိုအသင်းမှာနောက် ထပ်တစ်ရာသီဆက်ထားဖို့ ရှိနေတယ်လို့လည်း ဖော်ပြနေကြပါတယ်။

စပို့တင်းဟာ မန်ယူတိုက်စစ်မှူးဟောင်း စီရော်နယ်ဒိုရဲ့ အသင်းဟောင်းလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဖာနန္ဒက္စ္ရဲ႕အသင္းေဟာင္းက လူငယ္ကစားသမားကို မန္ယူခ်ဥ္းကပ္

မန္ယူအသင္းဟာ ေပၚတူဂီကလပ္ စပို႔တင္လစၥဘြန္းရဲ႕ လူငယ္ေတာင္ပံကစားသမားျဖစ္တဲ့ ပက္ဒ႐ိုဂြန္ကာလ္ ဗက္စ္ ကိုေခၚယူဖို႔ ခ်ဥ္းကပ္မႈေတြျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ စပို႔တင္းဟာ လက္ရွိမန္ယူမွာေျခစြမ္းျပေန တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕အသင္းေဟာင္းလည္းျဖစ္ၿပီး ဖာနန္ဒက္စ္ ကိုေခၚၿပီးတစ္ႏွစ္အၾကာမွာ စပို႔တင္းကစား သမားေနာက္တစ္ေယာက္ကို မန္ယူကပစ္မွတ္ထားလာတာလည္းျဖစ္ပါတယ္။

ဂြန္ကာလ္ဗက္စ္ဟာ အသက္ ၂၂ ႏွစ္သာရွိေသးသူျဖစ္ၿပီး အဂၤလိပ္ကလပ္ ဝုဗ္အသင္းရဲ႕ကစားသမားေဟာင္းလည္းျဖစ္ပါတယ္။ သူဟာၿပီးခဲ့ တဲ့ေႏြရာသီကမွ ဖန္မလီကာအိုအသင္းကေနေပါင္၅.၈၅ သန္းနဲ႔ စပို႔တင္းလစၥဘြန္းဆီေျပာင္းလာေပမယ့္ အ ခ်ိန္တိုအတြင္းမွာ ေျခစြမ္းျပခဲ့ၿပီးလက္ရွိမွာ ၁၂ ဂိုးသြင္းယူကာ ေပၚတူဂီလိဂ္ရဲ႕ဂိုးသြင္းအမ်ားဆုံးသူအျဖစ္လည္း ရပ္တည္ေနသူျဖစ္ပါတယ္။ သူဟာ လက္ရွိမွာစပို႔တင္းအတြက္ ၁၈ ပြဲသာပါဝင္ကစားရေသးေပမယ့္ မထင္မွတ္ထားေအာင္ကို ေျခစြမ္းျပေန ၿပီး ၿပိဳင္ပြဲအရပ္ရပ္မွာ ၁၅ ဂိုးအထိပါဝင္ပတ္သက္ေပးထားပါတယ္။ ညာေတာင္ပံကစားသမားျဖစ္တဲ့ ဂြန္ ကာလ္ဗက္စ္ ကိုေပၚတူဂီမွာ ပိုတီအျဖစ္လူသိမ်ားပါတယ္။

လက္ရွိမွာ စပို႔တင္းလစၥဘြန္းအသင္း အမွတ္ေပး ဇယားထိပ္ဆုံးမွာ ရပ္တည္ေနတဲ့ေနရာမွာ ပိုတီရဲ႕ ေျခစြမ္းကအမ်ားႀကီးအေရးပါခဲ့ပါတယ္။ မန္ယူဟာ ေဒါ့မန္ ေတာင္ပံကစားသမား ဆန္ခ်ိဳကိုေခၚယူဖို႔ ႀကိဳးစားမႈမေအာင္ျမင္ခဲ့တဲ့အျပင္ သူ႔တန္ေၾကးကလည္းေပါင္သန္း ၁၀၀ ေလာက္ရွိတဲ့အတြက္ အခက္ေတြ႕ခဲ့ရပါတယ္။ ဂြန္ကာလ္ဗက္စ္ရဲ႕စာခ်ဳပ္တန္ေၾကးကေတာ့ ေပါင္ ၅၃ သန္းသာရွိေပမယ့္ စာခ်ဳပ္သက္တမ္းက ၂၀၂၅ အထိျဖစ္လို႔ တကယ္သာကမ္းလွမ္းမယ္ဆိုရင္ ခက္ခဲစြာေဆြး ေႏြးရဖြယ္ရွိေနလို႔ စပို႔တင္းက အသာစီးရမယ့္ အေျခအေနျဖစ္ပါတယ္။

ဒါေပမယ့္ စပို႔တင္းနဲ႔ မန္ယူအၾကားမွာ ဆက္ဆံေရးေျပလည္တဲ့အတြက္ စာခ်ဳပ္တန္ေၾကးအတိုင္းသာ ကမ္း လွမ္းမယ္ဆိုရင္ျဖစ္ႏိုင္ေျခရွိေနပါတယ္။ လက္ရွိမွာေတာ့ မန္ယူဟာ ဂြန္ကာလ္ဗက္စ္အတြက္ ကနဦးခ်ဥ္းကပ္ မႈသာရွိေသးတာျဖစ္ပါတယ္။ ေပၚတူဂီ သတင္းေတြအရ စပို႔တင္းဟာ ဂြန္ကာလ္ဗက္စ္ကိုအသင္းမွာေနာက္ ထပ္တစ္ရာသီဆက္ထားဖို႔ ရွိေနတယ္လို႔လည္း ေဖာ္ျပေနၾကပါတယ္။ စပို႔တင္းဟာ မန္ယူတိုက္စစ္မႉးေဟာင္း စီေရာ္နယ္ဒိုရဲ႕ အသင္းေဟာင္းလည္းျဖစ္ပါတယ္။