ဖာနန်ဒက်စ်ရဲ့တာဝန်ရှိသူတွေနဲ့ လန်ဒန်မှာ အပြောင်းအရွှေ့အတွက် ဆွေးနွေးခဲ့တဲ့ ယူနိုက်တက်


ယူနိုက်တက်အသင်းဟာ စပို့တင်းကွင်းလယ်လူ ဖာနန်ဒက်စ်ကို ပေါင် ၅၅ သန်းနဲ့ ခေါ်ယူဖို့အတွက် ပြန်လည်စတင်လာခဲ့ပါတယ်။ ကစားသမားရဲ့အေးဂျင့်ဖြစ်သူ နဲ့ စပို့တင်းဥက္ကဌ ဖက်ဒရီကိုတို့ဟာ သောကြာနေ့မနက်က လန်ဒန်မှာ ယူနိုက်တက်အမှုဆောင် ဝုဒ်ဝ့ါ ၊ မက်တ်ဂျတ်တို့နဲ့ တွေ့ဆုံပြီး ကစားသမားအပြောင်းအရွှေ့အတွက် ဆွေးနွေးခဲ့ပါတယ်။
ယူနိုက်တက်ဟာ မူလက တိုက်စစ်ပိုင်းအားဖြည့်ဖို့ စီစဉ်ခဲ့ပေမယ့် တိုမိနေးကော ပေါ့ဂ်ဘာပါ ဒဏ်ရာရရှိခဲ့တာကြောင့် နွေရာသီက ခေါ်ယူဖို့ လွဲချော်ခဲ့တဲ့ ဖာနန်ဒက်စ်ကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ အမှန်တကယ်မှာ စပါးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ဖာနန်ဒက်စ်ကိုခေါ်ယူဖို့ နီးစပ်ခဲ့ပေမယ့် စပို့တင်းနဲ့ အပြောင်းအရွှေ့ညှိမရတာကြောင့် ပျက်ပြယ်ခဲ့ရပါတယ်။


ယူနိုက်တက်နည်းပြ ဆိုးလ်ရှား နဲ့ လက်ထောက် မိုက်ဖီလန်တို့ဟာ တနင်္ဂနွေနေ့က ပေါ်တိုအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဖာနန်ဒက်စ်ရဲ့အခြေအနေကို သွားရောက်စောင့်ကြည့်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ဒီရာသီစပို့တင်းအတွက် ၁၂ ဂိုးအထိ သွင်းယူထားပြီး ပေါ်တူဂီလိဂ်ရဲ့အကောင်းဆုံးကွင်းလယ်ကစားသမားအဖြစ် သတ်မှတ်ခြင်းခံထားရတာ ဖြစ်ပါတယ်။

ာကြာနေ့က သတင်းထောက်တွေက ဖာနန်ဒက်စ်အပြောင်းအရွှေ့နဲ့ပတ်သတ်ပြီး ဆိုးလ်ရှားကို မေးမြန်းရာမှာ “ချိတ်ဆက်နေတာတွေက အများကြီးပါ။ လက်ရှိအချိန်မှာ အခြားအသင်းကစားသမားအကြောင်း ပြောလို့မကောင်းပါဘူး”လို့ ဆိုခဲ့ပါတယ်။ စပို့တင်းနည်းပြကတော့ “ဖာနန်ဒက်စ်မရှိတဲ့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ အပြောင်းအရွှေ့အမှန်တကယ်မဖြစ်လာဖို့ မျှော်လင့်ပါတယ်။ အကောင်းဆုံးကစားသမားတစ်ဦးကို ဆက်ထိန်းဖို့ဆိုတာ မလွယ်ကူပါဘူး”လို့ ဝန်ခံပြောကြားခဲ့ပါတယ်။


ယူနိုက်တက်ဟာ စပို့တင်းကွင်းလယ်လူအပြင် အေဂျက်စ်ကွင်းလယ်လူ ဗန်ဒီဘိခ်ကိုလည်း ခေါ်ယူဖို့ ချိတ်ဆက်နေတာ ဖြစ်ပါတယ်။ ပေါ်တူဂီကလာတဲ့သတင်းတွေအရ ယူနိုက်တက်နောက်ခံလူ ရိုဟိုဟာ ဖာနန်ဒက်စ်ရဲ့အပြောင်းအရွှေ့မှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်မှာ မဟုတ်ဘူးလို့ ဖော်ပြခဲ့ကြပါတယ်။
နည်းပြ ဆိုးလ်ရှားကတော့ နောဝစ်ချ်နဲ့ပွဲမှာ ပြန်လည်ပါဝင်ကစားနိုင်မယ့် နောက်ခံလူ မက်ဂွါရီကို ချီးကျူုးခဲ့ပါတယ်။ “သူ့အတွက် မအံ့သြမိပါဘူး။ သူဟာ စစ်သည်တစ်ဦးပါ။ မနက်ဖြန်မှာ သူပြန်ပါလာနိုင်ပါတယ်”လို့ ဆိုးလ်ရှားက ပြောပါတယ်။


ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက သူ့ရဲ့အသင်းဟာ တိုးတက်မှုတွေလိုအပ်နေသေးတယ်ဆိုတာကို စီးတီးကိုအရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဝန်ခံပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နော်ဝေးသားဟာ သူ့ရဲ့ကစားသမားတွေကို လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်ဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။