ဖာနန်ဒက်စ်ခြေရာနင်းမယ့် စပို့တင်းက ပေါ်တူဂီတောင်ပံတိုက်စစ်မှုးကို မန်ယူခေါ်ယူရန်ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပို့တင်းလစ္စဘွန်းအသင်းကပြောင်းလာတဲ့ ပေါ်တူဂီသားတွေနဲ့ ကံစပ်တဲ့ ယူနိုက်တက်အသင်းဟာ အခုတစ်ခါမှာလည်း တောင်ပံကစားသမား ပီဒရိုဂွန်ကယ်ဗက်စ်ကို ပေါင်၅၁သန်း ပေးပြီး ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဒီပြောင်းရွှေ့ကြေးဟာ ဂြန်ကယ်ဗက်စ်ရဲ့ စပို့တင်းအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါလျော်ကြေးငွေလည်း ဖြစ်ပါတယ်။

Telegraph သတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အနေနဲ့ ဒေါ့မန်က ဈေးကိုင်နေတဲ့ ဆန်ချိုထက် ဂွန်ကယ်ဗက်စ်ကိုပိုပြီး အရခေါ်နိုင်ဖို့ ပြင်ဆင်နေတာပါ။ သူဟာ လက်ရှိ ပေါ်တူဂီပရီးမီးယားလိဂ်မှာ စပို့တင်းအတွက် ၂၁ပွဲမှာ ၁၅ဂိုး သွင်းယူထားတဲ့သူဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေးကလည်း ဆန်ချိုရဲ့ဈေးတစ်ဝက်သာပေးရမှာ ဖြစ်တဲ့အတွက် ပိုပြီး အဆင်ပြေနိုင်ဖို့ရှိနေတာပါ။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေရာသီဈေးကွက်မှာ ဆန်ချိုကိုခေါ်ယူဖို့ ပေါင် ၁၀၈ သန်း ဈေးနဲ့ ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့ရတာပါ။ အသက်အရွယ်အရလည်း ၂၂နှစ်သာ ရှိသေးတဲ့အတွက် ဆန်ချိုနဲ့ သိပ်မကွာသလို ဒီအာလိုကိုခေါ်ယူထားပြီးဖြစ်တဲ့အတွက် တောင်ပံတိုက်စစ်နေရာမှာ ဆန်ချိုကို ထပ်ပြီးခေါ်ယူဖို့ မသေချာတော့တာပါ။

ဂွန်ကယ်ဗက်စ်ဟာ ဝုလ်ဗာဟမ်တန်အသင်းမှာ ၂၀၁၇ ကနေ ၂၀၁၉ အထိကစားပေးသွားခဲ့ဖူးပြီး စပို့တင်းကိုမရောက်ခင် ဖန်မလီကာအိုအသင်းမှာ ကစားခဲ့သေးတာပါ။ ယူနိုက်တက်ကို ဘရူနိုဖာနန်ဒက်စ်ပြောင်းရွှေ့သွားပြီး သူ့နေရာမှာ အစားထိုးဖို့ခေါ်ခဲ့တဲ့ ဂွန်ကယ်ဗက်စ်ဟာ အခုချိန်မှာတော့ စပို့တင်းရဲ့ အဓိကကစားသမားတစ်ဦး ဖြစ်နေပါပြီ။ ဒါကြောင့်သူ့ကို ယူနိုက်တက်ရောက်ခဲ့ရင်လည်း ဖာနန်ဒက်စ်ရဲ့ခြေရာနင်းနိုင်မယ့်သူအဖြစ် တစ်ပေးနေကြတာပါ။

ယူနိုက်တက်အနေနဲ့ အရင်တုန်းက စီရော်နယ်ဒို၊ နာနီနဲ့ ဘရူနိုဖာနန်ဒက်စ်တို့လို အသင်းအတွက် ခြေစွမ်းပြနိုင်တဲ့သူတွေကို စပို့တင်းကနေ ခေါ်ယူနိုင်ခဲ့တဲ့ အစဉ်အလာရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမပြောင်းအရွှေ့ဈေးကွက်မှာ အသင်းကခေါ်ယူချင်တဲ့ ဦးစားပေးပစ်မှတ် နာမည်ကြီးကစားသမားတွေကို မခေါ်နိုင်ခဲ့တာဟာ အသင်းမှာ ဘောလုံအကြောင်းသေချာသိတဲ့ အားကစားဒါရိုက်တာ မရှိလို့ဖြစ်တာဆိုတဲ့ ဝေဖန်မှုတွေကြောင့် အခုချိန်မှာ ဂျွန်မာတော့ချ် ကို ခန့်အပ်ထားခဲ့ပါပြီ။

ဒါကြောင့် လာမယ့်အပြောင်းအရွှေ့မှာ ယူနိုက်တက်ရဲ့ ကစားသမားအပြောင်းအရွှေ့တွေကို စောင့်ကြည့်ရဖို့ရှိနေပြီး အားကစားဒါရိုက်တာအသစ်လက်ထက် ပထမဆုံးခေါ်ယူမယ့် ဘောလုံးသမားက ဘယ်သူဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စပို႔တင္းလစၥဘြန္းအသင္းကေျပာင္းလာတဲ့ ေပၚတူဂီသားေတြနဲ႔ ကံစပ္တဲ့ ယူႏိုက္တက္အသင္းဟာ အခုတစ္ခါမွာလည္း ေတာင္ပံကစားသမား ပီဒ႐ိုဂြန္ကယ္ဗက္စ္ကို ေပါင္၅၁သန္း ေပးၿပီး ေခၚယူႏိုင္ဖို႔ ျပင္ဆင္ေနပါတယ္။ ဒီေျပာင္းေ႐ႊ႕ေၾကးဟာ ျဂန္ကယ္ဗက္စ္ရဲ႕ စပို႔တင္းအသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ပါေလ်ာ္ေၾကးေငြလည္း ျဖစ္ပါတယ္။

Telegraph သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ ယူႏိုက္တက္အေနနဲ႔ ေဒါ့မန္က ေဈးကိုင္ေနတဲ့ ဆန္ခ်ိဳထက္ ဂြန္ကယ္ဗက္စ္ကိုပိုၿပီး အရေခၚႏိုင္ဖို႔ ျပင္ဆင္ေနတာပါ။ သူဟာ လက္ရွိ ေပၚတူဂီပရီးမီးယားလိဂ္မွာ စပို႔တင္းအတြက္ ၂၁ပြဲမွာ ၁၅ဂိုး သြင္းယူထားတဲ့သူျဖစ္ၿပီး စာခ်ဳပ္ဖ်က္သိမ္းေၾကးကလည္း ဆန္ခ်ိဳရဲ႕ေဈးတစ္ဝက္သာေပးရမွာ ျဖစ္တဲ့အတြက္ ပိုၿပီး အဆင္ေျပႏိုင္ဖို႔ရွိေနတာပါ။

ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ ေႏြရာသီေဈးကြက္မွာ ဆန္ခ်ိဳကိုေခၚယူဖို႔ ေပါင္၁၀၈သန္း ေဈးနဲ႔ ညႇိႏႈိင္းခဲ့ေပမယ့္ အဆင္မေျပျဖစ္ခဲ့ရတာပါ။ အသက္အ႐ြယ္အရလည္း ၂၂ႏွစ္သာ ရွိေသးတဲ့အတြက္ ဆန္ခ်ိဳနဲ႔ သိပ္မကြာသလို ဒီအာလိုကိုေခၚယူထားၿပီးျဖစ္တဲ့အတြက္ ေတာင္ပံတိုက္စစ္ေနရာမွာ ဆန္ခ်ိဳကို ထပ္ၿပီးေခၚယူဖို႔ မေသခ်ာေတာ့တာပါ။

ဂြန္ကယ္ဗက္စ္ဟာ ဝုလ္ဗာဟမ္တန္အသင္းမွာ ၂၀၁၇ ကေန ၂၀၁၉ အထိကစားေပးသြားခဲ့ဖူးၿပီး စပို႔တင္းကိုမေရာက္ခင္ ဖန္မလီကာအိုအသင္းမွာ ကစားခဲ့ေသးတာပါ။ ယူႏိုက္တက္ကို ဘ႐ူႏိုဖာနန္ဒက္စ္ေျပာင္းေ႐ႊ႕သြားၿပီး သူ႔ေနရာမွာ အစားထိုးဖို႔ေခၚခဲ့တဲ့ ဂြန္ကယ္ဗက္စ္ဟာ အခုခ်ိန္မွာေတာ့ စပို႔တင္းရဲ႕ အဓိကကစားသမားတစ္ဦး ျဖစ္ေနပါၿပီ။ ဒါေၾကာင့္သူ႔ကို ယူႏိုက္တက္ေရာက္ခဲ့ရင္လည္း ဖာနန္ဒက္စ္ရဲ႕ေျခရာနင္းႏိုင္မယ့္သူအျဖစ္ တစ္ေပးေနၾကတာပါ။

ယူႏိုက္တက္အေနနဲ႔ အရင္တုန္းက စီေရာ္နယ္ဒို၊ နာနီနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္တို႔လို အသင္းအတြက္ ေျခစြမ္းျပႏိုင္တဲ့သူေတြကို စပို႔တင္းကေန ေခၚယူႏိုင္ခဲ့တဲ့ အစဥ္အလာရွိခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေႏြရာသီမေျပာင္းအေ႐ႊ႕ေဈးကြက္မွာ အသင္းကေခၚယူခ်င္တဲ့ ဦးစားေပးပစ္မွတ္ နာမည္ႀကီးကစားသမားေတြကို မေခၚႏိုင္ခဲ့တာဟာ အသင္းမွာ ေဘာလုံအေၾကာင္းေသခ်ာသိတဲ့ အားကစားဒါ႐ိုက္တာ မရွိလို႔ျဖစ္တာဆိုတဲ့ ေဝဖန္မႈေတြေၾကာင့္ အခုခ်ိန္မွာ ဂြၽန္မာေတာ့ခ်္ ကို ခန႔္အပ္ထားခဲ့ပါၿပီ။

ဒါေၾကာင့္ လာမယ့္အေျပာင္းအေ႐ႊ႕မွာ ယူႏိုက္တက္ရဲ႕ ကစားသမားအေျပာင္းအေ႐ႊ႕ေတြကို ေစာင့္ၾကည့္ရဖို႔ရွိေနၿပီး အားကစားဒါ႐ိုက္တာအသစ္လက္ထက္ ပထမဆုံးေခၚယူမယ့္ ေဘာလုံးသမားက ဘယ္သူျဖစ္မလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။