ဖာနန်ဒက်စ်က အသင်းဖော်တွေကိုပါ ခြေစွမ်းတိုးတက်လာစေတယ်လို့ ဖာဒီနန် ချီးကျူး

Photo Credit

Photo Credit

ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ယူနိုက်တက်ကို အေးမြလန်းဆန်းတဲ့ဝန်းကျင်သစ်တစ်ခု ဖန်တီးပေးပြီး အသင်းဖော်တွေကိုပါ ပိုကောင်းတဲ့ကစားသမားတွေအဖြစ် တိုးတက်စေကြောင်း ယူနိုက်တက်ဂန္ထဝင်နောက်ခံလူ ရီယိုဖာဒီနန်က ချီးကျူးလိုက်ပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ်ကို ဇန်နဝါရီလမှာ ယူရို ၅၅သန်းနဲ့ စပို့တင်းလစ္စဘွန်းကနေ ခေါ်ယူခဲ့ပြီး နည်းပြဆိုးလ်ရှားက လက်ရှိအချိန်မှာ ရင်ဆိုင်နေရတဲ့ကွင်းလယ်တိုက်စစ်ပိုင်းပြဿနာကို ဖာနန်ဒက်စ်ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်။

Photo Credit

ဖာနန်ဒက်စ်ကလည်း မျှော်လင့်ထားသလို ချက်ချင်းအထိုင်ကျခြေစွမ်းပြနေပြီး ဝက်ဖို့ဒ်ကို ၃-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းသစ်အတွက် ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့သလို ဘရုဂျက်ကို ဂိုးပြတ်အနိုင်ရတဲ့ပွဲ၊ အဲဗာတန်နဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲတွေမှာလည်း ဂိုးတွေ ဆက်တိုက်သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit

”ဖာနန်ဒက်စ် ရောက်လာတော့ ယူနိုက်တက်မှာ လေကောင်းလေသန့်တွေဖြစ်ပေါ်လာပါတယ်။ သူဟာ ဘောလုံးကစားရတာကိုပဲ ပျော်ရွှင်နေတဲ့ကစားသမားမျိုးဖြစ်ပြီး ကိုယ်တိုင်လည်း ခြေစွမ်းပြနိုင်သလို အသင်းဖော်တွေကိုလည်း ခြေစွမ်းပိုထက်လာအောင် တွန်းအးာပေးနိုင်စွမ်းရှိပါတယ်။ သူ ရောက်လာပြီးနောက် တခြားကစားသမားတွေရဲ့စွမ်းဆောင်ရည်လည်း တိုးတက်လာတာ မြင်တွေ့နေရပါတယ်”

Photo Credit

”အဲဒီထဲမှာ မာတာလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ဖာနန်ဒက်စ်နဲ့ မာတာတို့က တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းချိတ်ဆက်ကစားနိုင်ပါတယ်။ အခုက အစောကြီးရှိသေးလို့ သူက အသင်းရဲ့ကယ်တင်ရှင်လို့ မပြောနိုင်သေးပေမယ့် အသင်းရဲ့ခြေစွမ်း တိုးတက်လာတာတော့ အမှန်ပါပဲ”

Photo Credit

”သူက ပင်နယ်တီကနေ ၂ဂိုး သွင်းယူနိုင်ခဲ့တာမှန်ပေမယ့် ပိုအရေးကြီးတာက သူ့ရဲ့စွမ်းဆောင်ရည်ရယ်၊ ပူပင်ကြောင့်ကြမဲ့တဲ့ကစားဟန်ရယ်၊ စိတ်ကူးစိတ်သန်းတွေရယ်ဖြစ်ပါတယ်။ ဘရုဂျက်နဲ့ပွဲမှာ အစ်ဂ်ဟာလို ဂိုးသွင်းနိုင်ဖို့အတွက် မာတာ ဖန်တီးပေးခဲ့ပြီး မာတာဆီ ဖာနန်ဒက်စ် အသာလေးခုတ်တင်ပေးလိုက်တာက အံ့အားသင့်စရာကောင်းတဲ့ပေးပို့မှုပါ”လို့ ဖာဒီနန်က ချီးကျူးခဲ့ပါတယ်။

Photo Credit

ဖာနန်ဒက်စ် ရောက်လာပြီးနောက် ယူနိုက်တက်ရဲ့ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ပိုမိုရှင်သန်လာပြီး အဲဗာတန်နဲ့ ၁-၁ ဂိုးသရေကျခဲ့ပေမယ့် အဆင့် ၄နေရာက ချဲလ်ဆီးနဲ့ ၃ မှတ်အကွာမှာ ရပ်တည်နေပါတယ်။

Photo Credit

Zawgyi

ဖာနန္ဒက္စ္က အသင္းေဖာ္ေတြကိုပါ ေျခစြမ္းတုိးတက္လာေစတယ္လုိ႔ ဖာဒီနန္ ခ်ီးက်ဴး

ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္က ယူႏိုက္တက္ကို ေအးျမလန္းဆန္းတဲ့၀န္းက်င္သစ္တစ္ခု ဖန္တီးေပးၿပီး အသင္းေဖာ္ေတြကိုပါ ပိုေကာင္းတဲ့ကစားသမားေတြအျဖစ္ တုိးတက္ေစေၾကာင္း ယူႏုိက္တက္ဂႏၳ၀င္ေနာက္ခံလူ ရီယိုဖာဒီနန္က ခ်ီးက်ဴးလုိက္ပါတယ္။
ယူႏုိက္တက္ဟာ ၿပီးခဲ့တဲ့ေႏြရာသီကတည္းက ေခၚယူဖို႔ ႀကိဳးစားခ့ဲ့တဲ့ ေပၚတူဂီလက္ေရြးစင္ ဖာနန္ဒက္စ္ကို ဇန္န၀ါရီလမွာ ယူ႐ို ၅၅သန္းနဲ႔ စပို႔တင္းလစၥဘြန္းကေန ေခၚယူခဲ့ၿပီး နည္းျပဆုိးလ္ရွားက လက္ရွိအခ်ိန္မွာ ရင္ဆုိင္ေနရတဲ့ကြင္းလယ္တုိက္စစ္ပိုင္းျပႆနာကို ဖာနန္ဒက္စ္ေျဖရွင္းေပးႏိုင္လိမ့္မယ္လုိ႔ ယုံၾကည္ခဲ့ပါတယ္။
ဖာနန္ဒက္စ္ကလည္း ေမွ်ာ္လင့္ထားသလုိ ခ်က္ခ်င္းအထုိင္က်ေျခစြမ္းျပေနၿပီး ၀က္ဖို႔ဒ္ကို ၃-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပဲြမွာ အသင္းသစ္အတြက္ ပထမဆုံးဂိုးသြင္းယူႏုိင္ခဲ့သလို ဘ႐ုဂ်က္ကို ဂိုးျပတ္အႏိုင္ရတဲ့ပြဲ၊ အဲဗာတန္နဲ႔ ၁-၁ ဂိုးသေရက်ခဲ့တဲ့ပြဲေတြမွာလည္း ဂိုးေတြ ဆက္တုိက္သြင္းယူႏိုင္ခဲ့ပါတယ္။
”ဖာနန္ဒက္စ္ ေရာက္လာေတာ့ ယူႏုိက္တက္မွာ ေလေကာင္းေလသန္႔ေတြျဖစ္ေပၚလာပါတယ္။ သူဟာ ေဘာလုံးကစားရတာကိုပဲ ေပ်ာ္ရႊင္ေနတဲ့ကစားသမားမ်ိဳးျဖစ္ၿပီး ကိုယ္တုိင္လည္း ေျခစြမ္းျပႏိုင္သလုိ အသင္းေဖာ္ေတြကိုလည္း ေျခစြမ္းပိုထက္လာေအာင္ တြန္းအးာေပးႏိုင္စြမ္းရွိပါတယ္။ သူ ေရာက္လာၿပီးေနာက္ တျခားကစားသမားေတြရဲ႕စြမ္းေဆာင္ရည္လည္း တုိးတက္လာတာ ျမင္ေတြ႕ေနရပါတယ္”
”အဲဒီထဲမွာ မာတာလည္း တစ္ေယာက္အပါအ၀င္ျဖစ္ပါတယ္။ ဖာနန္ဒက္စ္နဲ႔ မာတာတို႔က တစ္ေယာက္န႔ဲတစ္ေယာက္ ေကာင္းေကာင္းခ်ိတ္ဆက္ကစားႏုိင္ပါတယ္။ အခုက အေစာႀကီးရွိေသးလုိ႔ သူက အသင္းရဲ႕ကယ္တင္ရွင္လုိ႔ မေျပာႏိုင္ေသးေပမယ့္ အသင္းရဲ႕ေျခစြမ္း တုိးတက္လာတာေတာ့ အမွန္ပါပဲ”
”သူက ပင္နယ္တီကေန ၂ဂိုး သြင္းယူႏုိင္ခဲ့တာမွန္ေပမယ့္ ပိုအေရးႀကီးတာက သူ႕ရဲ႕စြမ္းေဆာင္ရည္ရယ္၊ ပူပင္ေၾကာင့္ၾကမဲ့တဲ့ကစားဟန္ရယ္၊ စိတ္ကူးစိတ္သန္းေတြရယ္ျဖစ္ပါတယ္။ ဘ႐ုဂ်က္နဲ႔ပြဲမွာ အစ္ဂ္ဟာလို ဂိုးသြင္းႏိုင္ဖို႔အတြက္ မာတာ ဖန္တီးေပးခဲ့ၿပီး မာတာဆီ ဖာနန္ဒက္စ္ အသာေလးခုတ္တင္ေပးလုိက္တာက အံ့အားသင့္စရာေကာင္းတဲ့ေပးပုိ႔မႈပါ”လုိ႔ ဖာဒီနန္က ခ်ီးက်ဴးခဲ့ပါတယ္။
ဖာနန္ဒက္စ္ ေရာက္လာၿပီးေနာက္ ယူႏုိက္တက္ရဲ႕ခ်န္ပီယံလိဂ္၀င္ခြင့္ေမွ်ာ္လင့္္ခ်က္ ပိုမိုရွင္သန္လာၿပီး အဲဗာတန္နဲ႔ ၁-၁ ဂိုးသေရက်ခဲ့ေပမယ့္ အဆင့္ ၄ေနရာက ခ်ဲလ္ဆီးနဲ႔ ၃ မွတ္အကြာမွာ ရပ္တည္ေနပါတယ္။