ဖာနန်ဒက်စ်က ဗာရွန်နဲ့ ပေါလ်စခိုးလ်တို့ပေါင်းစပ်ထားတဲ့သူလို့ ဆိုးလ်ရှားချီးကျူး

Photo- Internet
Photo- Internet

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ဗာရွန်နဲ့ ပေါလ်စခိုးလ်ပေါင်းစပ်ထားသလိုဘဲလို့ ချီးကျူးလိုက်ပါတယ်။ ဖာနန်ဒက်စ်ဟာ ဝက်ဖို့ဒ်ကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာခြေစွမ်းပြခဲ့ပြီးနောက် ဘောလုံးလောကရဲ့ ကြီးကျယ်ခမ်းနားတဲ့ ကွင်းလယ်လူ ၂ ဦးနဲ့နှိုင်းယှဉ်လိုက်တာဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ အဲဒီပွဲမှာမန်ယူအတွက်အဓိကကျသူဖြစ်ခဲ့ပြီးသူ့ကြောင့်ရတဲ့ ပင်နယ်တီကိုသူကိုယ်တိုင်ဘဲ ကန်သွင်းခဲ့သလို ဂရင်းဝုဒ်ရဲ့နောက်ဆုံးအနိုင်ဂိုးအတွက်လည်းဖန်တီးပေးခဲ့သူဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာပြီးခဲ့တဲ့ ဆောင်းရာသီဈေးကွက်တုန်းက စပို့တင်းကနေပြောင်းလာပြီးတဲ့ နောက်မန်ယူကွင်းလယ်မှာ ဆက်တိုက်ဆိုသလိုခြေစွမ်းပြနေသူလည်းဖြစ်ပါတယ်။

Photo- Internet

ဆိုးလ်ရှားက”သူရောက်လာတာဟာ အားလုံးကိုစိတ်အားတက်စေခဲ့ပါတယ်။ အသင်းအတွက်သာမကဘဲ ပရိသတ်တွေကိုပါ အားတက်စေခဲ့တာပါ။ ဒီကိုစရောက်လာကတည်းက အသင်းရဲ့ဦးဆောင်သူလိုမျိုးဖြစ်ခဲ့တဲ့အပြင် ယုံကြည်မှုလည်း အပြည့်ရှိနေပါတယ်။ သူ့ပုံစံက ဗာရွန်နဲ့ ပေါလ်စခိုးလ်တို့နှစ်ဦးပေါင်းစပ်ထားသလိုပါဘဲ” လို့ ပြောကြားသွားပါတယ်။

Photo- Internet

အာဂျင်တီးနားလက်ရွေးစင်ဟောင်းဖြစ်တဲ့ ဗာရွန်ဟာမန်ယူမှာ ၂၀၀၁ ကနေ ၂၀၀၃ အထိကစားသွားခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်မှာအောင်မြင်တဲ့သူ မဖြစ်ခဲ့ပေမယ့်လည်း သူ့ခေတ်တုန်းကတော့ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ဖန်တီးရှင်စာရင်းဝင်ခဲ့သူဖြစ်ပါတယ်။ ဆိုးလ်ရှားဟာ မန်ယူမှာဗာရွန်နဲ့အတူ တွဲဖက်ကစားခဲ့ရသူလည်းဖြစ်ပါတယ်။

Photo- Internet

စခိုးလ်ကတော့ မန်ယူအသင်းရဲ့သမိုင်းမှာသာမက ဘောလုံးလောကရဲ့အကောင်းဆုံးကွင်းလယ်လူတွေထဲမှာအပါအဝင်ဖြစ်ခဲ့သူပါ။ မန်ယူဟာ ဝက်ဖို့ဒ်ကိုအနိုင်ရခဲ့မှုကြောင့် အဆင့် ၄ နေရာကချဲလ်ဆီးနဲ့ ၃ မှတ်သာကွာဟပြီး အဆင့် ၅ ကိုရောက်လာလို့ ဒီရာသီပရီးမီးယားလိဂ်ရဲ့ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲက ပိုပြီးကျယ်ပြန့်လာနေတယ်လို့လည်း သုံးသပ်နေကြပါတယ်။

photo internet

Zawgyi

ဖာနန္ဒက္စ္က ဗာရြန္နဲ႔ ေပါလ္စခိုးလ္တို႔ေပါင္းစပ္ထားတဲ႔သူလို႔ ဆိုးလ္ရွားခ်ီးက်ဴး

မန္ယူအသင္းနည္းျပ ဆိုးလ္ရွားက ကြင္းလယ္လူ ဖာနန္ဒက္စ္ဟာ ဗာရြန္နဲ႔ ေပါလ္စခိုးလ္ေပါင္းစပ္ထားသလိုဘဲလို႔ ခ်ီးက်ဴးလိုက္ပါတယ္။ ဖာနန္ဒက္စ္ဟာ ၀က္ဖို႔ဒ္ကို ၃-၀ နဲ႔အႏိုင္ရခဲ့တဲ႔ပြဲမွာေျခစြမ္းျပခဲ့ၿပီးေနာက္ ေဘာလုံးေလာကရဲ႕ ႀကီးက်ယ္ခမ္းနားတဲ႔ ကြင္းလယ္လူ ၂ ဦးနဲ႔ႏႈိင္းယွဥ္လိုက္တာျဖစ္ပါတယ္။

ဖာနန္ဒက္စ္ဟာ အဲဒီပြဲမွာမန္ယူအတြက္အဓိကက်သူျဖစ္ခဲ့ၿပီးသူ႔ေၾကာင့္ရတဲ႔ ပင္နယ္တီကိုသူကိုယ္တိုင္ဘဲ ကန္သြင္းခဲ့သလို ဂရင္း၀ုဒ္ရဲ႕ေနာက္ဆုံးအနိုင္ဂိုးအတြက္လည္းဖန္တီးေပးခဲ့သူျဖစ္ပါတယ္။ ဖာနန္ဒက္စ္ဟာၿပီးခဲ့တဲ႔ ေဆာင္းရာသီေစ်းကြက္တုန္းက စပို႔တင္းကေနေျပာင္းလာၿပီးတဲ႔ ေနာက္မန္ယူကြင္းလယ္မွာ ဆက္တိုက္ဆိုသလိုေျခစြမ္းျပေနသူလည္းျဖစ္္ပါတယ္။

ဆိုးလ္ရွားက”သူေရာက္လာတာဟာ အားလုံးကိုစိတ္အားတက္ေစခဲ့ပါတယ္။ အသင္းအတြက္သာမကဘဲ ပရိသတ္ေတြကိုပါ အားတက္ေစခဲ့တာပါ။ ဒီကိုစေရာက္လာကတည္းက အသင္းရဲ႕ဦးေဆာင္သူလိုမ်ဳိးျဖစ္ခဲ့တဲ႔အျပင္ ယံုၾကည္မႈလည္း အျပည့္ရွိေနပါတယ္။ သူ႔ပုံစံက ဗာရြန္နဲ႔ ေပါလ္စခိုးလ္တို႔ႏွစ္ဦးေပါင္းစပ္ထားသလိုပါဘဲ” လို႔ ေျပာၾကားသြားပါတယ္။

အာဂ်င္တီးနားလက္ေရြးစင္ေဟာင္းျဖစ္တဲ႔ ဗာရြန္ဟာမန္ယူမွာ ၂၀၀၁ ကေန ၂၀၀၃ အထိကစားသြားခဲ့ၿပီး အိုးလ္ထရက္ဖို႔ဒ္မွာေအာင္ျမင္တဲ႔သူ မျဖစ္ခဲ့ေပမယ္႔လည္း သူ႔ေခတ္တုန္းကေတာ႔ ကမၻာ႔အေကာင္းဆုံးကြင္းလယ္ဖန္တီးရွင္စာရင္း၀င္ခဲ့သူျဖစ္ပါတယ္။ ဆိုးလ္ရွားဟာ မန္ယူမွာဗာရြန္နဲ႔အတူ တြဲဖက္ကစားခဲ့ရသူလည္းျဖစ္ပါတယ္။

စခို္းလ္ကေတာ႔ မန္ယူအသင္းရဲ႕သမိုင္းမွာသာမက ေဘာလုံးေလာကရဲ႕အေကာင္းဆုံးကြင္းလယ္လူေတြထဲမွာအပါအ၀င္ျဖစ္ခဲ့သူပါ။ မန္ယူဟာ ၀က္ဖို႔ဒ္ကိုအႏိုင္ရခဲ့မႈေၾကာင့္ အဆင့္ ၄ ေနရာကခ်ဲလ္ဆီးနဲ႔ ၃ မွတ္သာကြာဟၿပီး အဆင့္ ၅ ကိုေရာက္လာလို႔ ဒီရာသီပရီးမီးယားလိဂ္ရဲ႕ခ်န္ပီယံလိဂ္၀င္ခြင့္တိုက္ပြဲက ပိုၿပီးက်ယ္ျပန္႔လာေနတယ္လို႔လည္း သုံးသပ္ေနၾကပါတယ္။