ဖာနန်ဒက်စ်က ဂိုးသွင်းတာ ဖန်တီးတာတွေ ကောင်းပေမယ့် ခံစစ်အတွက် သုံးစားမရဘူးလို့ ပေါ့ဂ်ဘာ အရွှန်းဖောက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မန်ယူကစားသမားဟောင်း ပေါ်စခိုးလ်က အသင်းကွင်းလယ်မှာ ပေါ့ဂ်ဘာနဲ့ ဖာနန်ဒက်စ်တို့ ၂ဦးကို အတူတွဲကစားစေပြီး အသင်းတိုက်စစ်ကို ပိုကောင်းအောင် ပုံဖော်ဖို့ နည်းပြဆိုးလ်ရှားကို တိုက်တွန်းထားခဲ့ပါသေးတယ်။

အခု ပေါ့ဂ်ဘာက သူ့အနေနဲ့ ဖာနန်ဒက်စ်နဲ့ အတူတွဲကစားချင်ပြီး အပေးအယူမျှတ ကစားဖော်တစ်ယောက်ဖြစ်တယ်လို့ ချီးကျူးခဲ့ပြီး ဖာနန်ဒက်စ်ဟာ ခံစစ်ကစားတာကလွဲရင် အားလုံးရတယ်လို့ အရွှန်းဖောက်လိုက်ပါတယ်။

မန်ယူတီဗီနဲ့ အင်တာဗျူးမှာ ပေါ့ဂ်ဘာက ” ဘရူနိုနဲ့ တွဲကစားရတာ ကျေနပ်စရာကောင်းပါတယ်။ ပွဲအခြေအနေကို သုံးသပ်တတ်ပြီး ဘယ်လို လှုပ်ရှာရမယ်ဆိုတာလည်း နားလည်တဲ့သူပါ။


လှလှပပလည်း ဘောလုံးလမ်းကြောင်းခင်းပေးတတ်သေးတယ်။ ကိုယ်တိုင်လည်း ဂိုးတွေ သွင်းနေတော့ အားလုံးကို လုပ်နိုင်နေတော့တာပါပဲ။ ဒါပေမယ့် သူမလုပ်တတ်တာ တစ်ခုတော့ရှိတယ်။ အဲဒါက ခံစစ်လိုက်ဆင်းဖျက်ထုတ်တာ မတတ်ဘူး” လို့ ပြောကြားသွားပါတယ်။

ဖာနန်ဒက်စ်ဟာ မန်ယူအသင်းကို ပြီးခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့က ရောက်ရှိလာခဲ့တဲ့ ကစားသမားဖြစ်ပြီး စရောက်တဲ့အချိန် တစ်နှစ်ကျော်အတွင်းမှာ မန်ယူအတွက် ကိုယ်တိုင် သွင်းဂိုး ၂၀ သွင်းယူပေးထားပြီး အသင်းဖော်တွေအတွက် ၁၀ဂိုး ဖန်တီးပေးထားပါတယ်။

ပြီးခဲ့တဲ့ ဂရန်နာဒါနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ သူတို့ ၂ဦးဟာ ပထမပိုင်းမှာ အတူတွဲကစားခဲ့ကြပြီး အတွဲညီခဲ့ကြတာကြောင့် လာမယ့်ပွဲစဉ်တွေမှာ ဆိုးလ်ရှားအနေနဲ့ ပွဲထွက်စာရင်းမှာ ဒီကစားသမား ၂ဦးစလုံးကို အသုံးပြုစေချင်နေကြတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ပေါ့ဂ်ဘာက သူ့အနေနဲ့ အခုအချိန်မှာ သူ့ပုံစံကောင်းကို ပြန်ရနေပြီလို့ထင်ကြောင်း၊ အစောပိုင်းလပိုင်းတုန်းက မန်ယူမှာ အံမဝင်သလို ခံစားရပြီး ပြင်သစ်လက်ရွေးစင်အသင်းအတွက် ကစားပေးရတဲ့ အချိန်မှာ ခံစားမှုကောင်းကြောင်း ပြောဆိုသွားခဲ့ပါသေးတယ်။ မန်ယူအသင်းဖော်တွေနဲ့ ပတ်သတ်ပြီး နောက်ခံလူ ဘိုင်လီမှာ အကောင်းဆုံး အာဖရိကအကသမားတစ်ဦးဖြစ်ကြောင်း ပြောကြားသွားခဲ့ပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖာနန္ဒက္စ္က ဂိုးသြင္းတာ ဖန္တီးတာေတြ ေကာင္းေပမယ့္ ခံစစ္အတြက္ သုံးစားမရဘူးလို႔ ေပါ့ဂ္ဘာ အ႐ႊန္းေဖာက္

ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ မန္ယူကစားသမားေဟာင္း ေပၚစခိုးလ္က အသင္းကြင္းလယ္မွာ ေပါ့ဂ္ဘာနဲ႔ ဖာနန္ဒက္စ္တို႔ ၂ဦးကို အတူတြဲကစားေစၿပီး အသင္းတိုက္စစ္ကို ပိုေကာင္းေအာင္ ပုံေဖာ္ဖို႔ နည္းျပဆိုးလ္ရွားကို တိုက္တြန္းထားခဲ့ပါေသးတယ္။ အခု ေပါ့ဂ္ဘာက သူ႔အေနနဲ႔ ဖာနန္ဒက္စ္နဲ႔ အတူတြဲကစားခ်င္ၿပီး အေပးအယူမွ်တ ကစားေဖာ္တစ္ေယာက္ျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့ၿပီး ဖာနန္ဒက္စ္ဟာ ခံစစ္ကစားတာကလြဲရင္ အားလုံးရတယ္လို႔ အ႐ႊန္းေဖာက္လိုက္ပါတယ္။

မန္ယူတီဗီနဲ႔ အင္တာဗ်ဴးမွာ ေပါ့ဂ္ဘာက ” ဘ႐ူႏိုနဲ႔ တြဲကစားရတာ ေက်နပ္စရာေကာင္းပါတယ္။ ပြဲအေျခအေနကို သုံးသပ္တတ္ၿပီး ဘယ္လို လႈပ္ရွာရမယ္ဆိုတာလည္း နားလည္တဲ့သူပါ။
လွလွပပလည္း ေဘာလုံးလမ္းေၾကာင္းခင္းေပးတတ္ေသးတယ္။ ကိုယ္တိုင္လည္း ဂိုးေတြ သြင္းေနေတာ့ အားလုံးကို လုပ္ႏိုင္ေနေတာ့တာပါပဲ။ ဒါေပမယ့္ သူမလုပ္တတ္တာ တစ္ခုေတာ့ရွိတယ္။ အဲဒါက ခံစစ္လိုက္ဆင္းဖ်က္ထုတ္တာ မတတ္ဘူး” လို႔ ေျပာၾကားသြားပါတယ္။

ဖာနန္ဒက္စ္ဟာ မန္ယူအသင္းကို ၿပီးခဲ့တဲ့ ၂၀၂၀ ဇန္နဝါရီအေျပာင္းအေ႐ႊ႕က ေရာက္ရွိလာခဲ့တဲ့ ကစားသမားျဖစ္ၿပီး စေရာက္တဲ့အခ်ိန္ တစ္ႏွစ္ေက်ာ္အတြင္းမွာ မန္ယူအတြက္ ကိုယ္တိုင္ သြင္းဂိုး ၂၀ သြင္းယူေပးထားၿပီး အသင္းေဖာ္ေတြအတြက္ ၁၀ဂိုး ဖန္တီးေပးထားပါတယ္။ ၿပီးခဲ့တဲ့ ဂရန္နာဒါနဲ႔ ယူ႐ိုပါလိဂ္ပြဲစဥ္မွာ သူတို႔ ၂ဦးဟာ ပထမပိုင္းမွာ အတူတြဲကစားခဲ့ၾကၿပီး အတြဲညီခဲ့ၾကတာေၾကာင့္ လာမယ့္ပြဲစဥ္ေတြမွာ ဆိုးလ္ရွားအေနနဲ႔ ပြဲထြက္စာရင္းမွာ ဒီကစားသမား ၂ဦးစလုံးကို အသုံးျပဳေစခ်င္ေနၾကတာပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ ေပါ့ဂ္ဘာက သူ႔အေနနဲ႔ အခုအခ်ိန္မွာ သူ႔ပုံစံေကာင္းကို ျပန္ရေနၿပီလို႔ထင္ေၾကာင္း၊ အေစာပိုင္းလပိုင္းတုန္းက မန္ယူမွာ အံမဝင္သလို ခံစားရၿပီး ျပင္သစ္လက္ေ႐ြးစင္အသင္းအတြက္ ကစားေပးရတဲ့ အခ်ိန္မွာ ခံစားမႈေကာင္းေၾကာင္း ေျပာဆိုသြားခဲ့ပါေသးတယ္။ မန္ယူအသင္းေဖာ္ေတြနဲ႔ ပတ္သတ္ၿပီး ေနာက္ခံလူ ဘိုင္လီမွာ အေကာင္းဆုံး အာဖရိကအကသမားတစ္ဦးျဖစ္ေၾကာင္း ေျပာၾကားသြားခဲ့ပါေသးတယ္။