ဖာနန်ဒက်စ်ကို ဘောလုံးမဖျက်တတ်ဘူးလို့ ဟာသဖောက်ခဲ့တဲ့ ပေါ့ဂ်ဘာတစ်ယောက် ချက်ချင်းတိုင်ပတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းရဲ့ကွင်းလယ်မှာ ဖာနန်ဒက်စ်နဲ့အတူ ခြေစွမ်းပြနေတဲ့ ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ ရိုးမားနဲ့ပွဲမှာ ကောင်းမွန်တဲ့ ခေါင်းတိုက်ဂိုးတစ်ဂိုး သွင်းပေးနိုင်ခဲ့ပေမယ့် သူ့ရဲ့ ဖျက်ထုတ်ပုံ အသေသပ်တဲ့အတွက်
ပင်နယ်တီ ဧရိယာထဲမှာ လက်ထိဘောဖြစ်ပြီး မန်ယူက ပင်နယ်တီပေးခဲ့ရပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ပေါ့ဂ်ဘာက သူ့အနေနဲ့ ဘောလုံးဖျက်ထုတ်တဲ့အပိုင်းကို ဘာမှမသိနားမလည်ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

ပေါ့ဂ်ဘာက BT Sports ကို ” ကျွန်တော် ဘောလုံးဘယ်လိုဖျက်ထုတ်ရမလဲဆိုတာ မသိပါဘူး။ ဘယ်လိုပုံစံဖျက်ထုတ်ရမလဲဆိုတာလဲ မသိပါဘူး။ ဒါဟာ ကျွန်တော့်အတွက် ပြသနာပါ။

ဘောလုံးဖျက်ထုတ်တာတွေကို ကျွန်တော် များများ လေ့ကျင့်ဖို့လိုနေပါတယ်။ လက်ထိဘောမဖြစ်အောင် သေချာဂရုစိုက်ရမှာပါ။

ဒီရာသီမှာ ကျွန်တော်ကံမကောင်းဘဲ အသင်းအတွက် ပင်နယ်တီတွေ ပေးခဲပလိုက်ရတာတွေ ရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ပေါ့ဂ်ဘာက ပထမပိုင်းအပြီး အဝတ်လဲခန်းမှာ နည်းပြဆိုးလ်ရှားက အားပေးစကားပြောကြားခဲ့တဲ့အတွက် အားလုံး ပြန်တက်ကြွသွားကြပြီး ဒုတိယပိုင်းမှာ ဂိုးတွေရသလောက်သွင်းဖို့

တွန်းအားဖြစ်စေခဲ့ကြောင်း၊ ပထမပိုင်းတုန်းက အမှား ၂ကြိမ်မှာ ၂ဂိုး ခွင့်ပြုလိုက်ရတာကို အဝတ်လဲခန်းမှာ အားလုံး ပြန်သုံးသပ်နိုင်ခဲ့ကြကြောင်းလည်း ပြောကြားသွားခဲ့ပါတယ်။

ပေါ့ဂ်ဘာဟာ ဒီရာသီရဲ့ အာဆင်နယ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း သူ့ရဲ့ဖျက်ထုတ်ပုံကြောင့် ပင်နယ်တီပေးခဲ့ရသလို ရာသီအစ ပဲလေ့စ်နဲ့ပွဲမှာလည်း လက်ထိဘောကြောင့်

ပင်နယ်တီပေးခဲ့ရပါသေးတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက ဘရူနိုဖာနန်ဒက်စ်ကို ဘောလုံးကစားတာ အားလုံးကောင်းပေမယ့် ဖျက်ထုတ်တာမရဘူးလို့ ဟာသဖောက်ခဲ့တဲ့ ပေါ့၈်ဘာတစ်ယောက် အခု ရိုးမားနဲ့ပွဲမှာ ချက်ချင်းအကျိုးပေးတယ်လို့ပဲ ဆိုရတော့မှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖာနန္ဒက္စ္ကို ေဘာလုံးမဖ်က္တတ္ဘူးလို႔ ဟာသေဖာက္ခဲ့တဲ့ ေပါ့ဂ္ဘာတစ္ေယာက္ ခ်က္ခ်င္းတိုင္ပတ္

မန္ယူအသင္းရဲ႕ကြင္းလယ္မွာ ဖာနန္ဒက္စ္နဲ႔အတူ ေျခစြမ္းျပေနတဲ့ ေပါ့ဂ္ဘာဟာ ၿပီးခဲ့တဲ့ ႐ိုးမားနဲ႔ပြဲမွာ ေကာင္းမြန္တဲ့ ေခါင္းတိုက္ဂိုးတစ္ဂိုး သြင္းေပးႏိုင္ခဲ့ေပမယ့္ သူ႔ရဲ႕ ဖ်က္ထုတ္ပုံ အေသသပ္တဲ့အတြက္

ပင္နယ္တီ ဧရိယာထဲမွာ လက္ထိေဘာျဖစ္ၿပီး မန္ယူက ပင္နယ္တီေပးခဲ့ရပါတယ္။ ဒီျဖစ္ရပ္နဲ႔ ပတ္သတ္ၿပီး ေပါ့ဂ္ဘာက သူ႔အေနနဲ႔ ေဘာလုံးဖ်က္ထုတ္တဲ့အပိုင္းကို ဘာမွမသိနားမလည္ဘူးလို႔ ဖြင့္ဟခဲ့ပါတယ္။

ေပါ့ဂ္ဘာက BT Sports ကို ” ကြၽန္ေတာ္ ေဘာလုံးဘယ္လိုဖ်က္ထုတ္ရမလဲဆိုတာ မသိပါဘူး။ ဘယ္လိုပုံစံဖ်က္ထုတ္ရမလဲဆိုတာလဲ မသိပါဘူး။ ဒါဟာ ကြၽန္ေတာ့္အတြက္ ျပသနာပါ။ ေဘာလုံးဖ်က္ထုတ္တာေတြကို ကြၽန္ေတာ္ မ်ားမ်ား ေလ့က်င့္ဖို႔လိုေနပါတယ္။ လက္ထိေဘာမျဖစ္ေအာင္ ေသခ်ာဂ႐ုစိုက္ရမွာပါ။ ဒီရာသီမွာ ကြၽန္ေတာ္ကံမေကာင္းဘဲ အသင္းအတြက္ ပင္နယ္တီေတြ ေပးခဲပလိုက္ရတာေတြ ရွိပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ဒါ့အျပင္ ေပါ့ဂ္ဘာက ပထမပိုင္းအၿပီး အဝတ္လဲခန္းမွာ နည္းျပဆိုးလ္ရွားက အားေပးစကားေျပာၾကားခဲ့တဲ့အတြက္ အားလုံး ျပန္တက္ႂကြသြားၾကၿပီး ဒုတိယပိုင္းမွာ ဂိုးေတြရသေလာက္သြင္းဖို႔ တြန္းအားျဖစ္ေစခဲ့ေၾကာင္း၊ ပထမပိုင္းတုန္းက အမွား ၂ႀကိမ္မွာ ၂ဂိုး ခြင့္ျပဳလိုက္ရတာကို အဝတ္လဲခန္းမွာ အားလုံး ျပန္သုံးသပ္ႏိုင္ခဲ့ၾကေၾကာင္းလည္း ေျပာၾကားသြားခဲ့ပါတယ္။

ေပါ့ဂ္ဘာဟာ ဒီရာသီရဲ႕ အာဆင္နယ္နဲ႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာလည္း သူ႔ရဲ႕ဖ်က္ထုတ္ပုံေၾကာင့္ ပင္နယ္တီေပးခဲ့ရသလို ရာသီအစ ပဲေလ့စ္နဲ႔ပြဲမွာလည္း လက္ထိေဘာေၾကာင့္ ပင္နယ္တီေပးခဲ့ရပါေသးတယ္။ လြန္ခဲ့တဲ့ရက္ပိုင္းက ဘ႐ူႏိုဖာနန္ဒက္စ္ကို ေဘာလုံးကစားတာ အားလုံးေကာင္းေပမယ့္ ဖ်က္ထုတ္တာမရဘူးလို႔ ဟာသေဖာက္ခဲ့တဲ့ ေပါ့၈္ဘာတစ္ေယာက္ အခု ႐ိုးမားနဲ႔ပြဲမွာ ခ်က္ခ်င္းအက်ိဳးေပးတယ္လို႔ပဲ ဆိုရေတာ့မွာပါ။