ဖာနန်ဒက်စ်ကို ပေါစခိုးလ်နဲ့နှိုင်းယှဉ်လိုက်တဲ့ မန်ယူနောက်ခံလူဟောင်းစတမ်း

photo-gettyimages

photo-gettyimages

မန်ယူနောက်ခံလူဟောင်းဂျပ်စတမ်းဟာ အသင်းမှာရောက်ရောက်ချင်း ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ကို ကလပ်ဂန္ထဝင်ပေါစခိုးလ်နဲ့နှိုင်းယှဉ်ချီးကျူးလိုက်ပါတယ်။ အဲဒီပေါ်တူဂီကွင်းလယ်လူဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကမှ ပြောင်းရွှေ့ကြေးပေါင် ၆၈ သန်းနဲ့ စပို့တင်းကနေ ရောက်လာပြီး မန်ယူနဲ့ ၅ နှစ်ခွဲစာချုပ်ခဲ့တာပါ။ ၂၅ နှစ်အရွယ် ဖာနန်ဒက်စ်ဟာ ဝုဗ်နဲ့ဂိုးမရှိသရေကျခဲ့တဲ့ သူ့ရဲ့မန်ယူပွဲဦးထွက်မှာ ခြေစွမ်းပြခဲ့သလို ပြီးခဲ့တဲ့တနင်္လာ ချဲလ်ဆီးနဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း ၂-၀ နဲ့ မန်ယူအနိုင်ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

photo-gettyimages

အဲဒီချဲလ်ဆီးနဲ့ပွဲမှာပဲ အသင်းခေါင်းဆောင်မက်ဂွိုင်းယားသွင်းယူတဲ့ ဒုတိယဂိုးကို ထောင့်ကန်ဘောကနေ ကန်တင်ပေးနိုင်ခဲ့လို့ ဖာနန်ဒက်စ်ဟာ မန်ယူကစားသမားဘ၀ သူ့ရဲ့ပထမဆုံးဂိုးဖန်တီးမှုကို ရရှိခဲ့ပါတယ်။ ဒါကြောင့်လည်း အသင်းနောက်ခံလူဟောင်းစတမ်းက အဲဒီပေါ်တူဂီသားကို ပေါစခိုးလ်နဲ့နှိုင်းယှဉ်ခဲ့တာပါ။ ပေါစခိုးလ်ဟာ နှစ် ၂၀ ကြာအိုးလ်ထရက်ဖို့ဒ်ကစားသမားဘဝမှာ ပရီးမီးယားလိဂ်ချန်ပီယံဆု ၁၁ ကြိမ်တိုင် ရရှိခဲ့သူ ဖြစ်ပါတယ်။

photo-gettyimages

”ဖာနန်ဒက်စ်ဟာ ပေါစခိုးလ်နဲ့ နည်းနည်းဆင်တူတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ အမြဲတမ်းပဲ ရှေ့တက်ကစားချင်ပါတယ်။ သူ့မှာ ဂိုးသွင်းယူနိုင်စွမ်းရှိပါတယ်။ ဖရီးကစ်ကောင်းကောင်းကန်တတ်ပြီး ပေးပို့မှုတွေလည်း ကောင်းပါတယ်။ တကယ့်နေရာတွေမှာ ဘောလုံးရောက်အောင် အမြဲကြည့်တတ်ပြီး ပွဲအပေါ်လည်း သြဇာလွှမ်းနိုင်ပါတယ်။ ပေါစခိုးလ်နဲ့ အတိအကျတူတာတော့ မဟုတ်ပါဘူး။ စခိုးလ်က ဘောလုံးမရှိချိန်မှာ နည်းနည်းလေးပိုကြမ်းပါတယ်။ ဒါပေမဲ့ ဘောလုံးဉာဏ်ရည်ဉာဏ်သွေးမှာတော့ ပေါစခိုးလ်နဲ့ တူညီပါတယ်”လို့ ဂျပ်စတမ်းက ပြောခဲ့တာပါ။

[Zawgyi]

ဖာနန္ဒက္စ္ကို ေပါစခုိးလ္နဲ႔ႏႈိင္းယွဥ္လုိက္တဲ့ မန္ယူေနာက္ခံလူေဟာင္းစတမ္း

မန္ယူေနာက္ခံလူေဟာင္းဂ်ပ္စတမ္းဟာ အသင္းမွာေရာက္ေရာက္ခ်င္း ေျခစြမ္းျပေနတဲ့ ကြင္းလယ္လူဘရူႏိုဖာနန္ဒက္္စ္ကို ကလပ္ဂႏၳ၀င္ေပါစခိုးလ္နဲ႔ႏႈိင္းယွဥ္ခ်ီးက်ဴးလိုက္ပါတယ္။ အဲဒီေပၚတူဂီကြငး္လယ္လူဟာ ၿပီးခဲ့တ့ဲဇန္န၀ါရီအေျပာင္းအေရႊ႕ကမွ ေျပာင္းေရႊ႕ေၾကးေပါင္ ၆၈ သန္းနဲ႔ စပို႔တင္းကေန ေရာက္လာၿပီး မန္ယူနဲ႔ ၅ ႏွစ္ခြဲစာခ်ဳပ္ခဲ့တာပါ။ ၂၅ ႏွစ္အရြယ္ ဖာနန္ဒက္စ္ဟာ ၀ုဗ္နဲ႔ဂိုးမရွိသေရက်ခဲ့တဲ့ သူ႔ရဲ႕မန္ယူပြဲဦးထြက္မွာ ေျခစြမ္းျပခဲ့သလို ၿပီးခဲ့တဲ့တနလၤာ ခ်ဲလ္ဆီးနဲ႔ပရီးမီးယားလိဂ္ပြဲစဥ္မွာလည္း ၂-၀ နဲ႔ မန္ယူအႏိုင္ရေအာင္ ကူညီေပးႏိုင္ခဲ့ပါတယ္။

အဲဒီခ်ဲလ္ဆီးနဲ႔ပြဲမွာပဲ အသင္းေခါင္းေဆာင္မက္ဂြိဳင္းယားသြင္းယူတဲ့ ဒုတိယဂိုးကို ေထာင့္ကန္ေဘာကေန ကန္တင္ေပးႏိုင္ခဲ့လုိ႔ ဖာနန္ဒက္္စ္ဟာ မန္ယူကစားသမားဘ၀ သူ႔ရဲ႕ပထမဆုံးဂိုးဖန္တီးမႈကို ရရွိခဲ့ပါတယ္။ ဒါေၾကာင့္လည္း အသင္းေနာက္ခံလူေဟာင္းစတမ္းက အဲဒီေပၚတူဂီသားကို ေပါစခိုးလ္နဲ႔ႏႈိင္းယွဥ္ခဲ့တာပါ။ ေပါစခိုးလ္ဟာ ႏွစ္ ၂၀ ၾကာအုိးလ္ထရက္ဖုိ႔ဒ္ကစားသမားဘ၀မွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆု ၁၁ ႀကိမ္တိုင္ ရရွိခဲ့သူ ျဖစ္ပါတယ္။

”ဖာနန္ဒက္စ္ဟာ ေပါစခုိးလ္နဲ႔ နည္းနည္းဆင္တူတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ သူဟာ အၿမဲတမ္းပဲ ေရွ႕တက္ကစားခ်င္ပါတယ္။ သူ႔မွာ ဂိုးသြင္းယူႏိုင္စြမ္းရွိပါတယ္။ ဖရီးကစ္ေကာင္းေကာင္းကန္တတ္ၿပီး ေပးပို႔မႈေတြလည္း ေကာင္းပါတယ္။ တကယ့္ေနရာေတြမွာ ေဘာလုံးေရာက္ေအာင္ အၿမဲၾကည့္တတ္ၿပီး ပြဲအေပၚလည္း ၾသဇာလႊမ္းႏုိင္ပါတယ္။ ေပါစခိုးလ္န႔ဲ အတိအက်တူတာေတာ့ မဟုတ္ပါဘူး။ စခုိးလ္က ေဘာလုံးမရွိခ်ိန္မွာ နည္းနည္းေလးပိုၾကမ္းပါတယ္။ ဒါေပမဲ့ ေဘာလုံးဥာဏ္ရည္ဥာဏ္ေသြးမွာေတာ့ ေပါစခိုးလ္နဲ႔ တူညီပါတယ္”လုိ႔ ဂ်ပ္စတမ္းက ေျပာခဲ့တာပါ။