
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပြီးခဲ့တဲ့ အစ္စရေးနဲ့ ခြေစမ်းပွဲမှာ စီရော်နယ်ဒို ရဲ့ကန်သွင်းချက်တစ်ခုဟာ ပြောစရာဖြစ်ခဲ့ပါတယ်။
အဲဒါကတော့ လကမ္ဘာပေါ်ကို ဘောလုံးကန်တင်ပေးလိုက်သလားလို့တောင် ယူဆရတဲ့ ကန်ချက်ပါ။
အစ္စရေးနဲ့ ပွဲမှာ စီရော်နယ်ဒို ရဲ့ပြစ်ဒဏ်ဘောကန်သွင်းချက်ဟာ ဂိုးပေါက်နဲ့ တော်တော်မြင့်တက်သွားခဲ့ပါတယ်။
စီရော်နယ်ဒို ဟာ ပြစ်ဒဏ်ဘောကန်သွင်းချက် လွဲချော်ခဲ့ပေမယ့်အဲ ဒီပွဲမှာ ပေါ်တူဂီ အသင်းအတွက် (၁)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
စီရော်နယ်ဒိုကန်ချက်လွဲတာနဲ့ ပတ်သက်ပြီး ပရိသတ်တစ်ဦးက “သူ့ရဲ့ပြစ်ဒဏ်ဘောကန်တဲ့ တာဝန်ကို ဘရူနိုကို ပေးဖို့လိုအပ်တယ်လို့” မှတ်ချက်ပေးပါတယ်။
အစ္စရေးကို ၄ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိတဲ့ပွဲမှာဘရူနိုဖာနန်ဒက်စ်ဟာပေါ်တူဂီအတွက်အဖွင့်ဂိုးနဲ့ အပိတ်ဂိုးကိုသွင်းခဲ့သူဖြစ်ပါတယ်။
ဖာနန်ဒက်စ်ရဲ့ ဒုံးပျံကန်ချက်ကို တစ်ဖက်ဂိုးသမားကတော့ မဖမ်းနိုင်ခဲ့ပါဘူး။
ယမန်နေ့က ပွဲပြီးခါနီးအချိန်မှာဘရူနိုဖာနန်ဒက်စ်ဟာဧရိယာအပြင်ဘက်မှာဘောလုံးရရှိပြီးနောက်ဂိုးရဲ့အပေါ်ထောင့်ကို ကန်သွင်းပြီးပေါ်တူဂီအတွက်အပိတ်ဂိုးကိုသွင်းခဲ့တာပါ။
အစ္စရေးဂိုးသမားဟာဘရူနိုဖာနန်ဒက်စ်ရဲ့ကန်ချက်ကိုကာကွယ်ဖို့ကြိုးပမ်းခဲ့ပေမယ့်မမီခဲ့ပါဘူး။
ရော်နယ်ဒိုကတော့ မနေ့က ၁ ဂိုးသွင်းပြီးနောက် နိုင်ငံတကာသွင်းဂိုးအများဆုံးဖြစ်တဲ့ အီရန်ဂန္တဝင် ကစားသမား အလီဒါယီ ရဲ့စံချိန်ကို လိုက်မီဖို့ (၅)ဂိုးသာလိုတော့တာလည်းဖြစ်ပါတယ်။
ဘယ်လောက်တော်တဲ့ သူပဲဖြစ်ဖြစ် အလွဲတွေတော့ရှိပါတယ်။ အဲဒီလိုပါပဲ လွဲတဲ့အခါ ဝေဖန်မယ့်သူတွေလည်း ရှိပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ဖာနန်ဒက်စ်ကို တာဝန်လွှဲရတော့မယ့် ဒုံးပျံကန်ချက်ပြခဲ့တဲ့ စီရော်နယ်ဒို