
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက် အသင်းမှာ ဖာနန်ဒက်စ်ဟာ ပွဲအများစုမှာ ပွဲထွက်ကစားသမားစာရင်းထဲပါရပါတယ်။
ဆိုးလ်ရှားတစ်ယောက် ဖာနန်ဒက်စ်ကို အမြဲတမ်း အသုံးပြုနေတာနဲ့ ပတ်သက်လို့ နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက သတိပေးစကားဆိုထားပါတယ်။
အာဆင်ဝင်းဂါးက “ကျွန်တော့် အမြင်အရတော့ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းကောင်းတွေ ပုံမှန်ပြသနိုင်ဖို့ အတော်ရုန်းကန်ခဲ့ရတယ်လို့မြင်မိတယ်။
ခြေစွမ်းပိုင်းက ကောင်းတစ်ခါ၊ဆိုးတစ်လှည့်ဖြစ်နေတယ်။”
“သူ့ရဲ့ ခြေစွမ်းကောင်းက သူ့ဒူးခေါင်းမှာတင် ရပ်တန့်သလိုမျိုးဖြစ်နေပါတယ်။
ကိုယ့်ခြေစွမ်းကို ကိုယ့်ဘာသာ သတ်မိနေပါတယ်။ တချို့ပွဲတွေဆိုရင် ခြေစွမ်းချော်ခဲ့တာတွေရှိတယ်။”
“ဖာနန်ဒက်စ် ခြေမပေါ်တာ သူ့ကို အပြစ်တင်တာထက် ဆိုးလ်ရှားက တာဝန်ရှိပါတယ်။
ဆိုးလ်ရှားက ယူနိုက်တက်ရဲ့ ရာသီကို ဖာနန်ဒက်စ် ခြေထောက်မှာတင် အဆုံးသတ်နေစေပါတယ်။”
“ပွဲတိုင်းမှာ ဖာနန်ဒက်စ်ကို ကန်ခိုင်းတာဟာ သူ့ကို ပင်ပန်းအားလျော့စေပါတယ်။
ကစားသမားကတော့ အမြဲတမ်း ပွဲထွက်ချင်စိတ် ရှိနေမှာပါ။
ပွဲတိုင်းမှာ အချိန်များများပါရတဲ့ ဖာနန်ဒက်စ်ဟာ ပင်ပန်းမှုနဲ့ အတူ ခြေစွမ်းကောင်းကျပါတယ်။
ယူရိုပါလိဂ် ဗိုလ်လုပွဲလိုမျိုးမှာ ဖာနန်ဒက်စ်တစ်ယောက် ပွဲကစားချိန်မှာ အာရုံထွေပြားနေတာတွေ တွေ့ရပါတယ်”
“အဲဒီလိုဖြစ်တာက ပွဲပမ်းမှုရဲ့လက္ခဏာတစ်ခုပဲဗျ။
ကစားသမားတစ်ယောက်ရဲ့ ထိပ်တန်းခြေစွမ်းဆိုတာက တည်ငြိမ်ရမယ်၊ ထိန်းချုပ်နိုင်မှုရှိရမယ်။”
“အခုဆိုရင် ဖာနန်ဒက်စ်ဟာ ကလပ်ဘက်ခြမ်းနားပေမယ့် နိုင်ငံ အသင်းဘက်ခြမ်း လှည့်ရပါအုံးမယ်။
ယူရိုပြိုင်ပွဲမှာ ပေါ်တူဂီအသင်းနဲ့အတူ ဖာနန်ဒက်စ် အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်။
ရှေ့ဆက်ပြီး ဖာနန်ဒက်စ် ကို အသုံးပြုတာနဲ့ ပတ်သက်လို့ ကလပ်ရော၊ နိုင်ငံဘက်က နည်းပြတွေပါ သတိထားသင့်ပါတယ်”
“အထူးသဖြင့် ဆိုးလ်ရှား အနေနဲ့ ကစားသမားနဲ့ အသင်းအပေါ်မှာ မျှမျှတတဖြစ်အောင် စဉ်းစားပေးနိုင်ဖို့လိုပါလိမ့်မယ်။” ဆိုပြီး ပြောထားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ဖာနန္ဒက္စ္ကိုအၿမဲပြဲထုတ္တဲ့ ဆိုးလ္ရွားကို သတိေပးစကားဆိုတဲ့ နည္းဗ်ဴဟာဆရာႀကီး အာဆင္၀င္းဂါး
ယူႏိုက္တက္ အသင္းမွာ ဖာနန္ဒက္စ္ဟာ ပြဲအမ်ားစုမွာ ပြဲထြက္ကစားသမားစာရင္းထဲပါရပါတယ္။ ဆိုးလ္ရွားတစ္ေယာက္ ဖာနန္ဒက္စ္ကို အၿမဲတမ္း အသုံးျပဳေနတာနဲ႔ ပတ္သက္လို႔ နည္းျပေဟာင္းႀကီး အာဆင္၀င္းဂါးက သတိေပးစကားဆိုထားပါတယ္။
အာဆင္ဝင္းဂါးက “ကြၽန္ေတာ့္ အျမင္အရေတာ့ ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ရာသီမွာ ေျခစြမ္းေကာင္းေတြ ပုံမွန္ျပသႏိုင္ဖို႔ အေတာ္႐ုန္းကန္ခဲ့ရတယ္လို႔ျမင္မိတယ္။ ေျခစြမ္းပိုင္းက ေကာင္းတစ္ခါ၊ဆိုးတစ္လွည့္ျဖစ္ေနတယ္။ သူ႔ရဲ႕ ေျခစြမ္းေကာင္းက သူ႔ဒူးေခါင္းမွာတင္ ရပ္တန္႔သလိုမ်ိဳးျဖစ္ေနပါတယ္။ ကိုယ့္ေျခစြမ္းကို ကိုယ့္ဘာသာ သတ္မိေနပါတယ္။ တခ်ိဳ႕ပြဲေတြဆိုရင္ ေျခစြမ္းေခ်ာ္ခဲ့တာေတြရွိတယ္။ ဖာနန္ဒက္စ္ ေျခမေပၚတာ သူ႔ကို အျပစ္တင္တာထက္ ဆိုးလ္ရွားက တာ၀န္ရွိပါတယ္။ ဆိုးလ္ရွားက ယူႏိုက္တက္ရဲ႕ ရာသီကို ဖာနန္ဒက္စ္ ေျခေထာက္မွာတင္ အဆုံးသတ္ေနေစပါတယ္။”
“ပြဲတိုင္းမွာ ဖာနန္ဒက္စ္ကို ကန္ခိုင္းတာဟာ သူ႔ကို ပင္ပန္းအားေလ်ာ့ေစပါတယ္။ ကစားသမားကေတာ့ အၿမဲတမ္း ပြဲထြက္ခ်င္စိတ္ ရွိေနမွာပါ။ ပြဲတိုင္းမွာ အခ်ိန္မ်ားမ်ားပါရတဲ့ ဖာနန္ဒက္စ္ဟာ ပင္ပန္းမႈနဲ႔ အတူ ေျခစြမ္းေကာင္းက်ပါတယ္။ ယူ႐ိုပါလိဂ္ ဗိုလ္လုပြဲလိုမ်ိဳးမွာ ဖာနန္ဒက္စ္တစ္ေယာက္ ပြဲကစားခ်ိန္မွာ အာ႐ုံေထြျပားေနတာေတြ ေတြ႕ရပါတယ္”
“အဲဒီလိုျဖစ္တာက ပြဲပမ္းမႈရဲ႕လကၡဏာတစ္ခုပဲဗ်။ ကစားသမားတစ္ေယာက္ရဲ႕ ထိပ္တန္းေျခစြမ္းဆိုတာက တည္ၿငိမ္ရမယ္၊ ထိန္းခ်ဳပ္ႏိုင္မႈရွိရမယ္။ အခုဆိုရင္ ဖာနန္ဒက္စ္ဟာ ကလပ္ဘက္ျခမ္းနားေပမယ့္ ႏိုင္ငံ အသင္းဘက္ျခမ္း လွည့္ရပါအုံးမယ္။ ယူ႐ိုၿပိဳင္ပြဲမွာ ေပၚတူဂီအသင္းနဲ႔အတူ ဖာနန္ဒက္စ္ အေကာင္းဆုံးပုံစံနဲ႔ ျပန္လာႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ေရွ႕ဆက္ၿပီး ဖာနန္ဒက္စ္ ကို အသုံးျပဳတာနဲ႔ ပတ္သက္လို႔ ကလပ္ေရာ၊ ႏိုင္ငံဘက္က နည္းျပေတြပါ သတိထားသင့္ပါတယ္”
“အထူးသျဖင့္ ဆိုးလ္ရွား အေနနဲ႔ ကစားသမားနဲ႔ အသင္းအေပၚမွာ မွ်မွ်တတျဖစ္ေအာင္ စဥ္းစားေပးႏိုင္ဖို႔လိုပါလိမ့္မယ္။” ဆိုၿပီး ေျပာထားပါတယ္။