ဖာနန္ဒက္စ္ ကိုလိုခ်င္ရင္ ေပါင္ ၅၆ သန္းထက္ပိုေပးရမယ္လို႔ မန္ယူသတိေပးခံရ

စပို႔တင္းလစၥဘြန္းအသင္း ဥကၠ႒ဖရက္ဒီကိုဗာရန္ဒက္စ္က မန္ယူအေနနဲ႔ ဒီေႏြရာသီေစ်းကြက္ထဲမွာ ကြင္းလယ္လူဘရူႏိုဖာနန္ဒက္စ္ကို ေခၚယူဖို႔ အခြင့္အေရး ရရိခ်င္ရင္ေပါင္ ၅၆ သန္းထက္ပိုေပးမွရလိမ့္မယ္လို႔ သတိေပးေျပာၾကားလိုက္ပါတယ္။

အေျပာင္းအေရႊ႕ေစ်းကြက္ ေနာက္ဆုံးပိုင္းေရာက္ဖို႔နီးကပ္လာခ်ိန္မွာ မန္ယူဟာ ကြင္းလယ္အင္အားကိုျဖည့္တင္းဖို႔အတြက္ ဘရူႏိုဖာနန္ဒက္စ္ကိုေခၚယူဖို႔ ပစ္မွတ္ထားေနတာပါ။ ဒါေပမယ္႔ မန္ယူဟာ ဖာနန္ဒက္စ္အတြက္ေပါင္သန္း ၅၀ ေက်ာ္နဲ႔သာကမ္းလွမး္လိမ့္မယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။

အသက္ ၂၄ ႏွစ္ရွိၿပီျဖစ္တဲ႔ ဖာနန္ဒက္စ္ဟာၿပီးခဲ့တဲ႔ ရာသီကစြမ္းေဆာင္ရည္ျမင့္မားတဲ႔ သူတစ္ဦးျဖစ္ခဲ့ၿပီး စပို႔တင္းအတြက္ၿပိဳင္ပြဲအရပ္ရပ္ ၅၃ ပြဲမွာ ၃၂ ဂိုးသြင္းၿပီး ၁၈ ဂိုးဖန္တီးေပးခဲ႔သူျဖစ္ပါတယ္။ ဒါေၾကာင့္ မန္ယူကြင္းလယ္ရဲ႕စြမ္းအားကိုပိုမိုျမွင့္တင္ေပးႏိုင္မယ္႔သူအျဖစ္လည္း သတ္မွတ္ခံထားရပါတယ္။

ဒါေပမယ္႔ ဗာရန္ဒက္စ္က”ဖာနန္ဒက္စ္ကိုအသင္းဘယ္ေလာက္က စိတ္၀င္စားေနသလဲဆိုတာက်ြန္ေတာ္မသိပါဘူး။ သိသေလာက္ကေတာ႔ သူ႔တန္ဖိုးနဲ႔ပတ္သက္ၿပီးေျပာေနၾကတာပါဘဲ။တစ္ခ်ဳိ႕က ေပါင္သန္း ၅၀၊ တစ္ခ်ဳိ႕ေပါင္ ၅၆ သန္းဆိုၿပီးေျပာေနၾကတာပါဘဲ။ ဒါေပမယ္႔ဒီေလာက္နဲ႔ေတာ႔ သူ႔ကိုေခၚလို႔မရပါဘူး။

က်ြန္ေတာ္တို႔ကလည္း ဒီေစ်းနဲ႔ဆိုရင္မေရာင္းမွာေသခ်ာပါတယ္။ သူထြက္သြားရင္လည္း အရည္အေသြးရွိတဲ႔သူတစ္ဦးထပ္ေရာက္လာဦးမွာဘဲ။ ဒါေပမယ္႔ မတန္တဲ႔ေစ်းနဲ႔ေတာ႔ လုံး၀မေရာင္းႏိုင္ပါဘူး” လို႔ေျပာသြားပါတယ္။ ဖာနန္ဒက္စ္ဟာ ေနးရွင္းလိဂ္မွာဗိုလ္စြဲခဲ့တဲ႔ ေပၚတူဂီအသင္းမွာ ပါ၀င္ကစားခဲ့သူလည္းျဖစ္ပါတယ္။

Unicode

ဖာနန်ဒက်စ် ကိုလိုချင်ရင် ပေါင် ၅၆ သန်းထက်ပိုပေးရမယ်လို့ မန်ယူသတိပေးခံရ
စပို့တင်းလစ္စဘွန်းအသင်း ဥက္ကဋ္ဌဖရက်ဒီကိုဗာရန်ဒက်စ်က မန်ယူအနေနဲ့ ဒီနွေရာသီဈေးကွက်ထဲမှာ ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ အခွင့်အရေး ရရိချင်ရင်ပေါင် ၅၆ သန်းထက်ပိုပေးမှရလိမ့်မယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။

အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးပိုင်းရောက်ဖို့နီးကပ်လာချိန်မှာ မန်ယူဟာ ကွင်းလယ်အင်အားကိုဖြည့်တင်းဖို့အတွက် ဘရူနိုဖာနန်ဒက်စ်ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။ ဒါပေမယ့် မန်ယူဟာ ဖာနန်ဒက်စ်အတွက်ပေါင်သန်း ၅၀ ကျော်နဲ့သာကမ်းလှမ်းလိမ့်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ဖာနန်ဒက်စ်ဟာပြီးခဲ့တဲ့ ရာသီကစွမ်းဆောင်ရည်မြင့်မားတဲ့ သူတစ်ဦးဖြစ်ခဲ့ပြီး စပို့တင်းအတွက်ပြိုင်ပွဲအရပ်ရပ် ၅၃ ပွဲမှာ ၃၂ ဂိုးသွင်းပြီး ၁၈ ဂိုးဖန်တီးပေးခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် မန်ယူကွင်းလယ်ရဲ့စွမ်းအားကိုပိုမိုမြှင့်တင်ပေးနိုင်မယ့်သူအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

ဒါပေမယ့် ဗာရန်ဒက်စ်က”ဖာနန်ဒက်စ်ကိုအသင်းဘယ်လောက်က စိတ်ဝင်စားနေသလဲဆိုတာကျွန်တော်မသိပါဘူး။ သိသလောက်ကတော့ သူ့တန်ဖိုးနဲ့ပတ်သက်ပြီးပြောနေကြတာပါဘဲ။တစ်ချို့က ပေါင်သန်း ၅၀၊ တစ်ချို့ပေါင် ၅၆ သန်းဆိုပြီးပြောနေကြတာပါဘဲ။ ဒါပေမယ့်ဒီလောက်နဲ့တော့ သူ့ကိုခေါ်လို့မရပါဘူး။

ကျွန်တော်တို့ကလည်း ဒီဈေးနဲ့ဆိုရင်မရောင်းမှာသေချာပါတယ်။ သူထွက်သွားရင်လည်း အရည်အသွေးရှိတဲ့သူတစ်ဦးထပ်ရောက်လာဦးမှာဘဲ။ ဒါပေမယ့် မတန်တဲ့ဈေးနဲ့တော့ လုံးဝမရောင်းနိုင်ပါဘူး” လို့ပြောသွားပါတယ်။ ဖာနန်ဒက်စ်ဟာ နေးရှင်းလိဂ်မှာဗိုလ်စွဲခဲ့တဲ့ ပေါ်တူဂီအသင်းမှာ ပါဝင်ကစားခဲ့သူလည်းဖြစ်ပါတယ်။