ဖာနန္ဒက္စ္အတြက္ ေပါင္ ၆၂သန္းနဲ႔ ယူႏိုက္တက္ရဲ႕ကမ္းလွမ္းမႈကို စပို႔တင္းလစၥဘြန္း လက္ခံလုိက္ၿပီဟုဆို

Photo Credit ; Getty Images

Photo Credit ; Getty Images

ယူႏုိက္တက္ဟာ ယခုေႏြရာသီအတြင္း တတိယေျမာက္ကစားသမားသစ္ေခၚယူႏုိင္ေတာ့မွာျဖစ္ၿပီး ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္အတြက္ ေပါင္ ၆၂သန္းနဲ႔ကမ္းလွမ္းမႈကို စပုိ႔တင္းလစၥဘြန္းအသင္းက လက္သင့္ခံလုိက္ၿပီျဖစ္ေၾကာင္း သတင္းေတြက အခုိင္အမာေဖာ္ျပေနၾကပါတယ္။ အသက္ ၂၄ႏွစ္အရြယ္ရွိ ေပၚတူဂီလက္ေရြးစင္ ဖာနန္ဒက္စ္ဟာ ယခုေႏြရာသီတစ္ေလွ်ာက္လုံး ယူႏိုက္တက္နဲ႔ပတ္သက္လုိ႔ သတင္းေတြ ေတာက္ေလွ်ာက္ထြက္ေပၚေနခဲ့ေပမယ့္ အုိးလ္ထရက္ဖုိ႔ဒ္အေျခစုိက္အသင္းရဲ႕အေျပာင္းအေရႊ႕မူ၀ါဒအရ အခ်ိန္ေတြၾကန္႔ၾကာေနပါတယ္။

Photo Credit ; Getty Images

ဒါေပမဲ့ ေႏြရာသီေစ်းကြက္ပိတ္ဖို႔ ရက္သတၱပတ္တစ္ပတ္ေက်ာ္သာ လိုေတာ့ခ်ိန္မွာ စပိန္သတင္းစာ Sport ရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္ဟာ သူတုိ႔ရဲ႕အေျပာင္းအေရႊ႕မူ၀ါဒကို ေဘးဖယ္ကာ ဖာနန္ဒက္စ္ကို ေပါင္ ၆၂သန္း၀န္းက်င္နဲ႔ ေခၚယူဖို႔ စပို႔တင္းလစၥဘြန္းအသင္းနဲ႔ သေဘာတူညီမႈရရွိသြားၿပီျဖစ္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ အဲဒီသတင္းဌာနကပဲ ဖာနန္ဒက္စ္ဟာ ေဆးစစ္ဖုိ႔အတြက္ မန္ခ်က္စတာကို လာေရာက္ေတာ့မွာျဖစ္ၿပီး ေဆးစစ္ေဆးမႈေအာင္ျမင္ခဲ့ရင္ ယူႏုိက္တက္နဲ႔ ကာလရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆုိမွာျဖစ္ေၾကာင္း သိရပါတယ္။

Photo Credit ; Getty Images

ယူႏုိက္တက္အသင္းနည္းျပ ဆုိးလ္ရွားက ၿပီးခဲ့တဲ့ရာသီအကုန္မွာ အဓိကကြင္းလယ္လူ ဟာရဲရား စာခ်ဳပ္သက္တမ္းကုန္ဆုံးသြားၿပီးေနာက္ ဗဟိုကြင္းလယ္လူတစ္ဦးေခၚယူလုိေနတာျဖစ္ၿပီး ဖာနန္ဒက္စ္က ဟာရဲရားရဲ႕ေနရာမွာ တုိက္႐ိုက္အစားထုိးတာမဟုတ္ဘဲ သူက စပိန္ကြင္းလယ္လူထက္ တုိက္စစ္ကိုပိုမိုလုိက္ပါကစားသူျဖစ္ပါတယ္။ ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ရာသီက ကြင္းလယ္လူတစ္ဦးျဖစ္ေပမယ့္ ၿပိဳင္ပြဲစုံ ၃၁ဂိုးအထိ သြင္းယူႏိုင္ခဲ့သလို ကြင္းလယ္လူတစ္ဦးျဖစ္လုိ႔လည္း ဂုိးဖန္တီးမႈက ျမင့္မားခဲ့ၿပီး စုစုေပါင္း ဂိုးဖန္တီးမႈအႀကိမ္ ၂၀ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။

SIPA USA via PA Images

ဖာနန္ဒက္စ္ကို ေခၚယူၿပီးရင္ ယခုေႏြရာသီအတြင္း ယူႏုိက္တက္ရဲ႕အသုံးစရိတ္က ေပါင္သန္း ၁၃၀ ၀န္းက်င္ရွိလာမွာျဖစ္ေပမယ့္ တုိက္စစ္မွဴးလူကာကူကို ေရာင္းခ်ျဖစ္ခဲ့ရင္ ေပါင္သန္း ၈၀ ျပန္ရမွာျဖစ္ပါတယ္။ ယူႏုိက္တက္အသင္းအမႈေဆာင္အရာရွိခ်ဳပ္ ၀ုဒ္၀က္ဒ္အေနနဲ႔ လက္စတာအသင္းေနာက္ခံလူ မက္ဂြိဳင္းယားကိုလည္း ေခၚယူဖို႔ ႀကိဳးစားားေနၿပီး လာဇီယိုကြင္းလယ္လူ မီလင္ကိုဗစ္ဆာဗစ္ကိုပါ ေခၚယူဖို႔ ကာလရွည္စိတ္၀င္စားေနေပမယ့္ သူက ေပါ့ဂ္ဘာထြက္ခြာသြားမွသာ အေရးပါအစားထိုးမႈအျဖစ္ ေခၚယူဖုိ႔မ်ားေနပါတယ္။

Photo Credit ; Getty Images

Unicode

ဖာနန်ဒက်စ်အတွက် ပေါင် ၆၂သန်းနဲ့ ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို စပို့တင်းလစ္စဘွန်း လက်ခံလိုက်ပြီဟုဆို

ယူနိုက်တက်ဟာ ယခုနွေရာသီအတွင်း တတိယမြောက်ကစားသမားသစ်ခေါ်ယူနိုင်တော့မှာဖြစ်ပြီး ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်အတွက် ပေါင် ၆၂သန်းနဲ့ကမ်းလှမ်းမှုကို စပို့တင်းလစ္စဘွန်းအသင်းက လက်သင့်ခံလိုက်ပြီဖြစ်ကြောင်း သတင်းတွေက အခိုင်အမာဖော်ပြနေကြပါတယ်။ အသက် ၂၄နှစ်အရွယ်ရှိ ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ်ဟာ ယခုနွေရာသီတစ်လျှောက်လုံး ယူနိုက်တက်နဲ့ပတ်သက်လို့ သတင်းတွေ တောက်လျှောက်ထွက်ပေါ်နေခဲ့ပေမယ့် အိုးလ်ထရက်ဖို့ဒ်အခြေစိုက်အသင်းရဲ့အပြောင်းအရွှေ့မူဝါဒအရ အချိန်တွေကြန့်ကြာနေပါတယ်။
ဒါပေမဲ့ နွေရာသီဈေးကွက်ပိတ်ဖို့ ရက်သတ္တပတ်တစ်ပတ်ကျော်သာ လိုတော့ချိန်မှာ စပိန်သတင်းစာ Sport ရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ သူတို့ရဲ့အပြောင်းအရွှေ့မူဝါဒကို ဘေးဖယ်ကာ ဖာနန်ဒက်စ်ကို ပေါင် ၆၂သန်းဝန်းကျင်နဲ့ ခေါ်ယူဖို့ စပို့တင်းလစ္စဘွန်းအသင်းနဲ့ သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ အဲဒီသတင်းဌာနကပဲ ဖာနန်ဒက်စ်ဟာ ဆေးစစ်ဖို့အတွက် မန်ချက်စတာကို လာရောက်တော့မှာဖြစ်ပြီး ဆေးစစ်ဆေးမှုအောင်မြင်ခဲ့ရင် ယူနိုက်တက်နဲ့ ကာလရှည်စာချုပ်သစ်ချုပ်ဆိုမှာဖြစ်ကြောင်း သိရပါတယ်။
ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက ပြီးခဲ့တဲ့ရာသီအကုန်မှာ အဓိကကွင်းလယ်လူ ဟာရဲရား စာချုပ်သက်တမ်းကုန်ဆုံးသွားပြီးနောက် ဗဟိုကွင်းလယ်လူတစ်ဦးခေါ်ယူလိုနေတာဖြစ်ပြီး ဖာနန်ဒက်စ်က ဟာရဲရားရဲ့နေရာမှာ တိုက်ရိုက်အစားထိုးတာမဟုတ်ဘဲ သူက စပိန်ကွင်းလယ်လူထက် တိုက်စစ်ကိုပိုမိုလိုက်ပါကစားသူဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ကွင်းလယ်လူတစ်ဦးဖြစ်ပေမယ့် ပြိုင်ပွဲစုံ ၃၁ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ကွင်းလယ်လူတစ်ဦးဖြစ်လို့လည်း ဂိုးဖန်တီးမှုက မြင့်မားခဲ့ပြီး စုစုပေါင်း ဂိုးဖန်တီးမှုအကြိမ် ၂၀ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ဖာနန်ဒက်စ်ကို ခေါ်ယူပြီးရင် ယခုနွေရာသီအတွင်း ယူနိုက်တက်ရဲ့အသုံးစရိတ်က ပေါင်သန်း ၁၃၀ ဝန်းကျင်ရှိလာမှာဖြစ်ပေမယ့် တိုက်စစ်မှူးလူကာကူကို ရောင်းချဖြစ်ခဲ့ရင် ပေါင်သန်း ၈၀ ပြန်ရမှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းအမှုဆောင်အရာရှိချုပ် ဝုဒ်ဝက်ဒ်အနေနဲ့ လက်စတာအသင်းနောက်ခံလူ မက်ဂွိုင်းယားကိုလည်း ခေါ်ယူဖို့ ကြိုးစားားနေပြီး လာဇီယိုကွင်းလယ်လူ မီလင်ကိုဗစ်ဆာဗစ်ကိုပါ ခေါ်ယူဖို့ ကာလရှည်စိတ်ဝင်စားနေပေမယ့် သူက ပေါ့ဂ်ဘာထွက်ခွာသွားမှသာ အရေးပါအစားထိုးမှုအဖြစ် ခေါ်ယူဖို့များနေပါတယ်။