ဖာနန္ဒက္စ္ကို ေခၚယူဖုိ႔ စပါးအသင္း ပုဂၢိဳလ္ေရးဆုိင္ရာသေဘာတူညီခ်က္ရရွိ

Photo Credit ; Getty Images

Photo Credit ; Getty Images / AFP

စပို႔တင္းလစၥဘြန္းအသင္းေခါင္းေဆာင္ ဘ႐ူႏိုဖာနန္ဒက္စ္က မိမိအေနနဲ႔ ယခုေႏြရာသီအေျပာင္းအေရႊ႕ကာလအတြင္း အသင္းကေန ထြက္ခြာလုိေၾကာင္း အသင္းတာ၀န္ရွိသူေတြထံ အသိေပးအေၾကာင္းၾကားခဲ့ၿပီး စပါးအသင္းကို ေျပာင္းေရႊ႕ဖု႔ိ လန္ဒန္အေျခစိုက္အသင္းတာ၀န္ရွိသူေတြနဲ႔ ပုဂၢိဳလ္ေရးဆုိင္ရာသေဘာတူညီခ်က္ေတြ ရရွိထားၿပီးျဖစ္ပါတယ္။

Photo Credit ; Getty Images

ဒါေပမဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ပတ္သက္လုိ႔ စပါးနဲ႔ စပို႔တင္းလစၥဘြန္းတုိ႔အၾကား သေဘာတူညီမႈမရရွိေသးဘဲ စပါးအသင္းက ဖာနန္ဒက္စ္အတြက္ ကမ္းလွမ္းမႈ ၂ႀကိမ္ျပဳလုပ္ထားၿပီးျဖစ္သလုိ အသက္ ၂၄ႏွစ္အရြယ္ရွိ ဖာနန္ဒက္စ္အတြက္ ေဆြးေႏြးႏိုင္ဖုိ႔ လစၥဘြန္းၿမိဳ႕ကို ခရီးထြက္ခြာလာပါတယ္။

Photo Credit ; PA

စပါးအသင္းဟာ လစၥဘြန္းကို ခရီးမထြက္လာခင္ ဖာနန္ဒက္စ္အတြက္ စပို႔တင္းလစၥဘြန္းအသင္းထံ အီးေမးလ္ကေနတစ္ဆင့္ ေပါင္ ၄၄သန္းနဲ႔ကမ္းလွမ္းခဲ့ေပမယ့္ ပယ္ခ်ခံခဲ့ရၿပီး လစၥဘြန္းအေရာက္မွာေတာ့ စပါးအသင္းကင္းေထာက္အႀကီးအကဲ စတိဗ္ဟစ္ခ်န္းက ဖာနန္ဒက္စ္အတြက္ ေနာက္ထပ္ကမ္းလွမ္းမႈအျဖစ္ ေပါင္ ၄၆သန္းအျပင္ အပိုဆုေၾကး ေပါင္ ၁၀သန္းနဲ႔ ကမ္းလွမ္းခဲ့ပါတယ္။

Photo Credit ; Getty Images

အဲဒီကမ္းလွမ္းခ်က္ကုိလည္း စပို႔တင္းက ထပ္မံပယ္ခ်ခဲ့ၿပီး စပါးအသင္းကိုသာမက ဖာနန္ဒက္စ္ကုိပါ အသိေပးတဲ့အေနနဲ႔ ၿပီးခဲ့တဲ့ရာသီက ေပၚတူဂီအမွတ္ေပးၿပိဳင္ပြဲမွာ အျငင္းပြားဖြယ္ရာမရွိအေကာင္းဆုံးကစားသမားျဖစ္ခဲ့တဲ့ ဖာနန္ဒက္စ္အတြက္ ေပါင္ ၆၄.၅သန္းေအာက္ေလ်ာ့နည္းတဲ့ ဘယ္ကမ္းလွမ္းမႈကိုမဆုိ လက္သင့္ခံမွာမဟုတ္ဘူးလုိ႔ အသိေပးထားပါတယ္။

Photo Credit ; Getty Images

စပုိ႔တင္းလစၥဘြန္းအသင္းဥကၠ႒ ဗာရန္ဒက္စ္က ေပါင္ ၆၄.၅သန္းထက္ ေလ်ာ့နည္းတဲ့ကမ္းလွမ္းမႈေတြကို လက္သင့္ခံမွာမဟုတ္ေၾကာင္း မၾကာေသးခင္ကျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာ လူသိရွင္ၾကားဖြင့္ဟထားၿပီး စပါးအသင္းကလည္း အပိုဆုေၾကးပါ ထည့္တြက္မယ္ဆုိရင္ေတာင္ အဲဒီေျပာင္းေရႊ႕ေၾကးေပးေခ်ဖို႔ အဆင္မေျပျဖစ္ေနပါတယ္။

Photo Credit ; Getty Images

ဗာရန္ဒက္စ္က ဖာနန္ဒက္စ္အတြက္ ကနဦးေျပာင္းေရႊ႕ေၾကး ေပါင္ ၅၅သန္း၊ အပိုဆုေၾကး ေပါင္ ၁၅သန္းနဲ႔ကမ္းလွမ္းလာရင္ လက္သင့္ခံဖြယ္ရွိေနၿပီး ရာသီသစ္မွာ ေအာင္ျမင္မႈရရွိေရးအတြက္ အေကာင္းဆုံးအခြင့္အေရးက ဖာနန္ဒက္စ္ကုိ ဆက္ထိန္းထားႏုိင္ေရးျဖစ္တာကိုလည္း အသင္းတာ၀န္ရွိသူေတြ သိနားလည္ထားပါတယ္။

Photo Credit ; Getty Images

လက္ရွိအခ်ိန္မွာ ဖာနန္ဒက္စ္ကို ေခၚယူခ်င္ေနတဲ့အသင္းထဲမွာ စပါးအသင္းကပဲ အားသြန္ခြန္စိုက္ႀကိဳးစားေနေပမယ့္ တျခားေအးဂ်င့္ေတြကလည္း ယူႏိုက္တက္၊ ေအစီမီလန္နဲ႔ အက္သလက္တီကုိတုိ႔လုိ တျခားဥေရာပအသင္းႀကီးေတြနဲ႔ပါ ညွိႏိႈင္းဖို႔ ႀကိဳးစားေနပါတယ္။

Photo Credit ; Getty Images

Unicode

ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ စပါးအသင်း ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်ရရှိ

စပို့တင်းလစ္စဘွန်းအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က မိမိအနေနဲ့ ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းကနေ ထွက်ခွာလိုကြောင်း အသင်းတာဝန်ရှိသူတွေထံ အသိပေးအကြောင်းကြားခဲ့ပြီး စပါးအသင်းကို ပြောင်းရွှေ့ဖု့ိ လန်ဒန်အခြေစိုက်အသင်းတာဝန်ရှိသူတွေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်တွေ ရရှိထားပြီးဖြစ်ပါတယ်။
ဒါပေမဲ့ ပြောင်းရွှေ့ကြေးနဲ့ပတ်သက်လို့ စပါးနဲ့ စပို့တင်းလစ္စဘွန်းတို့အကြား သဘောတူညီမှုမရရှိသေးဘဲ စပါးအသင်းက ဖာနန်ဒက်စ်အတွက် ကမ်းလှမ်းမှု ၂ကြိမ်ပြုလုပ်ထားပြီးဖြစ်သလို အသက် ၂၄နှစ်အရွယ်ရှိ ဖာနန်ဒက်စ်အတွက် ဆွေးနွေးနိုင်ဖို့ လစ္စဘွန်းမြို့ကို ခရီးထွက်ခွာလာပါတယ်။
စပါးအသင်းဟာ လစ္စဘွန်းကို ခရီးမထွက်လာခင် ဖာနန်ဒက်စ်အတွက် စပို့တင်းလစ္စဘွန်းအသင်းထံ အီးမေးလ်ကနေတစ်ဆင့် ပေါင် ၄၄သန်းနဲ့ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး လစ္စဘွန်းအရောက်မှာတော့ စပါးအသင်းကင်းထောက်အကြီးအကဲ စတိဗ်ဟစ်ချန်းက ဖာနန်ဒက်စ်အတွက် နောက်ထပ်ကမ်းလှမ်းမှုအဖြစ် ပေါင် ၄၆သန်းအပြင် အပိုဆုကြေး ပေါင် ၁၀သန်းနဲ့ ကမ်းလှမ်းခဲ့ပါတယ်။
အဲဒီကမ်းလှမ်းချက်ကိုလည်း စပို့တင်းက ထပ်မံပယ်ချခဲ့ပြီး စပါးအသင်းကိုသာမက ဖာနန်ဒက်စ်ကိုပါ အသိပေးတဲ့အနေနဲ့ ပြီးခဲ့တဲ့ရာသီက ပေါ်တူဂီအမှတ်ပေးပြိုင်ပွဲမှာ အငြင်းပွားဖွယ်ရာမရှိအကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့ ဖာနန်ဒက်စ်အတွက် ပေါင် ၆၄.၅သန်းအောက်လျော့နည်းတဲ့ ဘယ်ကမ်းလှမ်းမှုကိုမဆို လက်သင့်ခံမှာမဟုတ်ဘူးလို့ အသိပေးထားပါတယ်။
စပို့တင်းလစ္စဘွန်းအသင်းဥက္ကဋ္ဌ ဗာရန်ဒက်စ်က ပေါင် ၆၄.၅သန်းထက် လျော့နည်းတဲ့ကမ်းလှမ်းမှုတွေကို လက်သင့်ခံမှာမဟုတ်ကြောင်း မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ လူသိရှင်ကြားဖွင့်ဟထားပြီး စပါးအသင်းကလည်း အပိုဆုကြေးပါ ထည့်တွက်မယ်ဆိုရင်တောင် အဲဒီပြောင်းရွှေ့ကြေးပေးချေဖို့ အဆင်မပြေဖြစ်နေပါတယ်။
ဗာရန်ဒက်စ်က ဖာနန်ဒက်စ်အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၅၅သန်း၊ အပိုဆုကြေး ပေါင် ၁၅သန်းနဲ့ကမ်းလှမ်းလာရင် လက်သင့်ခံဖွယ်ရှိနေပြီး ရာသီသစ်မှာ အောင်မြင်မှုရရှိရေးအတွက် အကောင်းဆုံးအခွင့်အရေးက ဖာနန်ဒက်စ်ကို ဆက်ထိန်းထားနိုင်ရေးဖြစ်တာကိုလည်း အသင်းတာဝန်ရှိသူတွေ သိနားလည်ထားပါတယ်။
လက်ရှိအချိန်မှာ ဖာနန်ဒက်စ်ကို ခေါ်ယူချင်နေတဲ့အသင်းထဲမှာ စပါးအသင်းကပဲ အားသွန်ခွန်စိုက်ကြိုးစားနေပေမယ့် တခြားအေးဂျင့်တွေကလည်း ယူနိုက်တက်၊ အေစီမီလန်နဲ့ အက်သလက်တီကိုတို့လို တခြားဥရောပအသင်းကြီးတွေနဲ့ပါ ညှိနှိုင်းဖို့ ကြိုးစားနေပါတယ်။