M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အလန်ရှီးယား၊ ဂယ်ရီလိုင်နီကာ နဲ့ ရီယိုဖာဒီနန် တို့က လာမယ့် ယူရို ၂၀၂၀ မှာ ဘယ်အသင်း ဗိုလ်စွဲမလဲဆိုတာ ခန့်မှန်း ပြောဆိုထားပါတယ်။
သူတို့ အားလုံးက ပြင်သစ် အသင်း ဗိုလ်စွဲနိုင်လိမ့်မယ်လို့ တညီတညွှတ်တည်း ထောက်ခံထားကြပါတယ်။
တစ်ဖက်ကကြည့်မယ်ဆိုရင် ပြင်သစ်လက်ရွေးစင်အသင်းဟာ ကန်တေ နဲ့ ပေါ့ဂ်ဘာတို့ အတူတကွ ပွဲထွက်ကစားတိုင်းမှာ ရှုံးပွဲမရှိခဲ့ဘူးလို့ မှတ်တမ်းတွေအရ သိရပါတယ်။
ကန်တေ နဲ့ ပေါ့ဂ်ဘာဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၂၇ ပွဲအထိ အတူတွဲဖက်ကစားခဲ့ရာမှာ ၂၁ ပွဲအထိ အနိုင်ရခဲ့ပြီး ၆ ပွဲသရေကျခဲ့တာဖြစ်ပါတယ်။
၂၀၁၈ ကမ္ဘာ့ဖလားကိုလည်း ကိုင်မြှောက်နိုင်ခဲ့ကြတာကြောင့် ယူရိုဖလားနဲ့လည်း အောင်ပွဲခံနိုင်ဦးမလားဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။
အလန်ရှီးယားက ”ဒီယူရိုမှာ ပြင်သစ် အသင်းပဲ ဗိုလ်စွဲပါလိမ့်မယ်။
သူတို့ဟာ ရှေ့ ၊လယ်၊ နောက် အရည်အသွေးမြင့် ကစားသမားတွေ ပြည့်နှက်နေပါတယ်။” လို့ ပြောပါတယ်။
ဖာဒီနန်ကလည်း ”ပြင်သစ်ဟာ ပြိုင်ပွဲဝင် အသင်းတွေထဲမှာ အရန်အင်အား အတောင့်တင်းဆုံးနဲ့ အရည်အသွေးမြင့် ကစားသမားတွေ အများဆုံး ပိုင်ဆိုင်ထားတဲ့ အသင်းပါ။
ဒါကြောင့်လည်း ပြင်သစ်ဟာ လာမယ့် ယူရိုမှာ ဗိုလ်စွဲရန် ရေပန်းအစားဆုံးလို့ ကျွန်တော် ထင်နေတာပါ။” လို့ ထောက်ခံပြောဆိုပါတယ်။
လိုင်နီကာက ”ပြင်သစ်ကို ကျော်ပြီး ရွေးချယ်ဖို့ အရမ်း ခက်ခဲပါတယ်။
သူတို့ဟာ လွန်ခဲ့တဲ့ ငါးနှစ်က ယူရိုဖိုင်နယ်ကို တက်ရောက်ခဲ့တဲ့ အသင်းဖြစ်တဲ့ အပြင် လွန်ခဲ့တဲ့ ၃ နှစ်က ကမ္ဘာ့ဖလားကို ဆွတ်ခူး နိုင်ခဲ့ပါတယ်။
အခုဆိုရင် သူတို့မှာ ဘန်ဇီးမားလည်း ရှိနေပါတယ်။ သူတို့ဟာ ပိုပြီး တိုးတက်လာမှာပါ။” လို့ ပြောဆိုလိုက်ပါတယ်။
စူပါ ကွန်ပျူတာကလည်း ပြင်သစ်အသင်းကို ရာခိုင်နှုန်းအများဆုံးနဲ့ ပထမနေရာ အတွက် ခန့်မှန်းပေးထားပါတယ်။
စူပါကွန်ပျူတာက တွက်ချက် ရာမှာ ပြိုင်ပွဲဝင် အသင်းတွေရဲ့ ကစား သမား အင်အား ၊ နောက်ဆုံး ၆ လ အတွင်းက ခြေစွမ်း + ရလဒ် တွေ အပြင်
ယူရို ၂၀၂၀ အုပ်စု အနေအထား နဲ့ ဗိုလ်လုပွဲဆီ သွားရာ လမ်းကြောင်းတွေကိုအခြေခံကာတွက်ချက်ခဲ့တာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ဖာဒီနန်၊ အလန်ရှီးယား၊ လိုင်နီကာ၊ စူပါကွန်ပျူတာတို့ တစ်လေသံတည်း ထောက်ခံတဲ့ ယူရိုဖလားရမယ့် အသင်း