

အသင္းရဲ႕လူငယ္ၾကယ္ပြင့္ေလး အန္ဆူဖာတီကို စပိန္ယူ-၂၁ အသင္းအတြက္သာ ကိုယ္စားျပဳကစားေစခ်င္တယ္လို႔ ဘာစီလိုနာနည္းျပဗယ္ဗာဒီက ဖြင့္ဟလိုက္ပါတယ္။ကက္တာလန္အေျခစိုက္အသင္းအတြက္ ဒီရာသီမွာေျခစြမ္းျပေနတဲ့ အသက္ ၁၆ႏွစ္အရြယ္တိုက္စစ္မွဴးေလးကို စပိန္ေဘာလံုးအဖြဲ႔ခ်ဳပ္က မ်က္စိက်ေနပါတယ္။ဖာတီရဲ႕အသက္က ယူ-၁၇ ေရာ ယူ-၂၁မွာပါ မီေနတာေၾကာင့္ ဘယ္အသင္းအတြက္ ေခၚမလဲဆိုတာေတာ့ မေသခ်ာေသးပါဘူး။ဒီသတင္းေတြနဲ႔ပတ္သက္ၿပီး ယူ-၂၁ အသင္းမွာသာ ကစားေစခ်င္တယ္လို႔ ဗယ္ဗာဒီက တုံ႔ျပန္လိုက္တာပါ။အေၾကာင္းကေတာ့ ဖာတီသာ စပိန္ယူ-၁၇အသင္းနဲ႔အတူ ယူ-၁၇ ကမာၻ႔ဖလားပြဲႏႊဲရင္ ရီးရဲလ္နဲ႔အယ္ကလက္စီကိုပြဲ အပါအ၀င္ ေအာက္တိုဘာနဲ႔ႏို၀င္ဘာမွာ ကစားရမယ့္ အဓိကပြဲႀကီးေတြနဲ႔လြဲဖို႔ရွိေနလို႔ပါပဲ။

“ ကၽြန္ေတာ္တို႔နဲ႔အတူ အခ်ိန္ပိုၿပီးရွိေနတာကို သေဘာက်တာေပါ့။တကယ္လို႔ ယူ-၂၁မွာ ပါသြားရင္ ႏိုင္ငံတကာပြဲစဥ္ေတြ ကစားရမယ့္ရက္ေတြမွာ သူ႔ကိုလႊတ္ေပးထားရမယ္။ဒါေပမဲ့ ယူ-၁၇အတြက္ ေရြးခ်ယ္ခံရရင္ေတာ့ အသင္းနဲ႔ခြဲရမယ့္အခ်ိန္ေတြ ပိုၿပီးမ်ားသြားမွာပါ။ဘာျဖစ္လာမလဲဆိုတာေတာ့ ေစာင့္ၾကည့္ရပါဦးမယ္။စပိန္ေဘာလံုးအဖြဲ႔ခ်ဳပ္ ဘယ္လိုဆံုးျဖတ္မလဲဆိုတာေပါ့။ကၽြန္ေတာ္တို႔အေနနဲ႔ အမ်ားႀကီးေျပာစရာမရွိပါဘူး။ဘယ္သူမဆို ကိုယ္ႀကိဳက္တာကို ဦးစားေပးေရြးခ်ယ္ၾကမွာပဲေလ။ဒါ သဘာ၀က်ပါတယ္ ”လို႔ ဗယ္ဗာဒီက ဖြင့္ဟသြားတာပါ။

လက္ရွိအခ်ိန္မွာ ဒဏ္ရာရေနတဲ့မက္ဆီရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနရဆဲျဖစ္ၿပီး ဘယ္ေတာ့ျပန္ကစားႏိုင္မလဲဆိုတာကို မခန္႔မွန္းႏိုင္ေသးဘူးလို႔လည္း ဘာစီလိုနာနည္းျပက ၀န္ခံသြားပါတယ္။ဒါ့အျပင္ ဒီတစ္ပတ္ရင္ဆိုင္ရမယ့္ ဂီတာေဖးနဲ႔ပြဲဟာ မႏွစ္ကလိုပဲ ခက္ခဲဦးမွာျဖစ္ေၾကာင္း၊အဲဒီအသင္းမွာ တိုက္စစ္ကစားသမားေကာင္းေတြ အမ်ားႀကီးရွိေနေၾကာင္း ဗယ္ဗာဒီက ေျပာဆိုခဲ့ပါတယ္။
(unicode)
အသင်းရဲ့လူငယ်ကြယ်ပွင့်လေး အန်ဆူဖာတီကို စပိန်ယူ-၂၁ အသင်းအတွက်သာ ကိုယ်စားပြုကစားစေချင်တယ်လို့ ဘာစီလိုနာနည်းပြဗယ်ဗာဒီက ဖွင့်ဟလိုက်ပါတယ်။ကက်တာလန်အခြေစိုက်အသင်းအတွက် ဒီရာသီမှာခြေစွမ်းပြနေတဲ့ အသက် ၁၆နှစ်အရွယ်တိုက်စစ်မှူးလေးကို စပိန်ဘောလုံးအဖွဲ့ချုပ်က မျက်စိကျနေပါတယ်။ဖာတီရဲ့အသက်က ယူ-၁၇ ရော ယူ-၂၁မှာပါ မီနေတာကြောင့် ဘယ်အသင်းအတွက် ခေါ်မလဲဆိုတာတော့ မသေချာသေးပါဘူး။ဒီသတင်းတွေနဲ့ပတ်သက်ပြီး ယူ-၂၁ အသင်းမှာသာ ကစားစေချင်တယ်လို့ ဗယ်ဗာဒီက တုံ့ပြန်လိုက်တာပါ။အကြောင်းကတော့ ဖာတီသာ စပိန်ယူ-၁၇အသင်းနဲ့အတူ ယူ-၁၇ ကမ္ဘာ့ဖလားပွဲနွှဲရင် ရီးရဲလ်နဲ့အယ်ကလက်စီကိုပွဲ အပါအဝင် အောက်တိုဘာနဲ့နိုဝင်ဘာမှာ ကစားရမယ့် အဓိကပွဲကြီးတွေနဲ့လွဲဖို့ရှိနေလို့ပါပဲ။“ ကျွန်တော်တို့နဲ့အတူ အချိန်ပိုပြီးရှိနေတာကို သဘောကျတာပေါ့။တကယ်လို့ ယူ-၂၁မှာ ပါသွားရင် နိုင်ငံတကာပွဲစဉ်တွေ ကစားရမယ့်ရက်တွေမှာ သူ့ကိုလွှတ်ပေးထားရမယ်။ဒါပေမဲ့ ယူ-၁၇အတွက် ရွေးချယ်ခံရရင်တော့ အသင်းနဲ့ခွဲရမယ့်အချိန်တွေ ပိုပြီးများသွားမှာပါ။ဘာဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရပါဦးမယ်။စပိန်ဘောလုံးအဖွဲ့ချုပ် ဘယ်လိုဆုံးဖြတ်မလဲဆိုတာပေါ့။ကျွန်တော်တို့အနေနဲ့ အများကြီးပြောစရာမရှိပါဘူး။ဘယ်သူမဆို ကိုယ်ကြိုက်တာကို ဦးစားပေးရွေးချယ်ကြမှာပဲလေ။ဒါ သဘာဝကျပါတယ် ”လို့ ဗယ်ဗာဒီက ဖွင့်ဟသွားတာပါ။လက်ရှိအချိန်မှာ ဒဏ်ရာရနေတဲ့မက်ဆီရဲ့ အခြေအနေကို စောင့်ကြည့်နေရဆဲဖြစ်ပြီး ဘယ်တော့ပြန်ကစားနိုင်မလဲဆိုတာကို မခန့်မှန်းနိုင်သေးဘူးလို့လည်း ဘာစီလိုနာနည်းပြက ဝန်ခံသွားပါတယ်။ဒါ့အပြင် ဒီတစ်ပတ်ရင်ဆိုင်ရမယ့် ဂီတာဖေးနဲ့ပွဲဟာ မနှစ်ကလိုပဲ ခက်ခဲဦးမှာဖြစ်ကြောင်း၊အဲဒီအသင်းမှာ တိုက်စစ်ကစားသမားကောင်းတွေ အများကြီးရှိနေကြောင်း ဗယ်ဗာဒီက ပြောဆိုခဲ့ပါတယ်။