ဖာဂူဆန်၊ အက်ဒ်ဝုဒ်ဝါ့ဒ်နဲ့ တခြား လူကြီးတွေဆုံတဲ့ ယူနိုက်တက် နေ့လည်စာ စားပွဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကြာသပတေးနေ့နေ့လည်ပိုင်းက မန်ချက်စတာမြို့လယ်မှာရှိတဲ့ “The Ivy” စားသောက်ဆိုင်မှာ ယူနိုက်တက်အကြီးအကဲတွေ နေ့လည်စာစားပွဲတစ်ခုကိုတက်ရောက်ခဲ့တယ်လို့သိရပါတယ်။

နည်းပြဆိုးလ်ရှား၊ နည်းပြဟောင်းကြီး ဆာအဲလက်စ်ဖာဂူဆန်၊ အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝါ့ဒ် အပါအဝင် ယူနိုက်တက်ရဲ့စီမံခန့်ခွဲရေးနဲ့ဘုတ်အဖွဲ့ဝင်လူကြီးတွေလည်းတက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် နည်းစနစ်ဒါရိုက်တာဖလက်ချာ၊ အမှုဆောင်ချုပ်ဟောင်းဒေးဗစ်ဂီးလ်နဲ့ ကလပ်အသင်းဒါရိုက်တာမိုက်ခ်အီဒယ်လ်ဆန်တို့လည်း ပါဝင်ခဲ့တယ်လို့သိရပါတယ်။

မကြာခင်မှာ ယူနိုက်တက်ဟာ နယူးကာဆယ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

အဆိုပါပွဲကို ရော်နယ်ဒိုလွဲချော်နိုင်တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပေမယ့် ကြယ်ပွင့်ကစားသမားကတော့ အိမ်ကွင်းအိုးထရက်ဖို့ဒ်ကို အသင်းသားတစ်ဦးအဖြစ်နဲ့ ပြန်လည်ရောက်ရှိချိန်မှာ ပထမဆုံးအကြိမ်ဝင်ရောက်ခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်အိမ်ကွင်းဂျာစီကို ဝတ်ဆင်ထားတဲ့ရော်နယ်ဒိုကို အသင်းဖော်ဟောင်းဝက်စ်ဘရောင်းနဲ့အတူ တွေ့ရှိခဲ့ရပြီး MUTV က ရိုက်ကူးရေးပြုလုပ်နေခဲ့ပါတယ်။

ဒီတစ်ပတ်မှာပြန်လည်စတင်မယ့် ပရီးမီးယားလိဂ်ကတော့ ရော်နယ်ဒိုကြောင့် လှုပ်လှုပ်ခတ်ခတ်ဖြစ်နေသလို စိတ်လှုပ်ရှားစရာလည်းကောင်းနေပါတယ်။ နယူးကာဆယ်နဲ့ပွဲအတွက် လက်မှတ်တွေကိုလည်း ကုန်စင်အောင်ရောင်းချခဲ့ရတယ်လို့သိရပါတယ်။

နေ့လည်စာစားပွဲကို တက်လာတဲ့ ဖာဂူဆန်နဲ့ ဆိုးလ်ရှားအတွက် စီရော်နယ်ဒို ပြောဆိုခဲ့ဖူးတာကတော့ “ဆာအဲလက်စ်က ကျွန်တော့်အတွက်တော့ဘောလုံးလောကရဲ့ဖခင်ပါပဲ။ ကျွန်တော့်ကိုအကူအညီတွေအများကြီးပေးခဲ့တယ်။ ပညာစုံသင်ပေးခဲ့တယ်။

ဆိုးလ်ရှား နဲ့ ကျွန်တော်ကတော့ ယူနိုက်တက်မှာ ၂နှစ်၊ ၃နှစ် အတူကစားဖူးတယ်။

ဒီတော့ ကျွန်တော်တို့ကြားကဆက်ဆံရေးကလည်းအရမ်းကောင်းတယ် ဒါပေမယ့် အခုတော့ သူကနည်းပြတစ်ယောက်ဖြစ်နေပြီး ကျွန်တော်က ကစားသမားတစ်ယောက်ဖြစ်နေတယ်။

ဒါပေမယ့် ကိစ္စတော့မရှိပါဘူး။ သူနဲ့ကျွန်တော့်ကြားမှာဆက်ဆံရေးကောင်းတွေရှိတယ်။” ဆိုပြီး ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖာဂူဆန္၊ အက္ဒ္ဝုဒ္ဝါ့ဒ္နဲ႔ တျခား လူႀကီးေတြဆုံတဲ့ ယူႏိုက္တက္ ေန႔လည္စာ စားပြဲ

ၾကာသပေတးေန႔ေန႔လည္ပိုင္းက မန္ခ်က္စတာၿမိဳ႕လယ္မွာရွိတဲ့ “The Ivy” စားေသာက္ဆိုင္မွာ ယူႏိုက္တက္အႀကီးအကဲေတြ ေန႔လည္စာစားပြဲတစ္ခုကိုတက္ေရာက္ခဲ့တယ္လို႔သိရပါတယ္။ နည္းျပဆိုးလ္ရွား၊ နည္းျပေဟာင္းႀကီး ဆာအဲလက္စ္ဖာဂူဆန္၊ အမႈေဆာင္ခ်ဳပ္ အက္ဒ္ဝုဒ္ဝါ့ဒ္ အပါအဝင္ ယူႏိုက္တက္ရဲ႕စီမံခန႔္ခြဲေရးနဲ႔ဘုတ္အဖြဲ႕ဝင္လူႀကီးေတြလည္းတက္ေရာက္ခဲ့ပါတယ္။

ဒါ့အျပင္ နည္းစနစ္ဒါ႐ိုက္တာဖလက္ခ်ာ၊ အမႈေဆာင္ခ်ဳပ္ေဟာင္းေဒးဗစ္ဂီးလ္နဲ႔ ကလပ္အသင္းဒါ႐ိုက္တာမိုက္ခ္အီဒယ္လ္ဆန္တို႔လည္း ပါဝင္ခဲ့တယ္လို႔သိရပါတယ္။

မၾကာခင္မွာ ယူႏိုက္တက္ဟာ နယူးကာဆယ္နဲ႔ ကစားရမွာ ျဖစ္ပါတယ္။ အဆိုပါပြဲကို ေရာ္နယ္ဒိုလြဲေခ်ာ္ႏိုင္တယ္လို႔လည္း သတင္းေတြထြက္ေပၚေနေပမယ့္ ၾကယ္ပြင့္ကစားသမားကေတာ့ အိမ္ကြင္းအိုးထရက္ဖို႔ဒ္ကို အသင္းသားတစ္ဦးအျဖစ္နဲ႔ ျပန္လည္ေရာက္ရွိခ်ိန္မွာ ပထမဆုံးအႀကိမ္ဝင္ေရာက္ခဲ့ၿပီျဖစ္ပါတယ္။ ယူႏိုက္တက္အိမ္ကြင္းဂ်ာစီကို ဝတ္ဆင္ထားတဲ့ေရာ္နယ္ဒိုကို အသင္းေဖာ္ေဟာင္းဝက္စ္ဘေရာင္းနဲ႔အတူ ေတြ႕ရွိခဲ့ရၿပီး MUTV က ႐ိုက္ကူးေရးျပဳလုပ္ေနခဲ့ပါတယ္။

ဒီတစ္ပတ္မွာျပန္လည္စတင္မယ့္ ပရီးမီးယားလိဂ္ကေတာ့ ေရာ္နယ္ဒိုေၾကာင့္ လႈပ္လႈပ္ခတ္ခတ္ျဖစ္ေနသလို စိတ္လႈပ္ရွားစရာလည္းေကာင္းေနပါတယ္။ နယူးကာဆယ္နဲ႔ပြဲအတြက္ လက္မွတ္ေတြကိုလည္း ကုန္စင္ေအာင္ေရာင္းခ်ခဲ့ရတယ္လို႔သိရပါတယ္။

ေန႔လည္စာစားပြဲကို တက္လာတဲ့ ဖာဂူဆန္နဲ႔ ဆိုးလ္ရွားအတြက္ စီေရာ္နယ္ဒို ေျပာဆိုခဲ့ဖူးတာကေတာ့ “ဆာအဲလက္စ္က ကြၽန္ေတာ့္အတြက္ေတာ့ေဘာလုံးေလာကရဲ႕ဖခင္ပါပဲ။ ကြၽန္ေတာ့္ကိုအကူအညီေတြအမ်ားႀကီးေပးခဲ့တယ္။ ပညာစုံသင္ေပးခဲ့တယ္။ ဆိုးလ္ရွား နဲ႔ ကြၽန္ေတာ္ကေတာ့ ယူႏိုက္တက္မွာ ၂ႏွစ္၊ ၃ႏွစ္ အတူကစားဖူးတယ္။ ဒီေတာ့ ကြၽန္ေတာ္တို႔ၾကားကဆက္ဆံေရးကလည္းအရမ္းေကာင္းတယ္ ဒါေပမယ့္ အခုေတာ့ သူကနည္းျပတစ္ေယာက္ျဖစ္ေနၿပီး ကြၽန္ေတာ္က ကစားသမားတစ္ေယာက္ျဖစ္ေနတယ္။ ဒါေပမယ့္ ကိစၥေတာ့မရွိပါဘူး။ သူနဲ႔ကြၽန္ေတာ့္ၾကားမွာဆက္ဆံေရးေကာင္းေတြရွိတယ္။” ဆိုၿပီး ျဖစ္ပါတယ္။