ဖာဂူဆန်၊ ဗန်ဂေါလ်နဲ့ မော်ရင်ဟို တို့ကြောင့် ဒါဘီနည်းပြသစ်ဖြစ်လာနိုင်တဲ့ ဝိန်းရူနီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒါဘီကောင်တီအသင်းဟာ နည်းပြဖိလစ်ကိုကူး နဲ့လမ်းခွဲလိုက်ပြီးနောက် မန်ယူတိုက်စစ်မှူးဟောင်း ဝိန်းရူနီအပါအဝင် စုစုပေါင်း ၄ ဦးနဲ့ ယာယီနည်းပြ အဖွဲ့တစ်ခုကိုဖွဲ့စည်းလိုက်ပါတယ်။ နယ်သာလန်သားဖြစ်တဲ့ ကိုကူးဟာ ပြီးခဲ့တဲ့တစ်ပတ်ကရာထူးကနေထုတ်ပယ်ခံလိုက် ရသူဖြစ်ပြီးလက်ရှိနည်းပြ အဖွဲ့ထဲမှာ ရှေးဂစ်ဗင်၊ လီယမ်ရိုစီနီယာနဲ့ ဂျက်စတင်ဝေါ်လ်ကာ တို့လည်းပါဝင်ပါတယ်။

သူတို့အဖွဲ့ဟာ စနေနေ့မှာ ဘရစ္စတိုးနဲ့ ကစားရမယ့်ပွဲကို တာဝန်ယူဖို့ရှိပါတယ်။ အခုလိုယာယီနည်းပြ နည်းပြအဖွဲ့ဖွဲ့ထားပေမယ့် ဒါဘီအသင်းဟာ နည်းပြသစ်တစ်ဦးကို ရှာဖွေလျက်ရှိပါတယ်။ လောလောဆယ်မှာ ပိုင်ရှင်အပြောင်းအလဲဖြစ်နေတဲ့ကာလကြောင့် နည်းပြသစ်ကိုတွေ့ရဖို့ ရက်အနည်းငယ်စောင့်ဆိုင်း ရဖို့လည်းရှိနေတာပါ။

လက်ရှိပိုင်ရှင် မဲလ်မောရစ္စဟာ ယူအေအီးစော်ဘွားတစ်ဦးဖြစ်တဲ့ ခါလစ်ဘင်ဇာယက်အယ်လ်နာယန်ကို ရောင်းချဖို့သဘောတူခဲ့တာပါ။ ရှိတ်ခါလစ်ဟာ ၂၀၁၈ မှာလီဗာပူး၊ ၂၀၁၉ မှာနယူးကာဆယ်တို့ကို ဝယ်ယူဖို့ကမ်းလှမ်းခဲ့သေးသူဖြစ်ပြီး အောင်မြင်မှုတော့မရခဲ့ပါဘူး။

သူဟာ မန်စီးတီးပိုင်ရှင် ရှိတ်မန်ဆောနဲ့ ညီအစ်ကိုဝမ်းကွဲတော်စပ်သူလည်း ဖြစ်ပါတယ်။ မန်စီးတီးရဲ့အောင်မြင်လာမှုတွေကြောင့် ယူအေအီးရဲ့ ပုံရိပ်ပိုမိုတိုးတက်လာတာကြောင့် ရှိတ်ခါလစ်ကလည်း အင်္ဂလိပ်ဘောလုံးအသင်းတစ်ခု ဝယ်ယူလိုလာတာဖြစ်ပါတယ်။

ကိုကူးလက်ထက်ကတည်းက ကစားသမား/နည်းပြအဖြစ်ဆောင်ရွက်ခဲ့တဲ့ ရူနီဟာလက်ရှိမှာ ဒါဘီနည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေတာပါ။ သူဟာ ဖာဂူဆန်၊ ကာပယ်လို၊ ဗန်ဂေါလ်၊ မော်ရင်ဟို အစရှိတဲ့နာမည်ကျော်နည်းပြတွေနဲ့လက်တွဲလာခဲ့သူဖြစ်လို့ နည်းပြပိုင်းအတွေ့အကြုံများစွာ ရယူနိုင်ခဲ့တာပါ။

ဒါ့အပြင် အင်္ဂလန်နဲ့ မန်ယူတို့ရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့မှု၊ ကစားသမားဘဝမှာ ထိပ်တန်းအဆင့်ကျင်လည်တဲ့အချိန်များစွာရှိမှုကလည်း သူ့ကိုဒါဘီနည်းပြဖြစ်လာစေနိုင်တဲ့ အချက်တွေပါဘဲ။ သူဟာ ဖာဂူဆန်နဲ့ အရမ်းပြေလည်သူအဖြစ် လူသိများခဲ့ပေမယ့် သူတို့ကြားမှာအငြင်းပွားမှုတွေမကြာခဏရှိခဲ့တယ်ဆိုတာကို မကြာသေးခင်ကမှထုတ်ပြောခဲ့တာပါ။

ဖာဂူဆန်ရဲ့ကစားသမားစီမံခန့်ခွဲမှုတွေကိုတော့ သဘောကျနေပြီး အငြင်းအခုံဖြစ်ခြင်းက တိုးတက်ဖို့နည်းလမ်းတစ်ခုလို့ လည်းဆိုပါတယ်။ သူဟာဒေါသထွက်လေ ခြေစွမ်းပိုကောင်းလေဆိုတာကို ဖာဂူဆန်ကောင်းကောင်းသိခဲ့တယ်လို့လည်း ဖွင့်ဟခဲ့သူပါ။

ဗန်ဂေါလ်ဟာ နည်းစနစ်အရည်အသွေးပြည့်ဝသူဖြစ်ပြီး အသေးစိတ်ကအစ ပြင်ဆင်တတ်သူဖြစ်လို့ သူသိပ်ကြိုက်တဲ့နည်းပြ ဖြစ်ခဲ့တယ်လို့လည်း ရူနီကဆိုပါတယ်။ မော်ရင်ဟိုအကြောင်းတော့သူသိပ်မပြောပေမယ့် ခေါင်းမာတဲ့သူဖြစ်ပြီး လိုချင်တာကိုမရရအောင်လုပ်တတ်သူလို့ ပြောခဲ့ပါတယ်။

ပြောရမယ်ဆိုရင် ရူနီဟာ ခေတ်သစ်ဘောလုံးလောကရဲ့ ဂုရု တွေလို့သတ်မှတ်ရမယ့် နည်းပြ ၃ ဦးလက်အောက်မှာ ရရှိခဲ့တဲ့အတွေ့အကြုံတွေကြောင့် ဒါဘီနည်းပြ ရာထူးအတွက်အဆင်သင့်ဖြစ်နေမယ့်သူလို့ ဆိုရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖာဂူဆန္၊ ဗန္ေဂါလ္နဲ႔ ေမာ္ရင္ဟို တို႔ေၾကာင့္ ဒါဘီနည္းျပသစ္ျဖစ္လာႏိုင္တဲ့ ဝိန္း႐ူနီ

ဒါဘီေကာင္တီအသင္းဟာ နည္းျပဖိလစ္ကိုကူး နဲ႔လမ္းခြဲလိုက္ၿပီးေနာက္ မန္ယူတိုက္စစ္မႉးေဟာင္း ဝိန္း႐ူနီအပါအဝင္ စုစုေပါင္း ၄ ဦးနဲ႔ ယာယီနည္းျပ အဖြဲ႕တစ္ခုကိုဖြဲ႕စည္းလိုက္ပါတယ္။ နယ္သာလန္သားျဖစ္တဲ့ ကိုကူးဟာ ၿပီးခဲ့တဲ့တစ္ပတ္ကရာထူးကေနထုတ္ပယ္ခံလိုက္ ရသူျဖစ္ၿပီးလက္ရွိနည္းျပ အဖြဲ႕ထဲမွာ ေရွးဂစ္ဗင္၊ လီယမ္႐ိုစီနီယာနဲ႔ ဂ်က္စတင္ေဝၚလ္ကာ တို႔လည္းပါဝင္ပါတယ္။

သူတို႔အဖြဲ႕ဟာ စေနေန႔မွာ ဘရစၥတိုးနဲ႔ ကစားရမယ့္ပြဲကို တာဝန္ယူဖို႔ရွိပါတယ္။ အခုလိုယာယီနည္းျပ နည္းျပအဖြဲ႕ဖြဲ႕ထားေပမယ့္ ဒါဘီအသင္းဟာ နည္းျပသစ္တစ္ဦးကို ရွာေဖြလ်က္ရွိပါတယ္။ ေလာေလာဆယ္မွာ ပိုင္ရွင္အေျပာင္းအလဲျဖစ္ေနတဲ့ကာလေၾကာင့္ နည္းျပသစ္ကိုေတြ႕ရဖို႔ ရက္အနည္းငယ္ေစာင့္ဆိုင္း ရဖို႔လည္းရွိေနတာပါ။

လက္ရွိပိုင္ရွင္ မဲလ္ေမာရစၥဟာ ယူေအအီးေစာ္ဘြားတစ္ဦးျဖစ္တဲ့ ခါလစ္ဘင္ဇာယက္အယ္လ္နာယန္ကို ေရာင္းခ်ဖို႔သေဘာတူခဲ့တာပါ။ ရွိတ္ခါလစ္ဟာ ၂၀၁၈ မွာလီဗာပူး၊ ၂၀၁၉ မွာနယူးကာဆယ္တို႔ကို ဝယ္ယူဖို႔ကမ္းလွမ္းခဲ့ေသးသူျဖစ္ၿပီး ေအာင္ျမင္မႈေတာ့မရခဲ့ပါဘူး။

သူဟာ မန္စီးတီးပိုင္ရွင္ ရွိတ္မန္ေဆာနဲ႔ ညီအစ္ကိုဝမ္းကြဲေတာ္စပ္သူလည္း ျဖစ္ပါတယ္။ မန္စီးတီးရဲ႕ေအာင္ျမင္လာမႈေတြေၾကာင့္ ယူေအအီးရဲ႕ ပုံရိပ္ပိုမိုတိုးတက္လာတာေၾကာင့္ ရွိတ္ခါလစ္ကလည္း အဂၤလိပ္ေဘာလုံးအသင္းတစ္ခု ဝယ္ယူလိုလာတာျဖစ္ပါတယ္။

ကိုကူးလက္ထက္ကတည္းက ကစားသမား/နည္းျပအျဖစ္ေဆာင္႐ြက္ခဲ့တဲ့ ႐ူနီဟာလက္ရွိမွာ ဒါဘီနည္းျပသစ္ျဖစ္လာဖို႔ ေရပန္းစားေနတာပါ။ သူဟာ ဖာဂူဆန္၊ ကာပယ္လို၊ ဗန္ေဂါလ္၊ ေမာ္ရင္ဟို အစရွိတဲ့နာမည္ေက်ာ္နည္းျပေတြနဲ႔လက္တြဲလာခဲ့သူျဖစ္လို႔ နည္းျပပိုင္းအေတြ႕အႀကဳံမ်ားစြာ ရယူႏိုင္ခဲ့တာပါ။

ဒါ့အျပင္ အဂၤလန္နဲ႔ မန္ယူတို႔ရဲ႕ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ခဲ့မႈ၊ ကစားသမားဘဝမွာ ထိပ္တန္းအဆင့္က်င္လည္တဲ့အခ်ိန္မ်ားစြာရွိမႈကလည္း သူ႔ကိုဒါဘီနည္းျပျဖစ္လာေစႏိုင္တဲ့ အခ်က္ေတြပါဘဲ။ သူဟာ ဖာဂူဆန္နဲ႔ အရမ္းေျပလည္သူအျဖစ္ လူသိမ်ားခဲ့ေပမယ့္ သူတို႔ၾကားမွာအျငင္းပြားမႈေတြမၾကာခဏရွိခဲ့တယ္ဆိုတာကို မၾကာေသးခင္ကမွထုတ္ေျပာခဲ့တာပါ။

ဖာဂူဆန္ရဲ႕ကစားသမားစီမံခန႔္ခြဲမႈေတြကိုေတာ့ သေဘာက်ေနၿပီး အျငင္းအခုံျဖစ္ျခင္းက တိုးတက္ဖို႔နည္းလမ္းတစ္ခုလို႔ လည္းဆိုပါတယ္။ သူဟာေဒါသထြက္ေလ ေျခစြမ္းပိုေကာင္းေလဆိုတာကို ဖာဂူဆန္ေကာင္းေကာင္းသိခဲ့တယ္လို႔လည္း ဖြင့္ဟခဲ့သူပါ။

ဗန္ေဂါလ္ဟာ နည္းစနစ္အရည္အေသြးျပည့္ဝသူျဖစ္ၿပီး အေသးစိတ္ကအစ ျပင္ဆင္တတ္သူျဖစ္လို႔ သူသိပ္ႀကိဳက္တဲ့နည္းျပ ျဖစ္ခဲ့တယ္လို႔လည္း ႐ူနီကဆိုပါတယ္။ ေမာ္ရင္ဟိုအေၾကာင္းေတာ့သူသိပ္မေျပာေပမယ့္ ေခါင္းမာတဲ့သူျဖစ္ၿပီး လိုခ်င္တာကိုမရရေအာင္လုပ္တတ္သူလို႔ ေျပာခဲ့ပါတယ္။

ေျပာရမယ္ဆိုရင္ ႐ူနီဟာ ေခတ္သစ္ေဘာလုံးေလာကရဲ႕ ဂု႐ု ေတြလို႔သတ္မွတ္ရမယ့္ နည္းျပ ၃ ဦးလက္ေအာက္မွာ ရရွိခဲ့တဲ့အေတြ႕အႀကဳံေတြေၾကာင့္ ဒါဘီနည္းျပ ရာထူးအတြက္အဆင္သင့္ျဖစ္ေနမယ့္သူလို႔ ဆိုရမွာပါ။