ဖာဂူဆန်အတွက် ဘာပဲလုပ်ရလုပ်ရဆိုတဲ့ ချီချာရီတို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

“ပဲစေ့လေး’ရယ်လို့ နာမည်ပြောင်တွင်ခဲ့တဲ့ မက္ကဆီကို တိုက်စစ်မှူး ချီချာရီတိုဟာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက်အတွက် ၅နှစ်ကြာ ကစားပေးခဲ့သူပါ။

၅နှစ်တာအတွင်း ၁၅၇ ပွဲကစား၊ ၅၉ ဂိုးသွင်းခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်မှာ အောင်မြင်ခဲ့ပေမယ့် အသင်းမပြောင်းခင် ဂန္ထဝင်နည်းပြ ဖာဂူဆန်နဲ့ဖုန်းပြောတော့ တော်တော်လေး အကြပ်တွေ့ခဲ့ပါတယ်။

အထူးသဖြင့် စကော့သံဝဲဝဲနဲ့ ဖာဂူဆန်ရဲ့ အင်္ဂလိပ်စကားကို နားလည်အောင် တော်တော် သူ ကြိုးစားခဲ့ရပါတယ်။

ဒါပေမယ့် ဖာဂူဆန်လက်အောက်မှာ တကယ် ကစားခွင့်ရတဲ့အချိန်မှာတော့ နည်းပြကြီးအတွက် ဘာပဲလုပ်ရရ အစွမ်းကုန်ကြိုးစားပေးဖို့အထိ သူ ဆုံးဖြတ်ထားပါတယ်။

ဒီအကြောင်းတွေကို မန်ချက်စတာယူနိုက်တက်မီဒီယာနဲ့အင်တာဗျူးမှာ ချီချာရီတိုက အခုလို ပြောပါတယ်။

“ကျနော့်ကို ဆာအဲလက်စ်ဖာဂူဆန်ခေါ်လာတဲ့ဖုန်းကောက ဖြေဖူးသမျှတွေထဲ အရှုပ်ထွေးဆုံးနဲ့နားလည်ရအခက်ဆုံးဖုန်းကောတစ်ခုပါပဲ၊ ကိုယ့်လူရေ!

ဆာအဲလက်စ်ရဲ့စကော့တလန်လေယူလေသိမ်းကြီးကဗျာ ….. ဆာအဲလက်စ်ကျနော့်ကိုဖုန်းခေါ်လာတဲ့အချိန်မှာ အဲ့ဒီ စကော့တလန်လေသံဝဲနေတဲ့အင်္ဂလိပ်စကားကို ကျနော် တော်တော်နားလည်ရခက်နေတယ်။

ဖုန်းကိုင်ပြီးဗျာများနေတဲ့ကျနော်ပေါ့၊ ခင်ဗျားတို့ပုံဖော်ကြည့်။

သူက မန်ချက်စတာမှာ၊ ကျနော်က ဂွာဒါလာဂျာရာမှာ။ ဖုန်းပြောဖူးတာကလည်း ဒါပထမဆုံးပဲ။

ပြီးတော့ ဖုန်းလိုင်းအနေအထားကိုလည်းထည့်တွက်ဦး။

ဒီတော့ ကျနော့်ဘဝမှာ ဖုန်းကောတစ်ခုကို ဒီလောက်ကြီးထိအာရုံစိုက်ပြီးတစ်ခါမှမပြောခဲ့ဖူးဘူး၊

ကျနော်အပါအဝင် ကျနော့်မိသားစုနဲ့ညစာအတူစားချင်တယ်လို့ သူပြောတယ်။

အဲ့ဒီညစာစားပွဲမှာ သူ့ကိုယ်သူမိတ်ဆက်ပြသွားတာတွေ၊ လူကြီးလူကောင်းတစ်ယောက်လိုဆက်ဆံပုံတွေ၊ ကျနော့်မိသားစုအပေါ်ဆက်ဆံပုံတွေကိုကြည့်ပြီး ကျနော်စဉ်းစားမိတယ်၊။

ဒီနည်းပြအတွက် ကွင်းထဲမှာငါ့ကိုယ်ငါစတေးရမယ်ဆိုရင်လည်း ငါစတေးပစ်လိုက်မှာ။ သေချာတယ်။

ငါ သေချာပေါက် ဘာဖြစ်ဖြစ်ကိုလုပ်မှာ။ ယုံဖို့တော့ခက်လိမ့်မယ်။

ဆာအဲလက်စ်ဖာဂူဆန်ဆိုတာ ကျနော့်အတွက် အံ့ဩဖို့ကောင်းတဲ့ပုဂ္ဂိုလ်တစ်ယောက်ပါပဲ”လို့ ချီချာရီတိုက ပြောပါတယ်။

ချီချာရီတိုဟာ အခုအခါ မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်အက်ဖ်စီမှာ ကစားနေပြီး အိမ်ထောင်ရေးပြဿနာကြောင့် စိတ်ညစ်စရာတွေနဲ့ ရင်ဆိုင်နေရပေမယ့် ကလေး ၂ဦးအတွက် ဘဝကို အကောင်းဆုံးရင်ဆိုင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။

ဟာနန်ဒက်စ်ဟာ သြစတြေးလျမော်ဒယ် ဆာရာခိုဟန်နဲ့ လက်ထပ်ခဲ့ပြီး ကလေး ၂ ဦးရခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၁ခုနှစ်၊ နှစ်ဆန်းပိုင်းကတည်းက အိမ်ထောင်ရေးမပြေလည်တာတွေရှိခဲ့ပြီး အခုတော့ တရားဝင်ကွာရှင်းသွားပါပြီ။

သတင်းတွေအရ ဆာရာခိုဟန်ဟာ မက္ကဆီကို သမိုင်းလေ့လာရေးပညာရှင်တစ်ဦးဖြစ်တဲ့ ဒရေးဖပ်စ်နဲ့ ငြိစွန်းခဲ့တယ်လို့ဆိုထားပေမယ့် ကာယကံရှင်တွေကတော့ ဒါကို ငြင်းဆိုထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖာဂူဆန္အတြက္ ဘာပဲလုပ္ရလုပ္ရဆိုတဲ့ ခ်ီခ်ာရီတို

“ပဲေစ့ေလး’ရယ္လို႔ နာမည္ေျပာင္တြင္ခဲ့တဲ့ မကၠဆီကို တိုက္စစ္မႉး ခ်ီခ်ာရီတိုဟာနန္ဒက္စ္ဟာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ၅ႏွစ္ၾကာ ကစားေပးခဲ့သူပါ။ ၅ႏွစ္တာအတြင္း ၁၅၇ ပြဲကစား၊ ၅၉ ဂိုးသြင္းခဲ့ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္မွာ ေအာင္ျမင္ခဲ့ေပမယ့္ အသင္းမေျပာင္းခင္ ဂႏၴဝင္နည္းျပ ဖာဂူဆန္နဲ႔ဖုန္းေျပာေတာ့ ေတာ္ေတာ္ေလး အၾကပ္ေတြ႕ခဲ့ပါတယ္။

အထူးသျဖင့္ စေကာ့သံဝဲဝဲနဲ႔ ဖာဂူဆန္ရဲ႕ အဂၤလိပ္စကားကို နားလည္ေအာင္ ေတာ္ေတာ္ သူ ႀကိဳးစားခဲ့ရပါတယ္။ ဒါေပမယ့္ ဖာဂူဆန္လက္ေအာက္မွာ တကယ္ ကစားခြင့္ရတဲ့အခ်ိန္မွာေတာ့ နည္းျပႀကီးအတြက္ ဘာပဲလုပ္ရရ အစြမ္းကုန္ႀကိဳးစားေပးဖို႔အထိ သူ ဆုံးျဖတ္ထားပါတယ္။ ဒီအေၾကာင္းေတြကို မန္ခ်က္စတာယူႏိုက္တက္မီဒီယာနဲ႔အင္တာဗ်ဴးမွာ ခ်ီခ်ာရီတိုက အခုလို ေျပာပါတယ္။

“က်ေနာ့္ကို ဆာအဲလက္စ္ဖာဂူဆန္ေခၚလာတဲ့ဖုန္းေကာက ေျဖဖူးသမွ်ေတြထဲ အရႈပ္ေထြးဆုံးနဲ႔နားလည္ရအခက္ဆုံးဖုန္းေကာတစ္ခုပါပဲ၊ ကိုယ့္လူေရ! ဆာအဲလက္စ္ရဲ႕စေကာ့တလန္ေလယူေလသိမ္းႀကီးကဗ်ာ ….. ဆာအဲလက္စ္က်ေနာ့္ကိုဖုန္းေခၚလာတဲ့အခ်ိန္မွာ အဲ့ဒီ စေကာ့တလန္ေလသံဝဲေနတဲ့အဂၤလိပ္စကားကို က်ေနာ္ ေတာ္ေတာ္နားလည္ရခက္ေနတယ္။ ဖုန္းကိုင္ၿပီးဗ်ာမ်ားေနတဲ့က်ေနာ္ေပါ့၊ ခင္ဗ်ားတို႔ပုံေဖာ္ၾကည့္။ သူက မန္ခ်က္စတာမွာ၊ က်ေနာ္က ဂြာဒါလာဂ်ာရာမွာ။ ဖုန္းေျပာဖူးတာကလည္း ဒါပထမဆုံးပဲ။ ၿပီးေတာ့ ဖုန္းလိုင္းအေနအထားကိုလည္းထည့္တြက္ဦး။ ဒီေတာ့ က်ေနာ့္ဘဝမွာ ဖုန္းေကာတစ္ခုကို ဒီေလာက္ႀကီးထိအာ႐ုံစိုက္ၿပီးတစ္ခါမွမေျပာခဲ့ဖူးဘူး၊

က်ေနာ္အပါအဝင္ က်ေနာ့္မိသားစုနဲ႔ညစာအတူစားခ်င္တယ္လို႔ သူေျပာတယ္။ အဲ့ဒီညစာစားပြဲမွာ သူ႔ကိုယ္သူမိတ္ဆက္ျပသြားတာေတြ၊ လူႀကီးလူေကာင္းတစ္ေယာက္လိုဆက္ဆံပုံေတြ၊ က်ေနာ့္မိသားစုအေပၚဆက္ဆံပုံေတြကိုၾကည့္ၿပီး က်ေနာ္စဥ္းစားမိတယ္၊။ ဒီနည္းျပအတြက္ ကြင္းထဲမွာငါ့ကိုယ္ငါစေတးရမယ္ဆိုရင္လည္း ငါစေတးပစ္လိုက္မွာ။ ေသခ်ာတယ္။ ငါ ေသခ်ာေပါက္ ဘာျဖစ္ျဖစ္ကိုလုပ္မွာ။ ယုံဖို႔ေတာ့ခက္လိမ့္မယ္။ ဆာအဲလက္စ္ဖာဂူဆန္ဆိုတာ က်ေနာ့္အတြက္ အံ့ဩဖို႔ေကာင္းတဲ့ပုဂၢိဳလ္တစ္ေယာက္ပါပဲ”လို႔ ခ်ီခ်ာရီတိုက ေျပာပါတယ္။

ခ်ီခ်ာရီတိုဟာ အခုအခါ ေမဂ်ာလိဂ္ကလပ္ ေလာ့စ္အိန္ဂ်လိစ္အက္ဖ္စီမွာ ကစားေနၿပီး အိမ္ေထာင္ေရးျပႆနာေၾကာင့္ စိတ္ညစ္စရာေတြနဲ႔ ရင္ဆိုင္ေနရေပမယ့္ ကေလး ၂ဦးအတြက္ ဘဝကို အေကာင္းဆုံးရင္ဆိုင္သြားဖို႔ ဆုံးျဖတ္ထားပါတယ္။ ဟာနန္ဒက္စ္ဟာ ၾသစေၾတးလ်ေမာ္ဒယ္ ဆာရာခိုဟန္နဲ႔ လက္ထပ္ခဲ့ၿပီး ကေလး ၂ ဦးရခဲ့ပါတယ္။ ဒါေပမယ့္ ၂၀၂၁ခုႏွစ္၊ ႏွစ္ဆန္းပိုင္းကတည္းက အိမ္ေထာင္ေရးမေျပလည္တာေတြရွိခဲ့ၿပီး အခုေတာ့ တရားဝင္ကြာရွင္းသြားပါၿပီ။ သတင္းေတြအရ ဆာရာခိုဟန္ဟာ မကၠဆီကို သမိုင္းေလ့လာေရးပညာရွင္တစ္ဦးျဖစ္တဲ့ ဒေရးဖပ္စ္နဲ႔ ၿငိစြန္းခဲ့တယ္လို႔ဆိုထားေပမယ့္ ကာယကံရွင္ေတြကေတာ့ ဒါကို ျငင္းဆိုထားပါတယ္။