ဖာဂူဆန်ရဲ့ အကြံပေးစကားကိုတောင်နားမထောင်တော့တဲ့ ဆိုးလ်ရှားရဲ့ ပွဲထွက်စာရင်းမှာ ရော်နယ်ဒိုတော့ အရံခုံထိုင်ရမယ့်အခြေအနေရောက်လာပြီလား…?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုက သူဟာ ပရီးမီးယားလိဂ်ပွဲတိုင်းမှာ ပွဲထွက်ကစားဖို့အတွက်

ကြံ့ခိုင်မှုအပြည့်ရှိတယ်ဆိုပြီး နည်းပြဆိုးလ်ရှားကို အသိပေးခဲ့တယ်လို့ သတင်းထွက်နေပါတယ်။

ယူနိုက်တက်အသင်း နောက်ဆုံးကစားခဲ့တဲ့ အဲဗာတန်နဲ့(၁-၁)ဂိုးစီသရေကျခဲ့တဲ့ပွဲတုန်းက ဆိုးလ်ရှားဟာ စီရော်နယ်လ်ဒိုကို

ပွဲထွက်ကစားသမားစာရင်းကနေချန်လှပ်ခဲ့ပြီး အရန်အဖြစ်သာအသုံးပြုခဲ့တဲ့အတွက် စီရော်နယ်လ်ဒိုက ဆိုးလ်ရှားကို အခုလိုအသိပေးလိုက်တာဖြစ်ပါတယ်။

အဲဗာတန်နဲ့ပွဲမတိုင်ခင် ဗီလာရီးယဲလ်ကို အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ စီရော်နယ်လ်ဒိုဟာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့တာကြောငင့်

ဆိုးလ်ရှားက စီရော်နယ်လ်ဒို ပွဲပန်းမှာစိုးတဲ့အတွက် အရန်ကစားသမားအဖြစ်သာအသုံးပြုခဲ့တာဖြစ်ပြီး

အဲဒီအတွက် စီရော်နယ်လ်ဒိုတစ်ယောက် မကျေမနပ်ဖြစ်ပြီးတော့ ပွဲအပြီးမှာ ဘယ်သူ့ကိုမှ မနှုတ်ဆက်ဘဲ အဝတ်လဲခန်းထဲကို တစ်ခါတည်းဝင်သွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းနဲ့နီးစပ်တဲ့သူတစ်ဦးက “အဲဗာတန်နဲ့ပွဲတုန်းက အရန်ခုံမှာထိုင်ခဲ့ရတဲ့အတွက် စီရော်နယ်လ်ဒို တော်တော်လေးစိတ်ပျက်ခဲ့ပါတယ်။

ဆိုးလ်ရှားကတော့ ဗီလာရီးယဲလ်နဲ့ပွဲအပြီးမှာ စီရော်နယ်လ်ဒို ပွဲပန်းနေတယ်လို့ယူဆခဲ့တာကြောင့် သူ့ကို ဒုတိယပိုင်းအစလောက်မှ လူစားဝင်အဖြစ်အသုံးပြုဖို့ဆုံးဖြတ်ခဲ့တာပါ။

ဒါပေမဲ့ စီရော်နယ်လ်ဒိုက ပွဲကစားဖို့ ကြံ့ခိုင်မှုမပြည့်ဝရရင် အသိပေးသွားမှာဖြစ်တယ်လို့ ဆိုးလ်ရှားကို ပြောကြားခဲ့သလို

စီရော်နယ်လ်ဒိုဟာ ပွဲတိုင်းပါဝင်ကစားခွင့်ရဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ ယူနိုက်တက်အသင်းဆီပြန်လာတာက ဆုဖလားတွေရယူဖို့ဖြစ်တယ်ဆိုတာ ဆိုးလ်ရှားကို အသိပေးခဲ့ပြီးဖြစ်တဲ့အပြင်

ယူနိုက်တက်အသင်းအနေနဲ့လည်း သူတို့ရဲ့အဓိက,ကစားသမားတစ်ဦးကို ပွဲတိုင်းအသုံးပြုဖို့လိုအပ်နေပါပြီ”လို့ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ဆိုးလ်ရှားကတော့ စီရော်နယ်လ်ဒိုနဲ့ပတ်သက်လို့ သူ့ရဲ့သဘောထားကို ပြောင်းလဲသွားဖို့မရှိဘဲ

အသင်းကစားမယ့်ပွဲတိုင်းမှာ စီရော်နယ်လ်ဒိုကို ပွဲထွက်အသုံးပြုဖို့မရှိဘူးလို့ ဆိုခဲ့ပါတယ်။

ဆိုးလ်ရှားက “စီရော်နယ်လ်ဒိုဟာ ထိပ်တန်းအဆင့်ကစားသမားတစ်ယောက်ဖြစ်တာကြောင့်

သူ့ကို ပွဲတိုင်းမှာ မြင်တွေ့ခွင့်ရဖို့ ကျွန်တော်တို့အားလုံးဆန္ဒရှိနေကြတာပါ။

ဒါပေမဲ့ သေချာတာကတော့ စီရော်နယ်လ်ဒိုဟာ ပွဲတိုင်းပါဝင်ကစားခွင့်ရဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။

ဒါက ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအပေါ်မူတည်ပြီး ကျွန်တော် အခုလိုပြောရတာပဲဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီနေ့ည မြန်မာစံတော်ချိန်(၈:၃၀)အချိန်မှာ လက်စတာအသင်းနဲ့

ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်အဖြစ် ရင်ဆိုင်ကစားရမှာဖြစ်ပြီး ပြီးခဲ့တဲ့ရက်တွေတုန်းက

စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ပါဝင်ကစားခဲ့တာကြောင့် ဆိုးလ်ရှားအနေနဲ့ အခုပွဲမှာ

စီရော်နယ်လ်ဒိုကို ပွဲထွက်အသုံးပြုမလား၊ အရန်အဖြစ်သာ အသုံးပြုမလားဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖာဂူဆန္ရဲ႕ အၾကံေပးစကားကိုေတာင္နားမေထာင္ေတာ့တဲ့ ဆိုးလ္ရွားရဲ႕ ပြဲထြက္စာရင္းမွာ ေရာ္နယ္ဒိုေတာ့ အရံခုံထိုင္ရမယ့္အေျခအေနေရာက္လာၿပီလား…?

မန္ခ်က္စတာယူႏိုက္တက္နာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုက သူဟာ ပရီးမီးယားလိဂ္ပြဲတိုင္းမွာ ပြဲထြက္ကစားဖို႔အတြက္ ႀကံ့ခိုင္မႈအျပည့္ရွိတယ္ဆိုၿပီး နည္းျပဆိုးလ္ရွားကို အသိေပးခဲ့တယ္လို႔ သတင္းထြက္ေနပါတယ္။ ယူႏိုက္တက္အသင္း ေနာက္ဆုံးကစားခဲ့တဲ့ အဲဗာတန္နဲ႔(၁-၁)ဂိုးစီသေရက်ခဲ့တဲ့ပြဲတုန္းက ဆိုးလ္ရွားဟာ စီေရာ္နယ္လ္ဒိုကို ပြဲထြက္ကစားသမားစာရင္းကေနခ်န္လွပ္ခဲ့ၿပီး အရန္အျဖစ္သာအသုံးျပဳခဲ့တဲ့အတြက္ စီေရာ္နယ္လ္ဒိုက ဆိုးလ္ရွားကို အခုလိုအသိေပးလိုက္တာျဖစ္ပါတယ္။

အဲဗာတန္နဲ႔ပြဲမတိုင္ခင္ ဗီလာရီးယဲလ္ကို အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ စီေရာ္နယ္လ္ဒိုဟာ ပြဲခ်ိန္ျပည့္ပါဝင္ကစားခဲ့တာေၾကာငင့္ ဆိုးလ္ရွားက စီေရာ္နယ္လ္ဒို ပြဲပန္းမွာစိုးတဲ့အတြက္ အရန္ကစားသမားအျဖစ္သာအသုံးျပဳခဲ့တာျဖစ္ၿပီး အဲဒီအတြက္ စီေရာ္နယ္လ္ဒိုတစ္ေယာက္ မေက်မနပ္ျဖစ္ၿပီးေတာ့ ပြဲအၿပီးမွာ ဘယ္သူ႔ကိုမွ မႏႈတ္ဆက္ဘဲ အဝတ္လဲခန္းထဲကို တစ္ခါတည္းဝင္သြားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းနဲ႔နီးစပ္တဲ့သူတစ္ဦးက “အဲဗာတန္နဲ႔ပြဲတုန္းက အရန္ခုံမွာထိုင္ခဲ့ရတဲ့အတြက္ စီေရာ္နယ္လ္ဒို ေတာ္ေတာ္ေလးစိတ္ပ်က္ခဲ့ပါတယ္။

ဆိုးလ္ရွားကေတာ့ ဗီလာရီးယဲလ္နဲ႔ပြဲအၿပီးမွာ စီေရာ္နယ္လ္ဒို ပြဲပန္းေနတယ္လို႔ယူဆခဲ့တာေၾကာင့္ သူ႔ကို ဒုတိယပိုင္းအစေလာက္မွ လူစားဝင္အျဖစ္အသုံးျပဳဖို႔ဆုံးျဖတ္ခဲ့တာပါ။ ဒါေပမဲ့ စီေရာ္နယ္လ္ဒိုက ပြဲကစားဖို႔ ႀကံ့ခိုင္မႈမျပည့္ဝရရင္ အသိေပးသြားမွာျဖစ္တယ္လို႔ ဆိုးလ္ရွားကို ေျပာၾကားခဲ့သလို စီေရာ္နယ္လ္ဒိုဟာ ပြဲတိုင္းပါဝင္ကစားခြင့္ရဖို႔ ဆႏၵရွိေနတာျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ ယူႏိုက္တက္အသင္းဆီျပန္လာတာက ဆုဖလားေတြရယူဖို႔ျဖစ္တယ္ဆိုတာ ဆိုးလ္ရွားကို အသိေပးခဲ့ၿပီးျဖစ္တဲ့အျပင္ ယူႏိုက္တက္အသင္းအေနနဲ႔လည္း သူတို႔ရဲ႕အဓိက,ကစားသမားတစ္ဦးကို ပြဲတိုင္းအသုံးျပဳဖို႔လိုအပ္ေနပါၿပီ”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါေပမဲ့ ဆိုးလ္ရွားကေတာ့ စီေရာ္နယ္လ္ဒိုနဲ႔ပတ္သက္လို႔ သူ႔ရဲ႕သေဘာထားကို ေျပာင္းလဲသြားဖို႔မရွိဘဲ အသင္းကစားမယ့္ပြဲတိုင္းမွာ စီေရာ္နယ္လ္ဒိုကို ပြဲထြက္အသုံးျပဳဖို႔မရွိဘူးလို႔ ဆိုခဲ့ပါတယ္။ ဆိုးလ္ရွားက “စီေရာ္နယ္လ္ဒိုဟာ ထိပ္တန္းအဆင့္ကစားသမားတစ္ေယာက္ျဖစ္တာေၾကာင့္ သူ႔ကို ပြဲတိုင္းမွာ ျမင္ေတြ႕ခြင့္ရဖို႔ ကြၽန္ေတာ္တို႔အားလုံးဆႏၵရွိေနၾကတာပါ။

ဒါေပမဲ့ ေသခ်ာတာကေတာ့ စီေရာ္နယ္လ္ဒိုဟာ ပြဲတိုင္းပါဝင္ကစားခြင့္ရဖို႔ဆိုတာက မျဖစ္ႏိုင္ပါဘူး။ ဒါက ႐ုပ္ပိုင္းဆိုင္ရာႀကံ့ခိုင္မႈအေပၚမူတည္ၿပီး ကြၽန္ေတာ္ အခုလိုေျပာရတာပဲျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ဒီေန႔ည ျမန္မာစံေတာ္ခ်ိန္(၈:၃၀)အခ်ိန္မွာ လက္စတာအသင္းနဲ႔ပရီးမီးယားလိဂ္အေဝးကြင္းပြဲစဥ္အျဖစ္ ရင္ဆိုင္ကစားရမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ရက္ေတြတုန္းက စီေရာ္နယ္လ္ဒိုဟာ ေပၚတူဂီအသင္းအတြက္ ပါဝင္ကစားခဲ့တာေၾကာင့္ ဆိုးလ္ရွားအေနနဲ႔ အခုပြဲမွာ စီေရာ္နယ္လ္ဒိုကို ပြဲထြက္အသုံးျပဳမလား၊ အရန္အျဖစ္သာ အသုံးျပဳမလားဆိုတာ ေစာင့္ၾကည့္ရမွာပဲျဖစ္ပါတယ္။