ဖာဂူဆန်ရဲ့ပီကေကို လေလံတင်ခဲ့သလိုမျိုး မက်ဆီရဲ့တစ်ရှူးကို အမေရိကန်ဒေါ်လာ(၁)သန်းနဲ့ လေလံစဖွင့်
Ads ( 18+ , Gamble responsibly )
– ၂၀၁၄ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံ၏ လူကြိုက်အများဆုံး Casino Games App
– မိနစ်အနည်းငယ်သာကြာသည့် ကိုယ်တိုင်ကိုယ်ကျငွေသွင်းငွေထုတ် ပြုလုပ်နိုင်သည့် စနစ်
– ၂၄နာရီပတ်လုံး Customer များ၏ မေးမြန်းချက်များကို ဖြေရှင်းပေးမည့် CustomerServicesTeam
– လစဉ်၊အပတ်စဉ်၊နေ့စဉ် ကံစမ်းမဲပေါင်းများစွာနှင့် Bonusများစွာ
Viber No => 09 969 710 910
Shwe Casino Facebook Page Link => https://bit.ly/3AQZRVp
Shwe Casino App Download Link => https://bit.ly/3k41mc4
ဘောလုံးလောကမှာ ပရိသတ်တွေအနေနဲ့ နာမည်ကျော်လူပုဂ္ဂိုလ်တွေရဲ့ မထင်မှတ်တဲ့အမှတ်တရပစ္စည်းတွေကို လေလံတင်ရောင်းချတာမျိုးရှိခဲ့ဖူးပြီး တချို့လူတွေကတော့ ရလာတဲ့ငွေကြေးတွေကို ပရဟိတအဖွဲ့တွေဆီ ပြန်လှူခဲ့ကြပါတယ်။
၂၀၁၉ ခုနှစ်တုန်းက ပရိသတ်တစ်ဦးဟာ မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နည်းပြကြီးဖာဂူဆန် နောက်ဆုံးဝါးခဲ့တဲ့ပီကေကို ebay မှာရောင်းချခဲ့တာကနေ ပေါင်(၃၉၀,၀၀၀)အထိရရှိခဲ့ပါတယ်။
ဖာဂူဆန်ရဲ့ နည်းပြဘဝနောက်ဆုံးရာသီဖြစ်တဲ့ ၂၀၁၂-၁၃ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲအဖြစ် ဝက်စ်ဘရွန်းအသင်းနဲ့(၅)ဂိုးစီသရေကျခဲ့တဲ့ပွဲတုန်းက ၀ါးခဲ့တဲ့ပီကေကို
ပရိသတ်တစ်ဦးက ကောက်ယူပြီးတော့ လေလံတင်ရောင်းချခဲ့တာဖြစ်ပြီး ရလာတဲ့ငွေတွေကို မန်ချက်စတာယူနိုက်တက်ဖောင်ဒေးရှင်းအတွက် ပြန်လှူဒါန်းခဲ့ပါတယ်။
အခုလည်း ထူးထူးခြားခြားဆိုသလို ဘာစီလိုနာအသင်းနာမည်ကျော်ကစားသမားဟောင်း မက်ဆီ အသင်းနဲ့သတင်းစာရှင်းလင်းပွဲတုန်းက အသုံးပြုခဲ့တဲ့တစ်ရှူးစကို ပရိသတ်တစ်ဦးက ကြမ်းခင်းစျေး အမေရိကန်ဒေါ်လာ(၁)သန်း(ပေါင် ၇၃၀,၇၂၅)နဲ့ လေလံဖွင့်လိုက်ပါပြီ။
မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့လမ်းခွဲခဲ့ပြီးတဲ့နောက် နူးကမ့်မှာသတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး နှုတ်ဆက်စကားပြောနေတုန်း ဝမ်းနည်းတကြီးငိုကြွေးခဲ့လို့ ဇနီးဖြစ်သူက မျက်ရည်သုတ်ဖို့တစ်ရှူးစ ပေးခဲ့တာပါ။
အဲဒီသတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ ဘာစီလိုနာပရိသတ်တစ်ဦးက ပွဲအပြီး အသင်းဖော်တွေနဲ့အတူ မက်ဆီ ဓာတ်ပုံရိုက်နေချိန်မှာ စင်မြင့်ပေါ်တက်သွားပြီးတော့ အဲဒီတစ်ရှူးစကို အမှတ်တရယူလာခဲ့တာဖြစ်ပါတယ်။
နာမည်ကျော်လူပုဂ္ဂိုလ်တွေရဲ့တန်ဖိုးမရှိတဲ့အရာတစ်ခုက တခြားလူတစ်ယောက်အတွက် ရွှေလိုတန်ဖိုးရှိစေခဲ့တယ်လို့ပဲပြောရတော့မှာပါ။
အခုအချိန်မှာ အဲဒီပရိသတ်ရဲ့အမှတ်မထင်လုပ်ရပ်က မထင်မှတ်ဘဲ ဒေါ်လာသန်းပေါင်းများစွာတန်ကြေးရှိလာခဲ့ပြီး သူက အွန်လိုင်းပေါ်မှာ အဲဒီတစ်ရှူးစကို အမေရိကန်ဒေါ်လာ(၁)သန်းနဲ့ စျေးဖွင့်လေလံတင်ခဲ့တာပါ။
ဒီလုပ်ရပ်က ထူးခြားတယ်ဆိုပေမယ့် ဒီလိုမျိုးအမှတ်တရပစ္စည်းတွေကို အရူးအမူးဝယ်ယူစုဆောင်းလေ့ရှိတဲ့သူတွေရှိတာကြောင့် လေလံတင်ပွဲမှာ ဘယ်လောက်အထိစျေးမြောက်သွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။
၂၀၀၅ ခုနှစ်တုန်းကလည်း ဘန်လေအသင်းဟာ ၁၉၁၃-၁၄ ရာသီတုန်းကရရှိခဲ့တဲ့ FA ဖလားကို လေလံတင်ရောင်းချခဲ့တာမှာ ပရိသတ်တစ်ဦးက ပေါင် (၄၀၀,၀၀၀)ကျော် အထိပေးပြီး ဝယ်ယူခဲ့ဖူးပါတယ်။
Ads ( 18+ , Gamble responsibly )
– ၂၀၁၄ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံ၏ လူကြိုက်အများဆုံး Casino Games App
– မိနစ်အနည်းငယ်သာကြာသည့် ကိုယ်တိုင်ကိုယ်ကျငွေသွင်းငွေထုတ် ပြုလုပ်နိုင်သည့် စနစ်
– ၂၄နာရီပတ်လုံး Customer များ၏ မေးမြန်းချက်များကို ဖြေရှင်းပေးမည့် CustomerServicesTeam
– လစဉ်၊အပတ်စဉ်၊နေ့စဉ် ကံစမ်းမဲပေါင်းများစွာနှင့် Bonusများစွာ
Viber No => 09 969 710 910
Shwe Casino Facebook Page Link => https://bit.ly/3AQZRVp
Shwe Casino App Download Link => https://bit.ly/3k41mc4
Zawgyi