ဖာဂူဆန်ရဲ့စီမံအုပ်ချုပ်ပုံနဲ့ မော်ရင်ဟိုရဲ့ခေါင်းမာပုံကို လိုချင်တဲ့ ရွန်နီ

photo-gettyimages

photo-gettyimages

တကယ်လို့ သူ့လက်သူ့ခြေနဲ့ လုပ်ကိုင်ခွင့်ရတဲ့နည်းပြတစ်ယောက်ဖြစ်လာမယ်ဆိုရင် သူ့ရဲ့မန်ယူဆရာဟောင်းနည်းပြတွေဆီကနေ ဘယ်လိုအချက်တွေကိုယူပြီးကျင့်သုံးမလဲဆိုတာကို ဝိန်းရွန်နီက ဖွင့်ဟပြောကြားလိုက်ပါတယ်။ အသက် ၃၄ နှစ်အရွယ် အဲဒီအင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာ ၁၃ နှစ်ကြာ မန်ယူကစားသမားဘဝမှာ နည်းပြ ၅ ယောက်လက်အောက် ကစားခဲ့ဖူးသူဖြစ်ပါတယ်။ ဖာဂူဆန်၊ ဗန်ဂေါလ်နဲ့ မော်ရင်ဟိုတို့အပြင် ဒေးဗစ်မိုယက်စ်နဲ့ ယာယီနည်းပြရွှိုင်ယန်ဂစ်တို့လက်အောက်မှာလည်း ကစားခဲ့တာပါ။

photo-gettyimages

မန်ယူနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု ၅ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်တို့ကိုင်မြှောက်နိုင်ခဲ့တဲ့ ရွန်နီဟာ အဲဒီကထွက်ပြီးနောက် ဇာတိကလပ်အဲဗာတန်ကို ပြန်သွားခဲ့သေးကာ အဲဒီကနေ မေဂျာလိဂ်မှာ သွားကစားခဲ့ပြီး အခုတော့ ချန်ပီယံရှစ်ကလပ်ဒါဘီမှာ နည်းပြကိုကူးရဲ့လက်အောက် ကစားသမားနည်းပြလုပ်နေပါတယ်။ ဒါကြောင့် ရွန်နီဟာ မကြာတော့မယ့်အချိန်မှာ အသင်းတစ်သင်းကို ကိုင်တွယ်နိုင်သူဖြစ်လာတော့မှာပါ။

photo-gettyimages

အင်တာဗျူးတစ်ခုမှာ သူ့ရဲ့အရင်နည်းပြတွေဆီကနေ ဘယ်လိုအရည်အသွေးတွေကို ယူမလဲလို့ မေးမြန်းခံရတော့ ရွန်နီက ”ဗန်ဂေါလ်ရဲ့ပြင်ဆင်ပုံ၊ ဖာဂူဆန်ရဲ့ကစားသမားစီမံခန့်ခွဲပုံနဲ့ မော်ရင်ဟိုရဲ့ခေါင်းမာပုံတို့ပါ။ တစ်ခါတစ်ရံမှာ အဲဒါလိုအပ်တယ်လို့ ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လုပ်ရတော့မယ့်အချိန်ရောက်ရင်တော့ ကျွန်တော့်ကိုယ်ပိုင်နည်းလမ်းနဲ့သွားမှာ သေချာပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။ ရွန်နီရဲ့အိုးလ်ထရက်ဖို့ဒ်ကာလတွေက ဖာဂူဆန်နဲ့အဓိကကုန်ဆုံးခဲ့ရတာဖြစ်ပြီး အဲဒီအတွက်လည်း အထူးချီးကျးမှုလုပ်ခဲ့ပါတယ်။ ”သူဟာ မယုံနိုင်စရာကောင်းခဲ့ပါတယ်။ အကြီးဆုံးအရာက လူတွေအပေါ် သူ့ရဲ့ယုံကြည်မှုပါ။ လေ့ကျင့်ခန်းအစီအစဉ်တွေအတွက် သူ့နည်းပြတွေကိုယုံကြည်ခဲ့ပြီး သူ့ကစားသမားတွေကိုလည်း ယုံကြည်ခဲ့ပါတယ်။ သူ့ရဲ့ပွဲမတိုင် team talk က ဘယ်လိုလဲလို့ လူတွေအမြဲမေးကြပါတယ်။ သူအများဆုံးပြောတာကတော့ ‘သူတို့ထက် မင်းတို့ ၁၁ ယောက်က ပိုကောင်းတယ်။ နိုင်အောင်ကန်ကြ’ ဆိုတာပါပဲ”လို့ ဖာဂူဆန်နဲ့ပတ်သက်ပြီး ရွန်နီက ပြောခဲ့တာပါ။

[Zawgyi]

ဖာဂူဆန္ရဲ႕စီမံအုပ္ခ်ဳပ္ပုံနဲ႔ ေမာ္ရင္ဟိုရဲ႕ေခါင္းမာပုံကို လိုခ်င္တဲ့ ရြန္နီ

တကယ္လို႔ သူ႔လက္သူ႔ေျခနဲ႔ လုပ္ကိုင္ခြင့္ရတဲ့နည္းျပတစ္ေယာက္ျဖစ္လာမယ္ဆိုရင္ သူ႔ရဲ႕မန္ယူဆရာေဟာင္းနည္းျပေတြဆီကေန ဘယ္လိုအခ်က္ေတြကိုယူၿပီးက်င့္သုံးမလဲဆိုတာကို ၀ိန္းရြန္နီက ဖြင့္ဟေျပာၾကားလိုက္ပါတယ္။ အသက္ ၃၄ ႏွစ္အရြယ္ အဲဒီအဂၤလန္အသင္းေခါင္းေဆာင္ေဟာင္းဟာ ၁၃ ႏွစ္ၾကာ မန္ယူကစားသမားဘ၀မွာ နည္းျပ ၅ ေယာက္လက္ေအာက္ ကစားခဲ့ဖူးသူျဖစ္ပါတယ္။ ဖာဂူဆန္၊ ဗန္ေဂါလ္နဲ႔ ေမာ္ရင္ဟိုတို႔အျပင္ ေဒးဗစ္မိုယက္စ္နဲ႔ ယာယီနည္းျပရႊိဳင္ယန္ဂစ္တုိ႔လက္ေအာက္မွာလည္း ကစားခဲ့တာပါ။

မန္ယူနဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံဆု ၅ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ၁ ႀကိမ္တို႔ကိုင္ေျမွာက္ႏိုင္ခဲ့တဲ့ ရြန္နီဟာ အဲဒီကထြက္ၿပီးေနာက္ ဇာတိကလပ္အဲဗာတန္ကို ျပန္သြားခဲ့ေသးကာ အဲဒီကေန ေမဂ်ာလိဂ္မွာ သြားကစားခဲ့ၿပီး အခုေတာ့ ခ်န္ပီယံရွစ္ကလပ္ဒါဘီမွာ နညး္ျပကိုကူးရဲ႕လက္ေအာက္ ကစားသမားနည္းျပလုပ္ေနပါတယ္။ ဒါေၾကာင့္ ရြန္နီဟာ မၾကာေတာ့မယ့္အခ်ိန္မွာ အသင္းတစ္သင္းကို ကိုင္တြယ္ႏိုင္သူျဖစ္လာေတာ့မွာပါ။

အင္တာဗ်ဴးတစ္ခုမွာ သူ႔ရဲ႕အရင္နည္းျပေတြဆီကေန ဘယ္လိုအရည္အေသြးေတြကို ယူမလဲလုိ႔ ေမးျမန္းခံရေတာ့ ရြန္နီက ”ဗန္ေဂါလ္ရဲ႕ျပင္ဆင္ပုံ၊ ဖာဂူဆန္ရဲ႕ကစားသမားစီမံခန္႔ခြဲပုံနဲ႔ ေမာ္ရင္ဟိုရဲ႕ေခါင္းမာပုံတို႔ပါ။ တစ္ခါတစ္ရံမွာ အဲဒါလုိအပ္တယ္လုိ႔ ထင္ပါတယ္။ ကၽြန္ေတာ္ကိုယ္တိုင္လုပ္ရေတာ့မယ့္အခ်ိန္ေရာက္ရင္ေတာ့ ကၽြန္ေတာ့္ကိုယ္ပိုင္နည္းလမ္းနဲ႔သြားမွာ ေသခ်ာပါတယ္”လို႔ ေျဖၾကားခဲ့ပါတယ္။ ရြန္နီရဲ႕အိုးလ္ထရက္ဖို႔ဒ္ကာလေတြက ဖာဂူဆန္နဲ႔အဓိကကုန္ဆုံးခဲ့ရတာျဖစ္ၿပီး အဲဒီအတြက္လည္း အထူးခ်ီးက်းမႈလုပ္ခဲ့ပါတယ္။ ”သူဟာ မယုံႏိုင္စရာေကာင္းခဲ့ပါတယ္။ အႀကီးဆုံးအရာက လူေတြအေပၚ သူ႔ရဲ႕ယုံၾကည္မႈပါ။ ေလ့က်င့္ခန္းအစီအစဥ္ေတြအတြက္ သူ႔နည္းျပေတြကိုယုံၾကည္ခဲ့ၿပီး သူ႔ကစားသမားေတြကိုလည္း ယုံၾကည္ခဲ့ပါတယ္။ သူ႔ရဲ႕ပြဲမတိုင္ team talk က ဘယ္လုိလဲလုိ႔ လူေတြအၿမဲေမးၾကပါတယ္။ သူအမ်ားဆုံးေျပာတာကေတာ့ ‘သူတို႔ထက္ မင္းတုိ႔ ၁၁ ေယာက္က ပိုေကာင္းတယ္။ ႏိုင္ေအာင္ကန္ၾက’ ဆိုတာပါပဲ”လုိ႔ ဖာဂူဆန္နဲ႔ပတ္သက္ၿပီး ရြန္နီက ေျပာခဲ့တာပါ။