ဖာဂူဆန်မယုံခဲ့တဲ့ ဟန်ဒါဆင် တစ်နှစ်တာအကောင်းဆုံးဆုရဖို့ ရေပန်းစားနေ

Photo- Internet
Photo- Internet

လီဗာပူးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ လွှမ်းမိုးပြီးခြေစွမ်းပြနေမှုနဲ့အတူ သူတို့ရဲ့အသင်းခေါင်းဆောင်ဖြစ်တဲ့ ကွင်းလယ်လူ ဟန်ဒါဆင်ဟာလည်း PFA Player of the Year ဆုရဖို့ ရေပန်းအစားဆုံးဖြစ်နေတယ်လို့ သိရပါတယ်။ အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ဟန်ဒါဆင်ဟာ ဒီရာသီမှာလီဗာပူးအသင်းကိုခြေစွမ်းနဲ့ရော သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ပါ ဦးဆောင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။

လီဗာပူးအသင်းခြေစွမ်းပြမှုနဲ့အတူ ဆာလာ၊ ဗန်ဒစ်ချ်နဲ့ မာနေး တို့ဟာလည်းဆုရဖို့ရေပန်းစားတဲ့အထဲမှာပါဝင်နေပေမယ့် ဟန်ဒါဆင်ကသာ ဆုရဖို့ရေပန်းအစားဆုံးဖြစ်နေတာပါ။ ဒီဆုအတွက် ပရီးမီးယားလိဂ်မှာကစားနေတဲ့ ကစားသမားတွေအားလုံးက မဲပေးရွေးချယ်ရတာလည်းဖြစ်ပါတယ်။

Photo- Internet

လီဗာပူးအသင်းသားတွေထဲကနေ ၂၀၁၈ မှာဆာလာ၊ ၂၀၁၉ မှာ ဗန်ဒစ်ချ်တို့ ဒီဆုကိုရရှိပြီးဖြစ်လို့ ဟန်ဒါဆင်ဟာလီဗာပူးအသင်းသားတွေထဲကနေ ဒီဆုကို ၃ ဦးမြောက်ဆက်တိုက်ဆုရရှိသူလည်းဖြစ်လာဖို့ရှိနေပါတယ်။ အခုဆုကို ၁၉၇၃ ကစတင်ပေးအပ်ခဲ့တာဖြစ်ပြီး ဟန်ဒါဆင်ဟာ လီဗာပူးအသင်းသားတွေထဲမှာ ၉ ဦးမြောက်ဆုရရှိသူလည်းဖြစ်လာမှာပါ။

Photo- Internet

အရင်ကဆုရရှိသူတွေထဲမှာ ဆွာရက်ဇ်၊ စတီဗင်ဂျရတ်၊ ဂျွန်ဘန်းစ်၊ အီယန်ရက်ရှ်ပ်၊ ကန်နီဒါးဂလစ်ရှ် နဲ့တယ်ရီမက်ဒါမွတ်တို့လည်းပါဝင်ပါတယ်။ SportNation ရဲ့ဖော်ပြချက်အရ လက်ရှိမှာ ဟန်ဒါဆင်က ၆/၄နဲ့ရေပန်းအစားဆုံးဖြစ်နေပြီး မာနေး ၇/၂၊ ဗန်ဒစ်ချ်က ၁၁/၁၊ ဆာလာက ၁၄/၁၊ ဒီဘရူနီက ၁၆/၁ တို့နဲ့ထိပ်ဆုံးကနေရေပန်းအစားဆုံး ၅ ဦးဖြစ်နေပါတယ်။

Photo- Internet

၂၀၁၁ ကမန်ယူအသင်းဟာ ဟန်ဒါဆင်ကိုဆန်းဒါးလန်းကနေခေါ်ဖို့စီစဉ်ခဲ့သေးပေမယ့် သူ့ရဲ့ပြေးပုံက ဒဏ်ရာရဖို့လွယ်ကူတယ်လို့ အဲဒီတုန်းကနည်းပြကြီး ဖာဂူဆန်ကယူဆခဲ့တာကြောင့် ကစားသမားဟာပေါင်သန်း ၂၀ နဲ့ လီဗာပူးကိုရောက်ရှိသွားခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။

Photo- Internet

Zawgyi

ဖာဂူဆန္မယုံခဲ့တဲ႔ ဟန္ဒါဆင္ တစ္ႏွစ္တာအေကာင္းဆုံးဆုရဖို႔ ေရပန္းစားေန

လီဗာပူးအသင္းဟာ ဒီရာသီပရီးမီးယားလိဂ္မွာ လႊမ္းမိုးၿပီးေျခစြမ္းျပေနမႈနဲ႔အတူ သူတို႔ရဲ႕အသင္းေခါင္းေဆာင္ျဖစ္တဲ႔ ကြင္းလယ္လူ ဟန္ဒါဆင္ဟာလည္း PFA Player of the Year ဆုရဖို႔ ေရပန္းအစားဆုံးျဖစ္ေနတယ္လို႔ သိရပါတယ္။ အသက္ ၂၉ ႏွစ္ရွိၿပီျဖစ္တဲ႔ ဟန္ဒါဆင္ဟာ ဒီရာသီမွာလီဗာပူးအသင္းကိုေျခစြမ္းနဲ႔ေရာ သူ႔ရဲ႕ႀကိဳးစားအားထုတ္မႈနဲ႔ပါ ဦးေဆာင္ႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

လီဗာပူးအသင္းေျခစြမ္းျပမႈနဲ႔အတူ ဆာလာ၊ ဗန္ဒစ္ခ်္နဲ႔ မာေနး တို႔ဟာလည္းဆုရဖို႔ေရပန္းစားတဲ႔အထဲမွာပါ၀င္ေနေပမယ္႔ ဟန္ဒါဆင္ကသာ ဆုရဖို႔ေရပန္းအစားဆုံးျဖစ္ေနတာပါ။ ဒီဆုအတြက္ ပရီးမီးယားလိဂ္မွာကစားေနတဲ႔ ကစားသမားေတြအားလုံးက မဲေပးေရြးခ်ယ္ရတာလည္းျဖစ္ပါတယ္။

လီဗာပူးအသင္းသားေတြထဲကေန ၂၀၁၈ မွာဆာလာ၊ ၂၀၁၉ မွာ ဗန္ဒစ္ခ်္တို႔ ဒီဆုကိုရရွိၿပီးျဖစ္လို႔ ဟန္ဒါဆင္ဟာလီဗာပူးအသင္းသားေတြထဲကေန ဒီဆုကို ၃ ဦးေျမာက္ဆက္တိုက္ဆုရရွိသူလည္းျဖစ္လာဖို႔ရွိေနပါတယ္။ အခုဆုကို ၁၉၇၃ ကစတင္ေပးအပ္ခဲ့တာျဖစ္ၿပီး ဟန္ဒါဆင္ဟာ လီဗာပူးအသင္းသားေတြထဲမွာ ၉ ဦးေျမာက္ဆုရရွိသူလည္းျဖစ္လာမွာပါ။

အရင္ကဆုရရွိသူေတြထဲမွာ ဆြာရက္ဇ္၊ စတီဗင္ဂ်ရတ္၊ ဂၽြန္ဘန္းစ္၊ အီယန္ရက္ရွ္ပ္၊ ကန္နီဒါးဂလစ္ရွ္ နဲ႔တယ္ရီမက္ဒါမြတ္တို႔လည္းပါ၀င္ပါတယ္။ SportNation ရဲ႕ေဖာ္ျပခ်က္အရ လက္ရွိမွာ ဟန္ဒါဆင္က ၆/၄နဲ႔ေရပန္းအစားဆုံးျဖစ္ေနၿပီး မာေနး ၇/၂၊ ဗန္ဒစ္ခ်္က ၁၁/၁၊ ဆာလာက ၁၄/၁၊ ဒီဘရူနီက ၁၆/၁ တို႔နဲ႔ထိပ္ဆုံးကေနေရပန္းအစားဆုံး ၅ ဦးျဖစ္ေနပါတယ္။

၂၀၁၁ ကမန္ယူအသင္းဟာ ဟန္ဒါဆင္ကိုဆန္းဒါးလန္းကေနေခၚဖို႔စီစဥ္ခဲ့ေသးေပမယ္႔ သူ႔ရဲ႕ေျပးပုံက ဒဏ္ရာရဖို႔လြယ္ကူတယ္လို႔ အဲဒီတုန္းကနည္းျပႀကီး ဖာဂူဆန္ကယူဆခဲ့တာေၾကာင့္ ကစားသမားဟာေပါင္သန္း ၂၀ နဲ႔ လီဗာပူးကိုေရာက္ရွိသြားခဲ့တာျဖစ္ေၾကာင္းလည္း သိရပါတယ္။