ဖာဂူဆန်ပြောတဲ့ ဂျူဗင်တပ်စ်ရဲ့ သစ္စာရှင် ဒယ်လ်ပီရို
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဂျူဗင်တပ်စ်အပေါ် ဒယ်လ်ပီယာရိုစောင့်သိခဲ့တဲ့ သစ္စာစောင့်သိမှုဆိုတာ တော်တော်ကို ကြီးမြတ်ပါတယ်။
ယူနိုက်တက်ကို ပြောင်းဖို့ ဘယ်လောက်ခေါ်ခေါ် ဘူးတစ်လုံးဆောင် ငြင်းဆန်ခဲ့ပါတယ်။
ဆာအဲလက်စ်ဖာဂူဆန်က “ဂျူဗင်တပ်စ်နဲ့ ပွဲအပြီးမှာ ရွိုင်ယန်ဂစ် နဲ့ ဂယ်ရီနဗီးလ်တို့က ကျွန်တော့်ဆီလာပြီး အလက်ဆန်ဒရိုဒယ်လ်ပီယာရိုက ကျွန်တော်တို့ရဲ့ ခံစစ်တစ်ခုလုံးကိုပြိုလဲသွားအောင် ဖျက်ဆီးနိုင်ခဲ့တယ်။
သူ့ကို ခေါ်ပေးပါလို့ တောင်းဆိုခဲ့ကြပါတယ်။
အဲဒါနဲ့ ကျွန်တော်လည်း သူ့ကို ဆက်သွယ်ခဲ့တယ်။
ဒါပေမယ့် ကျွန်တော့်ရဲ့ ကမ်းလှမ်းမှုကို သူ နားမထောင်ခင်မှာပဲ သူဘက်ကနေစပြီးငြင်းဆိုခဲ့တယ်။
ပြီးတော့ပြောသေးတယ် သူက ယူနိုက်တက်အသင်းကို လေးစားပါတယ်တဲ့။
ဂျူဗင်တပ်စ်က သူ့အတွက် အကောင်းဆုံးနေရာဖြစ်တာကြောင့် ဘယ်တော့မှ သစ္စာမဖောက်နိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။”
“2006 ခုနှစ်မှာ အီတလီအသင်း ကမ္ဘာ့ဖလားကို ဆွတ်ခူးပြီးတဲ့နောက်မှာ စီးရီးအေရဲ့ Calciopoli လုပ်ပွဲအရှုပ်တော်ပုံကြီး ပေါ်ထွက်လာခဲ့ပါတော့တယ်။
ဂျူဗင်တပ်စ်အသင်းက Calciopoli လုပ်ပွဲအရှုပ်တော်ပုံကြောင့် Serie B ကို တန်းဆင်းသွားခဲ့ရပြီး အဲဒီအခြေအနေမှာ ဒယ်လ်ပီရိုလည်း ဂျူဗင်တပ်စ်ကနေ ထွက်ခွါမှာ သေချာတယ်။သူ့လိုကစားသမားမျိုးက Serie B မှာ ဘယ်နည်းနဲ့မှ မကစားနိုင်လောက်ဘူး ထင်ခဲ့ပါတယ်။
အဲဒီအချိန်မှာ ရီးရဲလ်မက်ဒရစ်ကလည်း သူ့ကို လိုချင်နေခဲ့တယ်။ ဒါကြောင့် ကျွန်တော် သူ့ကို ပြန်ပြီးဆက်သွယ်ခဲ့တယ်။
သူ့အနေနဲ့ ယူနိုက်တက် ဒါမှမဟုတ် ရီးရဲလ်အတွက် ကစားပေးလိမ့်မယ်လို့ ကျွန်တော်အပိုင်တွက်ခဲ့တယ်။
ဒါကြောင့် ဒီတစ်ကြိမ်မှာလည်း ကျွန်တော်က-‘နှစ်တွေလည်းကြာခဲ့ပြီဆိုပေမယ့် ငါတို့ မင်းကို လိုချင်နေတုန်းပဲ။
မင်းမက်ဒရစ်ကို မသွားနဲ့၊ အခုအချိန်က မင်းအတွက် အင်္ဂလန်ကို လာဖို့အချိန်ကောင်းပဲ။’လို့ ဆွဲဆောင်ခဲ့တယ်။”
“ဒါပေမယ့် သူကလုံး၀ သစ္စာရှင်ပါ။ ‘ ဒီမှာ ဆာအဲလက်စ်၊ ကျွန်တော် ခင်ဗျားကို လေးစားပါတယ်။
ဒီအချိန်မှာ ဂျူဗင်တပ်စ်က အရမ်းကိုဒုက္ခရောက်နေပြီ။
ဒီမှာဆက်ရှိနေပေးဖို့က ကျွန်တော့်ရဲ့တာဝန်ပါ။
ကျွန်တော်က ဒီအသင်းရဲ့ အသင်းခေါင်းဆောင်ပါ။
လိုအပ်နေချိန်မှာ ဂျူဗင်တပ်စ် ကိုစွန့်ခွာတဲ့ မကောင်းတဲ့ သူမျိုး အဖြစ်မခံနိုင်ပါဘူး”လို့ ပြောပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi