ဖာဂူဆန်နဲ့ပတ်သက်တဲ့ အမုန်းတရားတွေ မရှိတော့ဘူးဆိုတဲ့ ဂျရတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အားကစားလောကမှာ ရန်ဖြစ်လိုက်ပြန်ချစ်လိုက် ဖြစ်နေတဲ့ ကစားသမားတွေ၊ ဆရာတပည့်အတွဲတွေအများကြီးပါပဲ။

ရိန်းဂျားအသင်းကို စကော့တလန်အမှတ်ပေးဖလားရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြစတီဗင်ဂျရတ်က သူ့ကို ယူနိုက်တက်နည်းပြဟောင်းဆာအဲလက်စ်ဖာဂူဆန်က အကြံဉာဏ်တွေပေးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

ဂျရတ်ရဲ့ လီဗာပူးကစားသမားဘဝမှာ ယူနိုက်တက်နဲ့ ပြိုင်ဆိုင်မှုတွေပြင်းထန်ခဲ့မှု၊ အငြိုးအတေးတွေရှိခဲ့မှုတွေကို ဆာအဲလက်စ်ဖာဂူဆန်က လျစ်လျူရှုပြီး အကြံဉာဏ်တွေပေးခဲ့တာဖြစ်ပါတယ်။

နည်းပြဟောင်းကြီး ဖာဂူဆန်က “ဂျရတ်က ချီးကျူးဖွယ်ရာကိစ္စတွေကို လုပ်ပြနိုင်ခဲ့ပါတယ်။

သူက ကွင်းတွင်းကွင်းပြင်မှာ အဲဒီလိုလုပ်နိုင်ခဲ့တာပါ။

နည်းပြတစ်ယောက် ကကွင်းပြင်ပ သတင်းစာရှင်းလင်းပွဲတစ်ခုမှာလည်း သတိထားရတာပါပဲ။

ကွင်းပြင်ပ ကိစ္စတွေကလည်း နည်းပြအလုပ်ကိုဆုံးရှုံးသွားစေနိုင်ပါတယ်”

“ဒါပေမယ့် ဂျရတ်ကတော့ မေးခွန်းတိုင်းကို အကောင်းဆုံးဖြေပေးနိုင်ပါတယ်။

သူက ထိပ်တန်းနည်းပြတစ်ယောက်ပါပဲ။ ”ဆိုပြီး ချီးကျူးပြောဆိုထားပါတယ်။

ဂျရတ်ကတော့ “လီဗာပူးနဲ့ ယူနိုက်တက်တို့က ခါးသီးပြိုင်ဘက်တွေဖြစ်လာတာ ကျွန်တော်တို့ရဲ့အမှားမဟုတ်ပါဘူး။

နည်းပြကြီးဖာဂူဆန် ကျွန်တော့်ကို ချီးကျူးပြောဆိုတာအတွက် အရမ်းဝမ်းသာမိပါတယ်”

“ကျွန်တော်တို့ကြားက လျှို့ဝှက်ချက်ကို ပြောပြပါမယ်။

ဖာဂူဆန် နဲ့ကျွန်တော် စကားအနည်းငယ်ပြောဆိုခဲ့ကြပြီး ကျွန်တော်အနားယူကတည်းက သူနဲ့ကျွန်တော်က ပြိုင်ဘက်တွေမဟုတ်တော့ပါဘူး”

“သူနဲ့ကျွန်တော် ဖုန်းအဆက်အသွယ်တွေရှိတယ်။သူက အကြံဉာဏ်တွေလည်းပေးတယ်။

ဖာဂူဆန်နဲ့ စကားပြောရတာကောင်းပါတယ်။

တစ်ချိန်ချိန်မှာ သူနဲ့အတူ ကော်ဖီသောက်ခွင့်ရမယ်ဆိုရင် ကောင်းပါမယ်။

နဂိုတုန်းက ကျွန်တော်မြင်တဲ့ အထင်ကရနာမည်ကြီးနည်းပြတစ်ယောက်ဆိုတာထက် ဖာဂူဆန်ကသာတဲ့အချက်တွေရှိပါတယ်။”ဆိုပြီး ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဖာဂူဆန္နဲ႔ပတ္သက္တဲ့ အမုန္းတရားေတြ မရိွေတာ့ဘူးဆိုတဲ့ ဂ်ရတ္

အားကစားေလာကမွာ ရန္ျဖစ္လိုက္ျပန္ခ်စ္လိုက္ ျဖစ္ေနတဲ့ ကစားသမားေတြ၊ ဆရာတပည့္အတြဲေတြအမ်ားႀကီးပါပဲ။ ရိန္းဂ်ားအသင္းကို စေကာ့တလန္အမွတ္ေပးဖလားရရွိေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့တဲ့ နည္းျပစတီဗင္ဂ်ရတ္က သူ႔ကို ယူႏိုက္တက္နည္းျပေဟာင္းဆာအဲလက္စ္ဖာဂူဆန္က အႀကံဉာဏ္ေတြေပးခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

ဂ်ရတ္ရဲ႕ လီဗာပူးကစားသမားဘဝမွာ ယူႏိုက္တက္နဲ႔ ၿပိဳင္ဆိုင္မႈေတြျပင္းထန္ခဲ့မႈ၊ အၿငိဳးအေတးေတြရွိခဲ့မႈေတြကို ဆာအဲလက္စ္ဖာဂူဆန္က လ်စ္လ်ဴရႈၿပီး အႀကံဉာဏ္ေတြေပးခဲ့တာျဖစ္ပါတယ္။

နည္းျပေဟာင္းႀကီး ဖာဂူဆန္က “ဂ်ရတ္က ခ်ီးက်ဴးဖြယ္ရာကိစၥေတြကို လုပ္ျပႏိုင္ခဲ့ပါတယ္။ သူက ကြင္းတြင္းကြင္းျပင္မွာ အဲဒီလိုလုပ္ႏိုင္ခဲ့တာပါ။ နည္းျပတစ္ေယာက္ ကကြင္းျပင္ပ သတင္းစာရွင္းလင္းပြဲတစ္ခုမွာလည္း သတိထားရတာပါပဲ။ ကြင္းျပင္ပ ကိစၥေတြကလည္း နည္းျပအလုပ္ကိုဆုံးရႈံးသြားေစႏိုင္ပါတယ္”

“ဒါေပမယ့္ ဂ်ရတ္ကေတာ့ ေမးခြန္းတိုင္းကို အေကာင္းဆုံးေျဖေပးႏိုင္ပါတယ္။ သူက ထိပ္တန္းနည္းျပတစ္ေယာက္ပါပဲ။ ”ဆိုၿပီး ခ်ီးက်ဴးေျပာဆိုထားပါတယ္။

ဂ်ရတ္ကေတာ့ “လီဗာပူးနဲ႔ ယူႏိုက္တက္တို႔က ခါးသီးၿပိဳင္ဘက္ေတြျဖစ္လာတာ ကြၽန္ေတာ္တို႔ရဲ႕အမွားမဟုတ္ပါဘူး။နည္းျပႀကီးဖာဂူဆန္ ကၽြန္ေတာ့္ကို ခ်ီးက်ဴးေျပာဆိုတာအတြက္ အရမ္းဝမ္းသာမိပါတယ္”

“ကၽြန္ေတာ္တို႔ၾကားက လွ်ိဳ႕ဝွက္ခ်က္ကို ေျပာျပပါမယ္။ ဖာဂူဆန္ နဲ႔ကြၽန္ေတာ္ စကားအနည္းငယ္ေျပာဆိုခဲ့ၾကၿပီး ကြၽန္ေတာ္အနားယူကတည္းက သူနဲ႔ကြၽန္ေတာ္က ၿပိဳင္ဘက္ေတြမဟုတ္ေတာ့ပါဘူး”

“သူနဲ႔ကၽြန္ေတာ္ ဖုန္းအဆက္အသြယ္ေတြရိွတယ္။သူက အႀကံဥာဏ္ေတြလည္းေပးတယ္။ ဖာဂူဆန္နဲ႔ စကားေျပာရတာေကာင္းပါတယ္။ တစ္ခ်ိန္ခ်ိန္မွာ သူနဲ႔အတူ ေကာ္ဖီေသာက္ခြင့္ရမယ္ဆိုရင္ ေကာင္းပါမယ္။ နဂိုတုန္းက ကၽြန္ေတာ္ျမင္တဲ့ အထင္ကရနာမည္ႀကီးနည္းျပတစ္ေယာက္ဆိုတာထက္ ဖာဂူဆန္ကသာတဲ့အခ်က္ေတြရိွပါတယ္။”ဆိုၿပီး ေျပာပါတယ္။