ဖာဂူဆန်နောက်ပိုင်း မှတ်တမ်းကောင်းတစ်ခုကိုပိုင်ဆိုင်ခဲ့တဲ့ ရန်းနစ်ခ်လက်ထဲကမန်ယူ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ယူက ခရစ္စတယ်ပဲလေ့စ်ကို ၁-၀ နဲ့နိုင်ခဲ့တဲ့ပွဲဟာ ဂျာမန်သားနည်းပြ ရန်းနစ်ခ်ရဲ့ပထမဆုံးမန်ယူကိုကိုင်တွယ်တဲ့ပွဲဖြစ်ပြီး သူဘယ်လောက်လုပ်ပြနိုင်သေးလဲဆိုတာကို ပြသလိုက်တဲ့ပွဲစဥ်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။
၄-၂-၂-၂ ကစားကွက်ကိုအသုံးပြုခဲ့တဲ့ရန်းနစ်ခ် ဟာမန်ယူကိုသူလိုချင်တဲ့ပုံစံမျိုး ရအောင်လုပ်ပေးနိုင်တယ်ဆိုတာကိုလည်း ပြသသွားပါတယ်။
High Pressing ကစားဟန်ကြောင့်လူသိများတဲ့ ရန်းနစ်ခ်ဟာ နည်းဗျူဟာပိုင်းပိုင်နိုင်သူဖြစ်တယ်ဆိုတာကို ပဲလေ့စ်နဲ့ပွဲမှာမြင်တွေ့ခဲ့ရပါတယ်။
ပထမဆုံးကိုင်တွယ်တဲ့ပွဲဖြစ်ပြီး လေ့ကျင့်ခန်းတာဝန်ယူရတဲ့ရက်လည်း ၂ ရက်လောက်သာရှိသေးပေမယ့် မန်ယူဟာကစားပုံပြောင်းသွားခဲ့ပြီး အခွင့်အရေးတွေပိုမိုဖန်တီးနိုင်ကာ ဘောလုံးပိုင်ဆိုင်မှုမှာလည်းအများကြီးတိုးတက်လာခဲ့ပါတယ်။
ဒါဟာ ရန်းနစ်ခ်ရဲ့တိုက်စစ်ကို ဘောလုံးတိုက်ရိုက်ပေးပို့တဲ့ဟန်ကြောင့်ဘဲဖြစ်ပါတယ်။
အထူးခြားဆုံးကတော့ မန်ယူအသင်းဟာ ပဲလေ့စ်ကွင်းရဲ့နောက်ဆုံးအပိုင်းဖြစ်တဲ့( ၃ ပိုင်းမှာ နောက်ဆုံးအပိုင်း) ခံစစ်ဇုန်ထဲမှာ ဘောလုံးပိုင်ဆိုင်မှုပြန်ရအောင်လုပ်နိုင်တာ ၁၂ ကြိမ်ရှိခဲ့တာပါဘဲ။
ဒါဟာ ဖာဂူဆန်ခေတ်လွန်နောက်ပိုင်းမှာ အများဆုံးပမာဏဖြစ်ခဲ့ပါတယ်။
ဒီရာသီမှာပြိုင်ဘက်ခံစစ်ဇုန်ထဲမှာ ဘောလုံးပိုင်ဆိုင်မှုပြန်ရအောင် မန်ယူလုပ်နိုင်ခဲ့တာ ၇ ကြိမ်ကအများဆုံးပါဘဲ။
ကစားကွက်အပြောင်းအလဲနဲ့ တိုက်စစ်ကိုတိုက်ရိုက်ပေးပို့တဲ့ ကစားဟန်ကြောင့် မန်ယူဟာပထမပိုင်းမှာတင်ဂိုးကန်သွင်းခွင့် ၁၂ ကြိမ်ရှိခဲ့ပြီး ရက်ရှ်ဖို့ဒ်က အခွင့်အရေးဖန်တီးမှု ၃ ကြိမ်၊ စီရော်နယ်ဒိုကဂိုးကန်သွင်းမှု ၅ ကြိမ် ရရှိခဲ့ပါတယ်။
မန်ယူဟာအခွင့်အရေးတွေအသုံးမချနိုင်ခဲ့လို့သာ ပထမပိုင်းမှာဂိုးမရခဲ့တာပါ။
ဒါ့အပြင် မန်ယူဟာပထမပိုင်းမှာ ပဲလေ့စ်ရဲ့ကွင်းနောက်ဆုံးအပိုင်းမှာ ဘောလုံးပေးပို့မှုပေါင်း ၄၈ ကြိမ်၊ ပြိုင်ဘက်ပင်နယ်တီဧရိယာထဲမှာထိချက်ပေါင်း ၂၆ ကြိမ်နဲ့ ဘောလုံးပေးပို့မှုပေါင်း ၂၆ ကြိမ်အထိရှိခဲ့လို့ ဒီရာသီမှာ အများဆုံးပမာဏဖြစ်ခဲ့ပါတယ်။
ဒါကြောင့်လည်း တွစ်တာအသုံးပြုသူတစ်ဦးက အရင်ကနည်းပြတွေဖြစ်တဲ့ ဗန်ဂေါလ်နဲ့ မော်ရင်ဟို တို့လိုအတွေ့အကြုံရင့်ကျက်တဲ့နည်းပြတွေက ရန်းနစ်ခ်လိုဘာကြောင့်မလုပ်နိုင်သလဲလို့ မေးခွန်းထုတ်လိုက်ပြီး
အောင်မြင်တဲ့အသင်းတိုင်းမှာတွေ့ရတဲ့ဘောလုံးဆုံးရှုံးချိန်တိုင်း ကွင်းရဲ့ဘယ်နေရာမှာမဆို ပြန်လည်ရရှိဖို့ အပြင်းအထန်အားထုတ်မှုမျိုးကို မန်ယူမှာတွေ့နေရပြီလို့ဆိုသွားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi