ဖာဂူဆန်ခေတ်လွန် ကစားသမားခေါ်ယူမှုတွေကို အစဉ်အတိုင်းမဲပေးခဲ့တဲ့ ယူနိုက်တက်ပရိသတ်များ

Photo Credit

အွန်လိုင်းမှာ ပြုလုပ်တဲ့ စစ်တမ်းကောက်ယူမှုအရ ယူနိုက်တက်ပရိသတ်တွေက ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ခေတ်လွန် အကောင်းဆုံးကစားသမား ခေါ်ယူမှုအဖြစ် ကွင်းလယ်လူ ဟွမ်မာတာကို ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။ စပိန်နိုင်ငံသား မာတာဟာ ၂၀၁၄ ဇန်နဝါရီလက ချဲလ်ဆီးကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး(ထိုစဉ်က) ပေါင် ၃၇သန်းနဲ့ ယူနိုက်တက်ကို ရောက်လာတာဖြစ်ပြီး အသင်းအတွက် ၂၄၉ပွဲမှာ ၄၇ဂိုးအထိသွင်းယူထားပါတယ်။

Photo Credit

ဘီဘီစီအားကစားပိုင်းက ပြုလုပ်တဲ့စစ်တမ်းမှာ ယူနိုက်တက်ပရိသတ်တွေက မာတာကို ၃၄၂၀၀ အထိ မဲပေးရွေးချယ်ခဲ့တာဖြစ်ပြီး ၂၀၁၆-၁၇ ရာသီမတိုင်ခင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာပြီးနောက် ၄၆ပွဲမှာ ၂၈ဂိုးအထိသွင်းယူခဲ့တဲ့ တိုက်စစ်မှူး မိုဗစ်က ၃၁၂၀၀ နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

Photo Credit

ဒီဂီယာရဲ့အရန်ဂိုးသမားအဖြစ် ရပ်တည်နေတဲ့ အာဂျင်တီးနားလက်ရွေးစင် ရိုမဲရိုးက ၂၉၉၀၀ နဲ့ တတိယနေရာမှာ ရပ်တည်နေပြီး ပြီးခဲ့တဲ့နွေရာသီကမှ ပဲလေ့စ်ကနေ ပေါင်သန်း ၅၀နဲ့ ရောက်လာပေမယ့် ပရိသတ်အချစ်တော်ဖြစ်နေပြီဖြစ်တဲ့ ဝမ်ဘစ်ဆာကာက ၂၈၉၀၀နဲ့ အဆင့် ၄နေရာမှာ ရပ်တည်နေပါတယ်။

Photo Credit

ကွင်းလယ်လူဟောင်း ဟာရဲရားက ၂၈၅၀၀နဲ့ အဆင့် ၅နေရာမှာ ရပ်တည်နေပြီး ပြီးခဲ့တဲ့နွေရာသီက ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုခဲ့ရလို့ ယူနိုက်တက်ပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။
ကစားသမားသစ်တွေဖြစ်တဲ့ တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်(၂၈၂၀၀)နဲ့ နောက်ခံလူ မက်ဂွိုင်းယား(၂၄၂၀၀)တို့က အဆင့် ၆နဲ့ အဆင့် ၇နေရာတွေမှာ အသီးသီးရပ်တည်နေပြီး တိုက်စစ်မှူးဟောင်း လူကာကူက အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။

Photo Credit

ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဂျူဗင်တပ်စ်ကနေ ပြန်လည်ခေါ်ယူထားတဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာကတော့ စိတ်ပျက်ဖွယ် အဆင့် ၁၈ နေရာရောက်နေပြီး ကစားသမား ၂၈ဦးအနက် ၂၀၁၃-၁၄ ရာသီက မိုနာကိုကနေ အငှားလာကစားခဲ့တဲ့ တိုက်စစ်မှူး ဖယ်လ်ကာအိုက အဆိုးရွားဆုံးခေါ်ယူမှုဖြစ်ခဲ့ပါတယ်။

Photo Credit

သူ့အထက်မှာ တိုက်စစ်မှူး ဆန်းချက်ဇ်က အဆင့် ၂၇နဲ့ ရပ်တည်နေပြီး ရှနိုက်ဒါလင်၊ ဒါမီယန်၊ ဒီမာရီယာနဲ့ ဒီပိုင်းတို့လည်း အောက်နားလေးမှာ အသီးသီးရပ်နေပါတယ်။ ဇန်နဝါရီလအတွင်းက ခေါ်ယူခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်နဲ့ တိုက်စစ်မှူး အစ်ဂ်ဟာလိုတို့အပြင် အရန်ဂိုးသမား လီဂရန့်တို့ကတော့ ဒီစာရင်းထဲမှာ မပါဝင်ပါဘူး။

Photo Credit

၁ – မာတာ(၃၄၂၀၀)
၂ – မိုဗစ်(၃၁၂၀၀)
၃ – ရိုမဲရိုး(၂၉၉၀၀)
၄ – ဝမ်ဘစ်ဆာကာ(၂၈၉၀၀)
၅ – ဟာရဲရား (၂၈၅၀၀)
၆ – ဒန်နီရယ်ဂျိမ်းစ် (၂၈၂၀၀)
၇ – မက်ဂွိုင်းယား (၂၄၂၀၀)
၈ – လင်ဒီလော့ဖ် (၂၃၈၀၀)
၉ – ဒါလေးဘလင်း (၂၂၉၀၀)
၁၀ – လူကာကူ (၂၁၂၀၀)
၁၁ – မာရှယ် (၂၀၈၀၀)
၁၂ – မာတစ် (၁၉၇၀၀)
၁၃ – ဒါလော့ (၁၆၉၀၀)
၁၄ – ဖယ်လိုင်နီ (၁၅၉၀၀)
၁၅ – ဖရက်ဒ် (၁၅၅၇၀)
၁၆ – လုခ်ရှော (၁၁၃၀၀)
၁၇ – ဘိုင်လီ (၉၁၈၉)
၁၈ – ပေါ့ဂ်ဘာ (၆၁၅၂)
၁၉ – ဗဲလ်ဒက်စ် (၄၆၀၄)
၂၀ – ရှဝိန်းစတိုင်ဂါ (၃၃၉၄)
၂၁ – မစ်ခီတာယန် (၃၁၂၆)
၂၂ – ရိုဟို (၂၆၄၃)
၂၃ – ဒီပိုင်း (၂၂၂၇)
၂၄ – ဒီမာရီယာ (၂၁၂၈)
၂၅ – ဒါမီယန် (၁၈၉၈)
၂၆ – ရှနိုက်ဒါလင် (၁၃၁၆)
၂၇ – ဆန်းချက်ဇ် (၉၈၉)
၂၈ – ဖယ်လ်ကာအို (၉၃၉)

Photo Credit

Zawgyi

ဖာဂူဆန္ေခတ္လြန္ ကစားသမားေခၚယူမႈေတြကို အစဥ္အတုိင္းမဲေပးခဲ့တဲ့ ယူႏုိက္တက္ပရိသတ္မ်ား

အြန္လိုင္းမွာ ျပဳလုပ္တဲ့ စစ္တမ္းေကာက္ယူမႈအရ ယူႏုိက္တက္ပရိသတ္ေတြက ဂႏၳ၀င္နည္းျပႀကီး ဖာဂူဆန္ေခတ္လြန္ အေကာင္းဆုံးကစားသမား ေခၚယူမႈအျဖစ္ ကြင္းလယ္လူ ဟြမ္မာတာကို ေရြးခ်ယ္ခဲ့ေၾကာင္း သိရပါတယ္။ စပိန္ႏိုင္ငံသား မာတာဟာ ၂၀၁၄ ဇန္န၀ါရီလက ခ်ဲလ္ဆီးကေန ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး(ထိုစဥ္က) ေပါင္ ၃၇သန္းနဲ႔ ယူႏိုက္တက္ကို ေရာက္လာတာျဖစ္ၿပီး အသင္းအတြက္ ၂၄၉ပြဲမွာ ၄၇ဂိုးအထိသြင္းယူထားပါတယ္။
ဘီဘီစီအားကစားပိုင္းက ျပဳလုပ္တဲ့စစ္တမ္းမွာ ယူႏုိက္တက္ပရိသတ္ေတြက မာတာကို ၃၄၂၀၀ အထိ မဲေပးေရြးခ်ယ္ခဲ့တာျဖစ္ၿပီး ၂၀၁၆-၁၇ ရာသီမတိုင္ခင္ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္လာၿပီးေနာက္ ၄၆ပြဲမွာ ၂၈ဂိုးအထိသြင္းယူခ့ဲတ့ဲ တုိက္စစ္မွဴး မိုဗစ္က ၃၁၂၀၀ နဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။
ဒီဂီယာရဲ႕အရန္ဂိုးသမားအျဖစ္ ရပ္တည္ေနတဲ့ အာဂ်င္တီးနားလက္ေရြးစင္ ႐ိုမဲ႐ိုးက ၂၉၉၀၀ နဲ႔ တတိယေနရာမွာ ရပ္တည္ေနၿပီး ၿပီးခဲ့တဲ့ေႏြရာသီကမွ ပဲေလ့စ္ကေန ေပါင္သန္း ၅၀နဲ႔ ေရာက္လာေပမယ့္ ပရိသတ္အခ်စ္ေတာ္ျဖစ္ေနၿပီျဖစ္တဲ့ ၀မ္ဘစ္ဆာကာက ၂၈၉၀၀နဲ႔ အဆင့္ ၄ေနရာမွာ ရပ္တည္ေနပါတယ္။
ကြင္းလယ္လူေဟာင္း ဟာရဲရားက ၂၈၅၀၀နဲ႔ အဆင့္ ၅ေနရာမွာ ရပ္တည္ေနၿပီး ၿပီးခဲ့တဲ့ေႏြရာသီက ပီအက္စ္ဂ်ီကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ျပဳခဲ့ရလို႔ ယူႏုိက္တက္ပရိသတ္ေတြအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။
ကစားသမားသစ္ေတြျဖစ္တဲ့ ေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္(၂၈၂၀၀)နဲ႔ ေနာက္ခံလူ မက္ဂြိဳင္းယား(၂၄၂၀၀)တို႔က အဆင့္ ၆နဲ႔ အဆင့္ ၇ေနရာေတြမွာ အသီးသီးရပ္တည္ေနၿပီး တုိက္စစ္မွဴးေဟာင္း လူကာကူက အဆင့္ ၁၀ ေနရာမွာ ရပ္တည္ေနပါတယ္။
ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ဂ်ဴဗင္တပ္စ္ကေန ျပန္လည္ေခၚယူထားတဲဲ့ ကြင္းလယ္လူ ေပါ့ဂ္ဘာကေတာ့ စိတ္ပ်က္ဖြယ္ အဆင့္ ၁၈ ေနရာေရာက္ေနၿပီး ကစားသမား ၂၈ဦးအနက္ ၂၀၁၃-၁၄ ရာသီက မိုနာကိုကေန အငွားလာကစားခဲ့တဲ့ တုိက္စစ္မွဴး ဖယ္လ္ကာအိုက အဆုိးရြားဆုံးေခၚယူမႈျဖစ္ခဲ့ပါတယ္။
သူ႕အထက္မွာ တုိက္စစ္မွဴး ဆန္းခ်က္ဇ္က အဆင့္ ၂၇နဲ႔ ရပ္တည္ေနၿပီး ရွႏိုက္ဒါလင္၊ ဒါမီယန္၊ ဒီမာရီယာနဲ႔ ဒီပိုင္းတုိ႔လည္း ေအာက္နားေလးမွာ အသီးသီးရပ္ေနပါတယ္။ ဇန္န၀ါရီလအတြင္းက ေခၚယူခဲ့တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ တုိက္စစ္မွဴး အစ္ဂ္ဟာလိုတုိ႔အျပင္ အရန္ဂိုးသမား လီဂရန္႔တုိ႔ကေတာ့ ဒီစာရင္းထဲမွာ မပါ၀င္ပါဘူး။

၁ – မာတာ(၃၄၂၀၀)
၂ – မိုဗစ္(၃၁၂၀၀)
၃ – ႐ိုမဲ႐ိုး(၂၉၉၀၀)
၄ – ၀မ္ဘစ္ဆာကာ(၂၈၉၀၀)
၅ – ဟာရဲရား (၂၈၅၀၀)
၆ – ဒန္နီရယ္ဂ်ိမ္းစ္ (၂၈၂၀၀)
၇ – မက္ဂြိဳင္းယား (၂၄၂၀၀)
၈ – လင္ဒီေလာ့ဖ္ (၂၃၈၀၀)
၉ – ဒါေလးဘလင္း (၂၂၉၀၀)
၁၀ – လူကာကူ (၂၁၂၀၀)
၁၁ – မာရွယ္ (၂၀၈၀၀)
၁၂ – မာတစ္ (၁၉၇၀၀)
၁၃ – ဒါေလာ့ (၁၆၉၀၀)
၁၄ – ဖယ္လုိင္နီ (၁၅၉၀၀)
၁၅ – ဖရက္ဒ္ (၁၅၅၇၀)
၁၆ – လုခ္ေရွာ (၁၁၃၀၀)
၁၇ – ဘုိင္လီ (၉၁၈၉)
၁၈ – ေပါ့ဂ္ဘာ (၆၁၅၂)
၁၉ – ဗဲလ္ဒက္စ္ (၄၆၀၄)
၂၀ – ရွ၀ိန္းစတုိင္ဂါ (၃၃၉၄)
၂၁ – မစ္ခီတာယန္ (၃၁၂၆)
၂၂ – ႐ိုဟို (၂၆၄၃)
၂၃ – ဒီပိုင္း (၂၂၂၇)
၂၄ – ဒီမာရီယာ (၂၁၂၈)
၂၅ – ဒါမီယန္ (၁၈၉၈)
၂၆ – ရွႏိုက္ဒါလင္ (၁၃၁၆)
၂၇ – ဆန္းခ်က္ဇ္ (၉၈၉)
၂၈ – ဖယ္လ္ကာအို (၉၃၉)