ဖာဂူဆန္ရဲ႕ လမ္းညႊန္မႈကို လ်စ္လ်ဴရႈခဲ့လို႔ မက္ဂြိဳင္းယားကို ေစ်းႀကီးေပးေခၚယူခဲ့ရတဲ့ မန္ယူ

မန္ယူအသင္းက ေခၚယူဖို႔ သေဘာတူညီမႈရရိွသြားၿပီလို႔ သတင္းထြက္ေနတဲ့ လက္စတာေနာက္ခံလူ မက္ဂြိဳင္းယားဟာ 2013 ခုႏွစ္ကတည္းက ေခၚယူဖို႔ နည္းျပႀကီးဖာဂူဆန္ အႀကံေပးခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

မန္ယူနည္းျပဘ၀ကေန အနားယူၿပီးေနာက္မွာ ဖာဂူဆန္ဟာ မက္ဂြိဳင္းယားကို ေခၚယူဖုိ႔ သူ႔ေနရာဆက္ခံခဲ့တဲ့ ေဒးဗစ္မိုယက္စ္ကို အႀကံေပးခဲ့တာျဖစ္ပါတယ္။ ေဒးဗစ္မိုယက္စ္ဟာ ဖာဂူဆန္လမ္းညႊန္ခဲ့တဲ့အတိုင္း မန္ယူအသင္းရဲ႕ ကစားသမားကင္းေထာက္ေတြအေနနဲ႔ ရွက္ဖီးလ္ယူႏုိက္တက္မွာ ကစားေနတဲ့ မက္ဂြိဳင္းယားကို ေစာင့္ၾကည့္ေပးဖုိ႔ လမ္းညႊန္ခဲ့ေပမယ့္လည္း မန္ယူအသင္းဟာ မေခၚယူေပးႏုိင္ခဲ့ပါဘူး။

အဲဒီတုန္းကသာ မက္ဂြိဳင္းယားကိုေခၚယူႏိုင္ခဲ့မယ္ဆိုရင္ မန္ယူအသင္းဟာ ေပါင္ 4 သန္းေလာက္နဲ႔ေခၚယူႏုိင္မွာျဖစ္ၿပီး အခုအခါမွာေတာ့ The Sun သတင္းစာရဲ႕ေဖာ္ျပခ်က္အရ မက္ဂြိဳင္းယားကို ေပါင္သန္း 80 နဲ႔ေခၚယူဖို႔ သေဘာတူညီမႈရခဲ့တာျဖစ္တယ္လုိ႔ သိရပါတယ္။

မန္ယူအသင္းကင္းေထာက္အဖြဲ႕ေတြ ေစာင့္ၾကည့္ဖုိ႔ လစ္ဟင္းခဲ့တာေၾကာင့္ မက္ဂြိဳင္းယားဟာ ရွက္ဖီးလ္ယူႏိုက္တက္အသင္းကေန ဟူးလ္စီးတီးကိုေျပာင္းေရႊ႕ခဲ့ၿပီး အဲဒီကေနတစ္ဆင့္ လက္စတာအသင္းကို ေရာက္ရိွလာခဲ့တာျဖစ္ပါတယ္။

မက္ဂြိဳင္းယားဟာ ၿပီးခဲ့တဲ့ရာသီက လက္စတာအသင္းအတြက္အေကာင္းဆံုးေျခစြမ္းျပႏုိင္ခဲ့လို႔ အဂၤလန္အသင္းရဲ႕ အဓိက ခံစစ္မွဴးတစ္ဦးအျဖစ္လည္း 2018 ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့သူျဖစ္ပါတယ္။

မန္ယူအသင္းကို ေျပာင္းေရႊ႕ဖုိ႔ သေဘာတူညီမႈရရိွသြားခဲ့ၿပီျဖစ္တဲ့ မက္ဂြိဳင္းယားဟာ တနလၤာေန႔ (ယေန႔)မွာ ေဆးစစ္ဖို႔ မန္ခ်က္စတာကို ေရာက္ရိွလာေတာ့မွာပါ။ မန္ယူအသင္းအတြင္းသတင္းေတြရဲ႕ အဆိုအရေတာ့ မန္ယူအသင္းဟာ မက္ဂြိဳင္းယားကို ပထမတစ္ႀကိမ္ကမ္းလွမ္းမႈပယ္ခ်ခံခဲ့ရၿပီးေနာက္မွာ ေပါင္သန္း 80 နီးပါးအထိ တိုးျမွင့္ကမ္းလွမ္းခဲ့လို႔ ေခၚယူႏုိင္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

[Unicode]

ဖာဂူဆန်ရဲ့ လမ်းညွှန်မှုကို လျစ်လျူရှုခဲ့လို့ မက်ဂွိုင်းယားကို ဈေးကြီးပေးခေါ်ယူခဲ့ရတဲ့ မန်ယူ
======================================

မန်ယူအသင်းက ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားပြီလို့ သတင်းထွက်နေတဲ့ လက်စတာနောက်ခံလူ မက်ဂွိုင်းယားဟာ 2013 ခုနှစ်ကတည်းက ခေါ်ယူဖို့ နည်းပြကြီးဖာဂူဆန် အကြံပေးခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

မန်ယူနည်းပြဘဝကနေ အနားယူပြီးနောက်မှာ ဖာဂူဆန်ဟာ မက်ဂွိုင်းယားကို ခေါ်ယူဖို့ သူ့နေရာဆက်ခံခဲ့တဲ့ ဒေးဗစ်မိုယက်စ်ကို အကြံပေးခဲ့တာဖြစ်ပါတယ်။ ဒေးဗစ်မိုယက်စ်ဟာ ဖာဂူဆန်လမ်းညွှန်ခဲ့တဲ့အတိုင်း မန်ယူအသင်းရဲ့ ကစားသမားကင်းထောက်တွေအနေနဲ့ ရှက်ဖီးလ်ယူနိုက်တက်မှာ ကစားနေတဲ့ မက်ဂွိုင်းယားကို စောင့်ကြည့်ပေးဖို့ လမ်းညွှန်ခဲ့ပေမယ့်လည်း မန်ယူအသင်းဟာ မခေါ်ယူပေးနိုင်ခဲ့ပါဘူး။

အဲဒီတုန်းကသာ မက်ဂွိုင်းယားကိုခေါ်ယူနိုင်ခဲ့မယ်ဆိုရင် မန်ယူအသင်းဟာ ပေါင် 4 သန်းလောက်နဲ့ခေါ်ယူနိုင်မှာဖြစ်ပြီး အခုအခါမှာတော့ The Sun သတင်းစာရဲ့ဖော်ပြချက်အရ မက်ဂွိုင်းယားကို ပေါင်သန်း 80 နဲ့ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မန်ယူအသင်းကင်းထောက်အဖွဲ့တွေ စောင့်ကြည့်ဖို့ လစ်ဟင်းခဲ့တာကြောင့် မက်ဂွိုင်းယားဟာ ရှက်ဖီးလ်ယူနိုက်တက်အသင်းကနေ ဟူးလ်စီးတီးကိုပြောင်းရွှေ့ခဲ့ပြီး အဲဒီကနေတစ်ဆင့် လက်စတာအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ရာသီက လက်စတာအသင်းအတွက်အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့လို့ အင်္ဂလန်အသင်းရဲ့ အဓိက ခံစစ်မှူးတစ်ဦးအဖြစ်လည်း 2018 ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။

မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်တဲ့ မက်ဂွိုင်းယားဟာ တနင်္လာနေ့ (ယနေ့)မှာ ဆေးစစ်ဖို့ မန်ချက်စတာကို ရောက်ရှိလာတော့မှာပါ။ မန်ယူအသင်းအတွင်းသတင်းတွေရဲ့ အဆိုအရတော့ မန်ယူအသင်းဟာ မက်ဂွိုင်းယားကို ပထမတစ်ကြိမ်ကမ်းလှမ်းမှုပယ်ချခံခဲ့ရပြီးနောက်မှာ ပေါင်သန်း 80 နီးပါးအထိ တိုးမြှင့်ကမ်းလှမ်းခဲ့လို့ ခေါ်ယူနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။