
photo-sportbible
photo-gettyimages
ရြိဳင္ကိန္းေရာ ဖာဂူဆန္ပါ ႏွစ္ေယာက္စလုံးဟာ မန္ယူပရိသတ္ေတြရဲ႕အသည္းႏွလုံးမွာ အၿမဲတမ္းရွိေနၾကမယ့္သူေတြပါ။ ရြိဳင္ကိန္းဟာ အႀကီးအက်ယ္ေအာင္ျမင္ခဲ့တဲ့ ၁၂ ႏွစ္တာကာလအတြင္းမွာ ကလပ္အတြက္ စိတ္ေရာ ကိုယ္ပါေပးဆပ္ခဲ့ၿပီး ထူးခၽြန္လွတဲ့အသင္းေခါင္းေဆာင္တစ္ေယာက္ျဖစ္ခဲ့ပါတယ္။ ဖာဂူဆန္ကလည္း ၂၆ ႏွစ္တာ အိုးလ္ထရက္ဖုိ႔ဒ္နည္းျပဘ၀မွာ ဆုဖလားေပါင္း ၃၈ ခုေတာင္ ရယူေပးႏိုင္ခဲ့လုိ႔ မန္ယူသမိုုင္းရဲ႕အေကာင္းဆုံးနည္းျပျဖစ္ခဲ့တာပါ။ ဒီလိုကလပ္အတြက္ အႀကီးအက်ယ္ေပးဆပ္ခဲ့သူႏွစ္ေယာက္ဟာ အခုခ်ိန္မွာ ခါးသီးလွတဲ့ရန္သူေတာ္ေတြလုိ ျဖစ္ေနၾကပါတယ္။
photo-gettyimages
အထူးသျဖင့္ ရြိဳင္ကိန္းဟာ လြန္ခဲ့တဲ့ ၁၄ ႏွစ္က မန္ယူကေန သူထြက္ခဲ့ရတာနဲ႔ပတ္သက္လုိ႔ ဖာဂူဆန္အေပၚ အခုခ်ိန္ထိ အခဲမေက်ျဖစ္ေနၿပီး အဲဒီစေကာ့တလန္သားႀကီးကို ဘယ္ေတာ့မွ ခြင့္လႊတ္မွာ မဟုတ္ဘူးလုိ႔ မၾကာေသးခင္က ရုပ္သံအစီအစဥ္တစ္ခုမွာ ေျပာဆိုလိုက္ပါတယ္။ ”ကၽြန္ေတာ္ကေတာ့ ဖာဂူဆန္ကို ခြင့္လႊတ္မွာ မဟုတ္ဘူး။ အားလုံးကို စိတ္ပ်က္ေအာင္ ကၽြန္ေတာ္ဘယ္လုိလုပ္ခဲ့တယ္ဆုိတာ မီဒီယာေတြက ေဖာ္ျပေနၾကေပမယ့္ အဲဒါေတြအားလုံးက အဓိပၸါယ္မရွိပါဘူး။ ကိုယ့္ကိုယ္ကိုယ္ကာကြယ္ရမွာဆိုေတာ့ ဖာဂူဆန္ျဖစ္ျဖစ္ ပုပ္ရဟန္းမင္းႀကီးျဖစ္ျဖစ္ ကၽြန္ေတာ္ကေတာ့ ဂရုစိုက္ေနမွာ မဟုတ္ဘူး”လို႔ ရြိဳင္ကိန္းက ေျပာခဲ့တာပါ။
photo-gettyimages
ဒါ့အျပင္ ရြိဳင္ကိန္းဟာ ဖာဂူဆန္နဲ႔ပတ္သက္ၿပီး ေ၀ဖန္အပုတ္ခ်မႈေတြလည္း ျပဳလုပ္ခဲ့ပါတယ္။ အဲဒီထဲက တစ္ခုက”လူေတြက ဖာဂူဆန္ရဲ႕ကစားသမားစီမံခန္႔ခြဲမႈအေၾကာင္း ခ်ီးက်ဴးေျပာၾကပါတယ္။ အဓိပၸါယ္မွ မရွိတာ။ သူ႔ႏွလုံးသားထဲမွာ မန္ယူရဲ႕အက်ိဳးစီးပြားအတြက္ပဲ အၿမဲရွိတယ္လို႔ လူေတြက ေျပာၾကတယ္။ ဒါရင္းဖာဂူဆန္(ဖာဂူဆန္ရဲ႕သား)က ဆုတံဆိပ္တစ္ခုရသြားတာေနာ္။ သူအရမး္ကံေကာင္းခဲ့တယ္”လို႔ ေျပာခဲ့တာပါ။ ေနာက္ၿပီး”ခက္ခဲတဲ့အခ်ိန္ေတြမွာ သူက ကၽြန္ေတာ့္ဘက္က ရပ္တည္တယ္လို႔ လူေတြကေျပာၾကတယ္။ ဒါေပမဲ့ ကစားသမားဘ၀အဆုံးသတ္ခ်ိန္မေရာက္ေသးတဲ့ ကၽြန္ေတာ္ ၃၄ ႏွစ္တုန္းက ခ်က္ခ်င္းဆုိသလုိပဲ ‘ရြိင္ကိန္း မင္း ဒုိးေတာ့’လို႔ သူ ကၽြန္ေတာ့္ကို ေျပာခဲ့ပါတယ္။ မန္ယူအတြက္ ေကာင္းတာေတြကို ဖာဂူဆန္အၿမဲလုပ္တယ္လုိ႔ လူေတြကေျပာၾကတယ္။ ကၽြန္ေတာ္ကေတာ့ အဲလိုမထင္ဘူး။ ဖာဂူဆန္ဟာ သူေကာင္းဖုိ႔အတြက္ပဲ လုပ္ခဲ့တာပါ”လို႔ ဆက္လက္ေျပာၾကားခဲ့ပါတယ္။
[Unicode]
ရွိုင်ကိန်းရော ဖာဂူဆန်ပါ နှစ်ယောက်စလုံးဟာ မန်ယူပရိသတ်တွေရဲ့အသည်းနှလုံးမှာ အမြဲတမ်းရှိနေကြမယ့်သူတွေပါ။ ရွိုင်ကိန်းဟာ အကြီးအကျယ်အောင်မြင်ခဲ့တဲ့ ၁၂ နှစ်တာကာလအတွင်းမှာ ကလပ်အတွက် စိတ်ရော ကိုယ်ပါပေးဆပ်ခဲ့ပြီး ထူးချွန်လှတဲ့အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဖာဂူဆန်ကလည်း ၂၆ နှစ်တာ အိုးလ်ထရက်ဖို့ဒ်နည်းပြဘဝမှာ ဆုဖလားပေါင်း ၃၈ ခုတောင် ရယူပေးနိုင်ခဲ့လို့ မန်ယူသမိုင်းရဲ့အကောင်းဆုံးနည်းပြဖြစ်ခဲ့တာပါ။ ဒီလိုကလပ်အတွက် အကြီးအကျယ်ပေးဆပ်ခဲ့သူနှစ်ယောက်ဟာ အခုချိန်မှာ ခါးသီးလှတဲ့ရန်သူတော်တွေလို ဖြစ်နေကြပါတယ်။
အထူးသဖြင့် ရွိုင်ကိန်းဟာ လွန်ခဲ့တဲ့ ၁၄ နှစ်က မန်ယူကနေ သူထွက်ခဲ့ရတာနဲ့ပတ်သက်လို့ ဖာဂူဆန်အပေါ် အခုချိန်ထိ အခဲမကျေဖြစ်နေပြီး အဲဒီစကော့တလန်သားကြီးကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ မကြာသေးခင်က ရုပ်သံအစီအစဉ်တစ်ခုမှာ ပြောဆိုလိုက်ပါတယ်။ ”ကျွန်တော်ကတော့ ဖာဂူဆန်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ အားလုံးကို စိတ်ပျက်အောင် ကျွန်တော်ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ မီဒီယာတွေက ဖော်ပြနေကြပေမယ့် အဲဒါတွေအားလုံးက အဓိပ္ပါယ်မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရမှာဆိုတော့ ဖာဂူဆန်ဖြစ်ဖြစ် ပုပ်ရဟန်းမင်းကြီးဖြစ်ဖြစ် ကျွန်တော်ကတော့ ဂရိုစိုက်နေမှာ မဟုတ်ဘူး”လို့ ရွိုင်ကိန်းက ပြောခဲ့တာပါ။
ဒါ့အပြင် ရွိုင်ကိန်းဟာ ဖာဂူဆန်နဲ့ပတ်သက်ပြီး ဝေဖန်အပုတ်ချမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ အဲဒီထဲက တစ်ခုက”လူတွေက ဖာဂူဆန်ရဲ့ကစားသမားစီမံခန့်ခွဲမှုအကြောင်း ချီးကျူးပြောကြပါတယ်။ အဓိပ္ပါယ်မှ မရှိတာ။ သူ့နှလုံးသားထဲမှာ မန်ယူရဲ့အကျိုးစီးပွားအတွက်ပဲ အမြဲရှိတယ်လို့ လူတွေက ပြောကြတယ်။ ဒါရင်းဖာဂူဆန်(ဖာဂူဆန်ရဲ့သား)က ဆုတံဆိပ်တစ်ခုရသွားတာနော်။ သူအရမ်းကံကောင်းခဲ့တယ်”လို့ ပြောခဲ့တာပါ။ နောက်ပြီး”ခက်ခဲတဲ့အချိန်တွေမှာ သူက ကျွန်တော့်ဘက်က ရပ်တည်တယ်လို့ လူတွေကပြောကြတယ်။ ဒါပေမဲ့ ကစားသမားဘဝအဆုံးသတ်ချိန်မရောက်သေးတဲ့ ကျွန်တော် ၃၄ နှစ်တုန်းက ချက်ချင်းဆိုသလိုပဲ ‘ရွိင်ကိန်း မင်း ဒိုးတော့’လို့ သူ ကျွန်တော့်ကို ပြောခဲ့ပါတယ်။ မန်ယူအတွက် ကောင်းတာတွေကို ဖာဂူဆန်အမြဲလုပ်တယ်လို့ လူတွေကပြောကြတယ်။ ကျွန်တော်ကတော့ အဲလိုမထင်ဘူး။ ဖာဂူဆန်ဟာ သူကောင်းဖို့အတွက်ပဲ လုပ်ခဲ့တာပါ”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။