ဖလား ၃လုံးချန်ပီယံဖြစ်ရန် အခွင့်ကောင်းပိုင်ဆိုင်ထားကြောင်း ယူနိုက်တက်ကွင်းလယ်လူ ဖရက်ဒ် ကြုံးဝါး

Photo Credit

Photo Credit

ယူနိုက်တက်အသင်းကွင်းလယ်လူ ဖရက်ဒ်က မိမိတို့အသင်းအနေဖြင့် ယခုရာသီတွင် လိဂ်ဖလား၊ အက်ဖ်အေဖလားနှင့် ယူရိုပါလိဂ်ပြိုင်ပွဲများတွင် ချန်ပီယံဖြစ်ရန် အခွင့်ကောင်းပိုင်ဆိုင်ထားကြောင်း အခိုင်အမာပြောကြားခဲ့သလို မိမိတို့အသင်းအနေဖြင့် အသင်းငယ်များနှင့်ရင်ဆိုင်ရာတွင် ယခုထက်ပိုမိုခြေစွမ်းပြသနိုင်ရန်လည်း လိုအပ်ကြောင်း တိုက်တွန်းသွားသည်။

Photo Credit

ယူနိုက်တက်သည် ပွဲစဉ် ၁၉အပြီးတွင် အဆင့် ၈နေရာ၌သာ ရပ်တည်နေရပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရနောက်ဆုံးနေရာဖြစ်သည့် အဆင့် ၄နေရာမှ ချဲလ်ဆီးနှင့် ၄ မှတ်ကွာဟနေကာ ဇယားထိပ်ဆုံးမှ လီဗာပူးနှင့် ၂၄ မှတ်အထိ ကွာဟနေသည်။

Photo Credit

နည်းပြဆိုးလ်ရှားဦးဆောင်သည့် ယူနိုက်တက်သည် ယခုရာသီတွင် ကြီး ၆ကြီးနှင့်ရင်ဆိုင်ခဲ့သည့်အနက် ရှုံးပွဲမရှိစံချိန်တင်ထားပြီး စီးတီး၊ စပါးနှင့် လက်စတာတို့ကို အနိုင်ရရှိထားသော်လည်း ခံစစ်အထိုင်ချကစားသည့် အသင်းငယ်များနှင့်ရင်ဆိုင်ရသည့်အခါ ထိုးဖောက်ရခက်သွားကာ ရလဒ်များ ဆိုးရွားလျက်ရှိသည်။

Photo Credit

ယူနိုက်တက်သည် ဒီဇင်ဘာလ ၂၂ရက်နေ့က အမှတ်ပေးဇယားအောက်ဆုံးက ဝက်ဖို့ဒ်ကို ၂-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့ရခြင်းက အသင်း၏အနေအထားကို ထင်ဟပ်စေခဲ့သော်လည်း ဘောက်ဆင်ဒေးပွဲတွင်မူ နယူးကာဆယ်ကို ၄-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

Photo Credit

ယူနိုက်တက်သည် ပရီးမီးယားလိဂ်တွင် ပုံမှန်ခြေစွမ်းရရှိရန် ရုန်းကန်နေရသော်လည်း ရာသီအကုန်တွင် အောင်မြင်မှုရရှိရန် အခွင့်အရေးရှိနေပြီး လာမည့်လအတွင်း ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်အဖြစ် မြို့ခံပြိုင်ဘက် စီးတီး၊ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ဝုဗ်အသင်းတို့နှင့် ကစားရမည်ဖြစ်သလို ဖေဖော်ဝါရီလအတွင်း ယူရိုပါလိဂ် ၃၂သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် ဘရုဂျက်နှင့်ကစားရမည်ဖြစ်သည်။

Photo Credit

”ပထမဆုံးပြောချင်တာကတော့ ကျွန်တော့်အနေနဲ့ အသင်းကို ကူညီနိုင်ဖို့ အခုလိုပဲ ဆက်လက်ကြိုးစားသွားမှာပါ။ ပြီးတော့ ဆုဖလားတွေလည်း ရယူချင်ပါတယ်။ လိဂ်ဖလား၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ ဗိုလ်စွဲဖို့ အခွင့်ကောင်းပိုင်ဆိုင်ထားတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အသင်းလည်း အာရုံစိုက်ကြိုးစားသွားမှာပါ”

Photo Credit

”၂၀၂၀ အတွင်း ဆုဖလားပိုင်ဆိုင်ဖို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့အသင်းဟာ အသင်းကြီးတချိ့ကို အနိုင်ယူခဲ့ပေမယ့် အသင်းငယ်တွေလို့ ခေါ်နေကြတဲ့ ပြိုင်ဘက်တွေနဲ့ရင်ဆိုင်ရရင်တော့ အရမ်းစိတ်ပျက်စရာကောင်းခဲ့ပါတယ်။ ကျွန်တော်တို့အသင်းအတွက် အနိမ့်အမြင့်၊ အတက်အကျတွေနဲ့ မတည်မငြိမ်ဖြစ်နေရပြီး နှစ်သစ်မှာ တိုးတက်လာဖို့ မျှော်လင့်ပါတယ်”လို့ ဖရက်ဒ်က ပြောပါတယ်။

Photo Credit

ဖရက်ဒ်ဟာ ၂၀၁၈ နွေရာသီက ရှက်တာဒိုးနက်အသင်းကနေ ပေါင် ၅၂သန်းဖြင့် ရောက်ရှိလာပြီးနောက် အစောပိုင်းတွင် ရုန်းကန်ခဲ့ရသော်လည်း လက်ရှိအချိန်တွင်မူ ပုံမှန်ပွဲထွက်ခွင့်ရရှိနေသည်။ အသက် ၂၆နှစ်အရွယ်ရှိ ဖရက်ဒ်သည် စီးတီးနှင့်စပါးတို့ကို အနိုင်ရခဲ့သောပွဲများတွင် အထူးခြေစွမ်းပြနိုင်ခဲ့သည်။

Photo Credit

Zawgyi

ဖလား ၃လုံးခ်န္ပီယံျဖစ္ရန္ အခြင့္ေကာင္းပိုင္ဆိုင္ထားေၾကာင္း ယူႏုိက္တက္ကြင္းလယ္လူ ဖရက္ဒ္ ႀကံဳး၀ါး

ယူႏိုက္တက္အသင္းကြင္းလယ္လူ ဖရက္ဒ္က မိမိတို႔အသင္းအေနျဖင့္ ယခုရာသီတြင္ လိဂ္ဖလား၊ အက္ဖ္ေအဖလားႏွင့္ ယူ႐ိုပါလိဂ္ၿပိဳင္ပဲြမ်ားတြင္ ခ်န္ပီယံျဖစ္ရန္ အခြင့္ေကာင္းပိုင္ဆုိင္ထားေၾကာင္း အခုိင္အမာေျပာၾကားခဲ့သလုိ မိမိတို႔အသင္းအေနျဖင့္ အသင္းငယ္မ်ားႏွင့္ရင္ဆုိင္ရာတြင္ ယခုထက္ပိုမိုေျခစြမ္းျပသႏိုင္ရန္လည္း လိုအပ္ေၾကာင္း တုိက္တြန္းသြားသည္။
ယူႏုိက္တက္သည္ ပြဲစဥ္ ၁၉အၿပီးတြင္ အဆင့္ ၈ေနရာ၌သာ ရပ္တည္ေနရၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္ရေနာက္ဆုံးေနရာျဖစ္သည့္ အဆင့္ ၄ေနရာမွ ခ်ဲလ္ဆီးႏွင့္ ၄ မွတ္ကြာဟေနကာ ဇယားထိပ္ဆုံးမွ လီဗာပူးႏွင့္ ၂၄ မွတ္အထိ ကြာဟေနသည္။
နည္းျပဆုိးလ္ရွားဦးေဆာင္သည့္ ယူႏုိက္တက္သည္ ယခုရာသီတြင္ ႀကီး ၆ႀကီးႏွင့္ရင္ဆိုင္ခဲ့သည့္အနက္ ႐ႈံးပြဲမရွိစံခ်ိန္တင္ထားၿပီး စီးတီး၊ စပါးႏွင့္ လက္စတာတို႔ကို အႏိုင္ရရွိထားေသာ္လည္း ခံစစ္အထိုင္ခ်ကစားသည့္ အသင္းငယ္မ်ားႏွင့္ရင္ဆိုင္ရသည့္အခါ ထိုးေဖာက္ရခက္သြားကာ ရလဒ္မ်ား ဆုိးရြားလ်က္ရွိသည္။
ယူႏုိက္တက္သည္ ဒီဇင္ဘာလ ၂၂ရက္ေန႔က အမွတ္ေပးဇယားေအာက္ဆုံးက ၀က္ဖုိ႔ဒ္ကို ၂-၀ ဂိုးျဖင့္ အေရးနိမ့္ခဲ့ရျခင္းက အသင္း၏အေနအထားကို ထင္ဟပ္ေစခဲ့ေသာ္လည္း ေဘာက္ဆင္ေဒးပြဲတြင္မူ နယူးကာဆယ္ကို ၄-၁ ဂိုးျဖင့္အႏိုင္ရရွိခဲ့သည္။
ယူႏုိက္တက္သည္ ပရီးမီးယားလိဂ္တြင္ ပုံမွန္ေျခစြမ္းရရွိရန္ ႐ုန္းကန္ေနရေသာ္လည္း ရာသီအကုန္တြင္ ေအာင္ျမင္မႈရရွိရန္ အခြင့္အေရးရွိေနၿပီး လာမည့္လအတြင္း ကာရာေဘာင္ဖလား ဆီမီးဖုိင္နယ္အျဖစ္ ၿမိဳ႕ခံၿပိဳင္ဘက္ စီးတီး၊ အက္ဖ္ေအဖလား တတိယအဆင့္ပြဲစဥ္အျဖစ္ ၀ုဗ္အသင္းတုိ႔ႏွင့္ ကစားရမည္ျဖစ္သလို ေဖေဖာ္၀ါရီလအတြင္း ယူ႐ိုပါလိဂ္ ၃၂သင္းအဆင့္ ႐ံႈးထြက္ပြဲစဥ္အျဖစ္ ဘ႐ုဂ်က္ႏွင့္ကစားရမည္ျဖစ္သည္။
”ပထမဆုံးေျပာခ်င္တာကေတာ့ ကၽြန္ေတာ့္အေနနဲ႔ အသင္းကို ကူညီႏိုင္ဖို႔ အခုလုိပဲ ဆက္လက္ႀကိဳးစားသြားမွာပါ။ ၿပီးေတာ့ ဆုဖလားေတြလည္း ရယူခ်င္ပါတယ္။ လိဂ္ဖလား၊ အက္ဖ္ေအဖလားနဲ႔ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲေတြမွာ ဗိုလ္စြဲဖုိ႔ အခြင့္ေကာင္းပုိင္ဆုိင္ထားတယ္လုိ႔ ထင္ပါတယ္။ ကၽြန္ေတာ္တို႔အသင္းလည္း အာ႐ုံစိုက္ႀကိဳးစားသြားမွာပါ”
”၂၀၂၀ အတြင္း ဆုဖလားပိုင္ဆုိင္ဖို႔လည္း ေမွ်ာ္လင့္ပါတယ္။ ကၽြန္ေတာ္တုိ႔အသင္းဟာ အသင္းႀကီးတခ်ိ႕ကို အႏိုင္ယူခဲ့ေပမယ့္ အသင္းငယ္ေတြလုိ႔ ေခၚေနၾကတဲ့ ၿပိဳင္ဘက္ေတြနဲ႔ရင္ဆုိင္ရရင္ေတာ့ အရမ္းစိတ္ပ်က္စရာေကာင္းခဲ့ပါတယ္။ ကၽြန္ေတာ္တုိ႔အသင္းအတြက္ အနိမ့္အျမင့္၊ အတက္အက်ေတြနဲ႔ မတည္မၿငိမ္ျဖစ္ေနရၿပီး ႏွစ္သစ္မွာ တုိးတက္လာဖို႔ ေမွ်ာ္လင့္ပါတယ္”လုိ႔ ဖရက္ဒ္က ေျပာပါတယ္။
ဖရက္ဒ္ဟာ ၂၀၁၈ ေႏြရာသီက ရွက္တာဒိုးနက္အသင္းကေန ေပါင္ ၅၂သန္းျဖင့္ ေရာက္ရွိလာၿပီးေနာက္ အေစာပိုင္းတြင္ ႐ုန္းကန္ခဲ့ရေသာ္လည္း လက္ရွိအခ်ိန္တြင္မူ ပုံမွန္ပြဲထြက္ခြင့္ရရွိေနသည္။ အသက္ ၂၆ႏွစ္အရြယ္ရွိ ဖရက္ဒ္သည္ စီးတီးႏွင့္စပါးတုိ႔ကို အႏိုင္ရခဲ့ေသာပြဲမ်ားတြင္ အထူးေျခစြမ္းျပႏိုင္ခဲ့သည္။