ဖလား(၁၉)ခုရခဲ့တဲ့ ဗာရန်းက ပေါင်(၃၄)သန်းသာ တန်ကြေးရှိပေမယ့် ချန်ပီယံရှစ်ဖလားတစ်ခုပဲရခဲ့တဲ့ ဘန်ဝှိုက်က ပေါင်သန်း(၅၀)အထိတန်ကြေးရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ဘရိုက်တန်အသင်းရဲ့အင်္ဂလန်လက်ရွေးစင်နောက်ခံလူ ဘန်ဝှိုက်ကို ပေါင်သန်း(၅၀)နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပြီး ဒါက နောက်ခံလူတစ်ဦးအတွက် အာဆင်နယ်အသင်း စံချိန်တင်သုံးစွဲခဲ့တဲ့ပြောင်းရွှေ့ကြေးပမာဏလည်းဖြစ်ပါတယ်။

အသက်(၂၃)နှစ်အရွယ်သာရှိသေးတဲ့ ဘန်ဝှိုက်ဟာ ၂၀၁၄ ခုနှစ်ကတည်းက ဘရိုက်တန်အကယ်ဒမီကိုရောက်ရှိခဲ့ပေမယ့် နယူးပေ့ါတ်ကောင်တီ၊ ပီတာဘရော့၊ လိဒ်စ်အသင်းတွေမှာ အငှားနဲ့သွားကစားခဲ့ရသလို ဘရိုက်တန်အသင်းကြီးအတွက် ပြီးခဲ့တဲ့ရာသီကမှ ပထမဆုံးပွဲထွက်ကစားခွင့်ရခဲ့တာပါ။

ပွဲဦးထွက်ရာသီမှာပဲ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ဘန်ဝှိုက်ဟာ ၂၀၂၀-၂၁ရာသီပြိုင်ပွဲစုံမှာ ဘရိုက်တန်အသင်းအတွက်စုစုပေါင်း(၃၉)ပွဲအထိကစားခွင့်ရခဲ့တဲ့အပြင် သူ့ရဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့် ယူရို-၂၀၂ဝပြိုင်ပွဲဝင်အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံခဲ့ရတဲ့အထိအောင်မြင်ခဲ့ပါတယ်။

အဲဒါကြောင့် အာဆင်နယ်အသင်းဟာ သူတို့ရဲ့ခံစစ်အတွက် ဘန်ဝှိုက်ကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့တာဖြစ်ပေမယ့် အံ့အားသင့်ဖို့ကောင်းတာက ဘန်ဝှိုက်ရဲ့တန်ဖိုးနဲ့ မကြာသေးခင်ကမှ မန်ချက်စတာယူနိုက်တက်အသင်း ခေါ်ယူခဲ့တဲ့ နောက်ခံလူဗာရန်းရဲ့တန်ဖိုးက ကွာဟချက်ကြီးမားနေတာပါ။

ယူနိုက်တက်အသင်းဟာ ရီးယဲလ်နောက်ခံလူဗာရန်းအတွက် ပေါင်(၃၄)သန်းသာ အသုံးပြုခဲ့ရသလို ခြေစွမ်းနဲ့အောင်မြင်မှုအလိုက်ပေးရမယ့် Add-Ons ကြေးတွေပါမှ ပေါင်(၄၂)သန်းလောက်ကျသ့င်မှာဖြစ်ပါတယ်။

အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူဗာရန်းဟာ ရီးယဲလ်အသင်းမှာကစားခဲ့တဲ့ဆယ်စုနှစ်တစ်ခုတာကာလအတွင်း ချန်ပီယံလိဂ်(၄)ကြိမ်၊ လာလီဂါဖလား(၃)ကြိမ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလား(၄)ကြိမ်၊ ဥရောပစူပါဖလား(၃)ကြိမ်၊ စပိန်စူပါဖလား(၃)ကြိမ်၊ စပိန်ဘုရင့်ဖလား(၁)ကြိမ်ရယူခဲ့ပြီး

ပြင်သစ်အသင်းနဲ့လည်း ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တာကြောင့် ကစားသမားဘဝတစ်လျှောက် ဆုဖလားပေါင်း(၁၉)ခုအထိ ရရှိထားသူပါ။

ဘန်ဝှိုက်ကတော့ လိဒ်စ်အသင်းမှာ အငှားနဲ့သွားကစားခဲ့တုန်းက အသင်းနဲ့အတူအင်္ဂလန်လိဂ်ချန်ပီယံရှစ်မှာဗိုလ်စွဲခဲ့တဲ့တစ်ကြိမ်သာ ဆုဖလားအောင်မြင်မှုမှတ်တမ်းပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

ဗာရန်းနဲ့ဘန်ဝှိုက်တို့ရဲ့ပြောင်းရွှေ့ကြေးပမာဏ ဒီလောက်ကွာဟနေတဲ့အကြောင်းရင်းတွေကတော့ ဗာရန်းဟာ ရီးယဲလ်အသင်းနဲ့စာချုပ်သက်တမ်း(၁)နှစ်သာကျန်တော့ပြီး

သူက စာချုပ်သစ်မချုပ်ဘူးလို့ဆိုထားတာကြောင့် ရီးယဲလ်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့မှာပဲ ဗာရန်းကို မဖြစ်မနေရောင်းချရဖို့ရှိနေတာနဲ့ ဘန်ဝှိုက်ကတော့ ဘရိုက်တန်နဲ့(၃)နှစ်စာချုပ်ကျန်ရှိနေတဲ့အပြင်

ဘရိုက်တန်အသင်းက သူတို့ရဲ့အဓိကနောက်ခံလူကို မရောင်းချင်တာကြောင့် အာဆင်နယ်အသင်းဟာ ဘန်ဝှိုက်ကိုခေါ်ယူနိုင်ဖို့အတွက် အခုလောက်အထိ မြင့်မားတဲ့ပြောင်းရွှေ့ကြေးပေးခဲ့ရတာပါပဲ။

ပြောင်းရွှေ့ကြေးတန်ဖိုးကွာဟချက်များနေပေမယ့် လစာငွေပေးချေရမှုမှာတော့ ဗာရန်းက ပိုများခဲ့ပြီး ယူနိုက်တက်အသင်းနဲ့ (၄)နှစ်စာချုပ်ချုပ်ဖို့ရှိနေသလို (၁)နှစ်ကို ပေါင်(၁၀.၅)သန်းအထိရဖို့ရှိနေပါတယ်။

ဘန်ဝှိုက်က အာဆင်နယ်အသင်းမှာ တစ်ပတ်ကို ပေါင်(၈၀,၀၀၀)နဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်လို့ လစာငွေအရ ဘန်ဝှိုက်က ပိုနည်းသွားပါတယ်။

ဘာပဲဖြစ်ဖြစ် ကစားသမားတွေရဲ့ပြောင်းရွှေ့ကြေး၊ လစာငွေတွေထက် အသင်းအပေါ် ဘယ်လောက်အထိအကျိုးပြုနိုင်မလဲဆိုတဲ့အချက်က ပိုအရေးပါတာကြောင့် ဒီကစားသမားနှစ်ဦးဟာ သူတို့ရဲ့အသင်းသစ်တွေအတွက် ခြေစွမ်းပြကစားနိုင်မလားဆိုတာ လာမယ့်ရာသီမှာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ် . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဖလား(၁၉)ခုရခဲ့တဲ့ ဗာရန္းက ေပါင္(၃၄)သန္းသာ တန္ေၾကးရွိေပမယ့္ ခ်န္ပီယံရွစ္ဖလားတစ္ခုပဲရခဲ့တဲ့ ဘန္ဝႈိက္က ေပါင္သန္း(၅၀)အထိတန္ေၾကးရွိေန

အာဆင္နယ္အသင္းဟာ အခုေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ ဘ႐ိုက္တန္အသင္းရဲ႕အဂၤလန္လက္ေ႐ြးစင္ေနာက္ခံလူ ဘန္ဝႈိက္ကို ေပါင္သန္း(၅၀)နဲ႔ ေခၚယူလိုက္ၿပီျဖစ္ၿပီး ဒါက ေနာက္ခံလူတစ္ဦးအတြက္ အာဆင္နယ္အသင္း စံခ်ိန္တင္သုံးစြဲခဲ့တဲ့ေျပာင္းေ႐ႊ႕ေၾကးပမာဏလည္းျဖစ္ပါတယ္။ အသက္(၂၃)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဘန္ဝႈိက္ဟာ ၂၀၁၄ ခုႏွစ္ကတည္းက ဘ႐ိုက္တန္အကယ္ဒမီကိုေရာက္ရွိခဲ့ေပမယ့္ နယူးေပ့ါတ္ေကာင္တီ၊ ပီတာဘေရာ့၊ လိဒ္စ္အသင္းေတြမွာ အငွားနဲ႔သြားကစားခဲ့ရသလို ဘ႐ိုက္တန္အသင္းႀကီးအတြက္ ၿပီးခဲ့တဲ့ရာသီကမွ ပထမဆုံးပြဲထြက္ကစားခြင့္ရခဲ့တာပါ။

ပြဲဦးထြက္ရာသီမွာပဲ ေျခစြမ္းျပကစားႏိုင္ခဲ့တဲ့ဘန္ဝႈိက္ဟာ ၂၀၂၀-၂၁ရာသီၿပိဳင္ပြဲစုံမွာ ဘ႐ိုက္တန္အသင္းအတြက္စုစုေပါင္း(၃၉)ပြဲအထိကစားခြင့္ရခဲ့တဲ့အျပင္ သူ႔ရဲ႕စြမ္းေဆာင္ရည္ေကာင္းေတြေၾကာင့္ ယူ႐ို-၂၀၂ဝၿပိဳင္ပြဲဝင္အဂၤလန္အသင္းအတြက္ ေ႐ြးခ်ယ္ခံခဲ့ရတဲ့အထိေအာင္ျမင္ခဲ့ပါတယ္။ အဲဒါေၾကာင့္ အာဆင္နယ္အသင္းဟာ သူတို႔ရဲ႕ခံစစ္အတြက္ ဘန္ဝႈိက္ကို ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးနဲ႔ေခၚယူခဲ့တာျဖစ္ေပမယ့္ အံ့အားသင့္ဖို႔ေကာင္းတာက ဘန္ဝႈိက္ရဲ႕တန္ဖိုးနဲ႔ မၾကာေသးခင္ကမွ မန္ခ်က္စတာယူႏိုက္တက္အသင္း ေခၚယူခဲ့တဲ့ ေနာက္ခံလူဗာရန္းရဲ႕တန္ဖိုးက ကြာဟခ်က္ႀကီးမားေနတာပါ။

ယူႏိုက္တက္အသင္းဟာ ရီးယဲလ္ေနာက္ခံလူဗာရန္းအတြက္ ေပါင္(၃၄)သန္းသာ အသုံးျပဳခဲ့ရသလို ေျခစြမ္းနဲ႔ေအာင္ျမင္မႈအလိုက္ေပးရမယ့္ Add-Ons ေၾကးေတြပါမွ ေပါင္(၄၂)သန္းေလာက္က်သ့င္မွာျဖစ္ပါတယ္။ အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူဗာရန္းဟာ ရီးယဲလ္အသင္းမွာကစားခဲ့တဲ့ဆယ္စုႏွစ္တစ္ခုတာကာလအတြင္း ခ်န္ပီယံလိဂ္(၄)ႀကိမ္၊ လာလီဂါဖလား(၃)ႀကိမ္၊ ဖီဖာကလပ္ကမာၻ႔ဖလား(၄)ႀကိမ္၊ ဥေရာပစူပါဖလား(၃)ႀကိမ္၊ စပိန္စူပါဖလား(၃)ႀကိမ္၊ စပိန္ဘုရင့္ဖလား(၁)ႀကိမ္ရယူခဲ့ၿပီး ျပင္သစ္အသင္းနဲ႔လည္း ၂၀၁၈ ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့တာေၾကာင့္ ကစားသမားဘဝတစ္ေလွ်ာက္ ဆုဖလားေပါင္း(၁၉)ခုအထိ ရရွိထားသူပါ။

ဘန္ဝႈိက္ကေတာ့ လိဒ္စ္အသင္းမွာ အငွားနဲ႔သြားကစားခဲ့တုန္းက အသင္းနဲ႔အတူအဂၤလန္လိဂ္ခ်န္ပီယံရွစ္မွာဗိုလ္စြဲခဲ့တဲ့တစ္ႀကိမ္သာ ဆုဖလားေအာင္ျမင္မႈမွတ္တမ္းပိုင္ဆိုင္ထားသူျဖစ္ပါတယ္။ ဗာရန္းနဲ႔ဘန္ဝႈိက္တို႔ရဲ႕ေျပာင္းေ႐ႊ႕ေၾကးပမာဏ ဒီေလာက္ကြာဟေနတဲ့အေၾကာင္းရင္းေတြကေတာ့ ဗာရန္းဟာ ရီးယဲလ္အသင္းနဲ႔စာခ်ဳပ္သက္တမ္း(၁)ႏွစ္သာက်န္ေတာ့ၿပီး သူက စာခ်ဳပ္သစ္မခ်ဳပ္ဘူးလို႔ဆိုထားတာေၾကာင့္ ရီးယဲလ္အသင္းဟာ အခုေႏြရာသီအေျပာင္းအေ႐ႊ႕မွာပဲ ဗာရန္းကို မျဖစ္မေနေရာင္းခ်ရဖို႔ရွိေနတာနဲ႔ ဘန္ဝႈိက္ကေတာ့ ဘ႐ိုက္တန္နဲ႔(၃)ႏွစ္စာခ်ဳပ္က်န္ရွိေနတဲ့အျပင္ ဘ႐ိုက္တန္အသင္းက သူတို႔ရဲ႕အဓိကေနာက္ခံလူကို မေရာင္းခ်င္တာေၾကာင့္ အာဆင္နယ္အသင္းဟာ ဘန္ဝႈိက္ကိုေခၚယူႏိုင္ဖို႔အတြက္ အခုေလာက္အထိ ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးေပးခဲ့ရတာပါပဲ။

ေျပာင္းေ႐ႊ႕ေၾကးတန္ဖိုးကြာဟခ်က္မ်ားေနေပမယ့္ လစာေငြေပးေခ်ရမႈမွာေတာ့ ဗာရန္းက ပိုမ်ားခဲ့ၿပီး ယူႏိုက္တက္အသင္းနဲ႔ (၄)ႏွစ္စာခ်ဳပ္ခ်ဳပ္ဖို႔ရွိေနသလို (၁)ႏွစ္ကို ေပါင္(၁၀.၅)သန္းအထိရဖို႔ရွိေနပါတယ္။ ဘန္ဝႈိက္က အာဆင္နယ္အသင္းမွာ တစ္ပတ္ကို ေပါင္(၈၀,၀၀၀)နဲ႔ (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုမွာျဖစ္လို႔ လစာေငြအရ ဘန္ဝႈိက္က ပိုနည္းသြားပါတယ္။ ဘာပဲျဖစ္ျဖစ္ ကစားသမားေတြရဲ႕ေျပာင္းေ႐ႊ႕ေၾကး၊ လစာေငြေတြထက္ အသင္းအေပၚ ဘယ္ေလာက္အထိအက်ိဳးျပဳႏိုင္မလဲဆိုတဲ့အခ်က္က ပိုအေရးပါတာေၾကာင့္ ဒီကစားသမားႏွစ္ဦးဟာ သူတို႔ရဲ႕အသင္းသစ္ေတြအတြက္ ေျခစြမ္းျပကစားႏိုင္မလားဆိုတာ လာမယ့္ရာသီမွာေစာင့္ၾကည့္ရမွာပဲျဖစ္ပါတယ္ . . .