ဖလားလက်မဲ့ရာသီ ထပ်မံကြုံတွေ့ရဖို့ နီးစပ်နေတဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ကိုပါဒယ်ရေးဆီမီးဖိုင်နယ် ( ပ-ကျော့ )ပွဲစဥ်မှာ ဆီဗီလာအသင်းကို ( ၂ – ၀ ) ရလာဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းက နောက်တန်းကစားသမား ဆမ်မြူရယ် အမ်တီတီရဲ့ အမှား( ၂ ) ခုကနေ ဆီဗီလာအသင်းကို သွင်းဂိုး ( ၂ ) ဂိုး ခွင့်ပြုခဲ့ရပြီး ဘာစီလိုနာ ကစားသမားဟောင်း အိုင်ဗန် ရာကီတစ်ကလည်း သွင်းဂိုးတစ်ဂိုး ရယူခဲ့ပါတယ်။

ယခုပွဲစဥ်ရလာဒ်ကြောင့် ဘာစီလိုနာအသင်းဟာ ဗိုလ်လုပွဲ တက်‌ေရာက်နိုင်ဖို့ လာမယ့် မတ်လ ( ၄ ) ရက်နေ့ ၊ ကမ့်နူးမှာ ကစားမယ့် ဒုတိယအကျော့ ပွဲစဥ်ကို ခက်ခက်ခဲခဲ ယှဥ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဇန်နဝါရီလ ( ၁၂ ) ရက်နေ့က ကစားခဲ့တဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲမှာလည်း ဘီဘာအို အသင်းကို ( ၃ -၂ ) ရလာဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဆုဖလားနဲ့ လွဲချော်ခဲ့ပါတယ်။

ယခုရာသီ စပိန် လာလီဂါ ပြိုင်ပွဲမှာတော့ ( ၂၁ ) ပွဲ ကစားထားပြီး ရမှတ် ( ၄၃ ) မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ( ၃ ) နေရာမှာ ရပ်တည်နေပြီး တစ်ပွဲလျော့ ကစားထားတဲ့ အဆင့် ( ၁ ) နေရာက အက်သလက်တီကို အသင်းအောက် ( ၈ ) မှတ် လျော့နည်းလျက်ရှိပါတယ်။ ချန်ပီယံလိဂ် ( ၁၆ ) သင်းအဆင့်မှာ ပြင်သစ် အင်အားကြီး ပီအက်စ်ဂျီအသင်းနဲ့ တွေ့ဆုံနေပြီး ပထမအကျော့ ပွဲစဥ်ကို လာမယ့် ဖေဖော်ဝါရီ ( ၁၇ ) ရက်နေ့မှာ ကစားရဖို့ ရှိနေပါတယ်။

ဘာစီလိုနာအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ / ၂၀ ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းကို ( ၈ – ၂ ) ဂိုးပြတ် အရေးနိမ့်မှုနဲ့အတူ လာလီဂါမှာလည်း အဆင့် ( ၂ ) နေရာသာ ရရှိခဲ့ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရပါတယ်။

Zawgyi

ဖလားလက္မဲ့ရာသီ ထပ္မံႀကဳံေတြ႕ရဖို႔ နီးစပ္ေနတဲ့ ဘာစီလိုနာအသင္း

ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ကစားခဲ့တဲ့ ကိုပါဒယ္ေရးဆီမီးဖိုင္နယ္ ( ပ-ေက်ာ့ )ပြဲစဥ္မွာ ဆီဗီလာအသင္းကို ( ၂ – ၀ ) ရလာဒ္နဲ႔ ရႈံးနိမ့္သြားခဲ့ပါတယ္။ဘာစီလိုနာအသင္းက ေနာက္တန္းကစားသမား ဆမ္ျမဴရယ္ အမ္တီတီရဲ႕ အမွား( ၂ ) ခုကေန ဆီဗီလာအသင္းကို သြင္းဂိုး ( ၂ ) ဂိုး ခြင့္ျပဳခဲ့ရၿပီး ဘာစီလိုနာ ကစားသမားေဟာင္း အိုင္ဗန္ ရာကီတစ္ကလည္း သြင္းဂိုးတစ္ဂိုး ရယူခဲ့ပါတယ္။

ယခုပြဲစဥ္ရလာဒ္ေၾကာင့္ ဘာစီလိုနာအသင္းဟာ ဗိုလ္လုပြဲ တက္‌ေရာက္ႏိုင္ဖို႔ လာမယ့္ မတ္လ ( ၄ ) ရက္ေန႔ ၊ ကမ့္ႏူးမွာ ကစားမယ့္ ဒုတိယအေက်ာ့ ပြဲစဥ္ကို ခက္ခက္ခဲခဲ ယွဥ္ၿပိဳင္ရေတာ့မွာ ျဖစ္ပါတယ္။ ဘာစီလိုနာအသင္းဟာ ဇန္နဝါရီလ ( ၁၂ ) ရက္ေန႔က ကစားခဲ့တဲ့ စပိန္စူပါဖလား ဗိုလ္လုပြဲမွာလည္း ဘီဘာအို အသင္းကို ( ၃ -၂ ) ရလာဒ္နဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ ဆုဖလားနဲ႔ လြဲေခ်ာ္ခဲ့ပါတယ္။

ယခုရာသီ စပိန္ လာလီဂါ ၿပိဳင္ပြဲမွာေတာ့ ( ၂၁ ) ပြဲ ကစားထားၿပီး ရမွတ္ ( ၄၃ ) မွတ္နဲ႔ အမွတ္ေပးဇယား အဆင့္ ( ၃ ) ေနရာမွာ ရပ္တည္ေနၿပီး တစ္ပြဲေလ်ာ့ ကစားထားတဲ့ အဆင့္ ( ၁ ) ေနရာက အက္သလက္တီကို အသင္းေအာက္ ( ၈ ) မွတ္ ေလ်ာ့နည္းလ်က္ရွိပါတယ္။ ခ်န္ပီယံလိဂ္ ( ၁၆ ) သင္းအဆင့္မွာ ျပင္သစ္ အင္အားႀကီး ပီအက္စ္ဂ်ီအသင္းနဲ႔ ေတြ႕ဆုံေနၿပီး ပထမအေက်ာ့ ပြဲစဥ္ကို လာမယ့္ ေဖေဖာ္ဝါရီ ( ၁၇ ) ရက္ေန႔မွာ ကစားရဖို႔ ရွိေနပါတယ္။

ဘာစီလိုနာအေနနဲ႔ ၿပီးခဲ့တဲ့ ၂၀၁၉ / ၂၀ ေဘာလုံးရာသီမွာ ဘိုင္ယန္ျမဴးနစ္အသင္းကို ( ၈ – ၂ ) ဂိုးျပတ္ အေရးနိမ့္မႈနဲ႔အတူ လာလီဂါမွာလည္း အဆင့္ ( ၂ ) ေနရာသာ ရရွိခဲ့ၿပီး ဖလားလက္မဲ့ ျဖစ္ခဲ့ရပါတယ္။