ဖလားမယူပေးနိုင်ပေမယ့် စာချုပ်အသစ်ထပ်ချုပ်ရမယ့် ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်း ရဲ့ အခြေအနေကို ပိုမိုတိုးတက်လာအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် အသင်းရဲ့ ဘုတ်အဖွဲ့က နှစ်ခြိုက်နေတယ်လို့သိရပါတယ်။ဒါပေမယ့် ၂၀၁၈ ဒီဇင်ဘာတွင် မန်နေဂျာ တာဝန်ကို စတင်ထမ်းဆောင်ခဲ့တဲ့ ဆိုးလ်ရှားဟာ ဆုဖလား တော့မဆွတ်ခူးနိုင်သေးပါဘူး။

အသက် (၄၈)နှစ်အရွယ်နည်းပြဟာ ၂၀၁၈ ခုနှစ်ဒီဇင်ဘာလက နည်းပြမော်ရင်ဟို ရဲ့နေရာမှာ ယာယီနည်းပြအဖြစ် အစားထိုးတာဝန်ယူခဲ့တာဖြစ်ပြီး (၃)လအကြာမှာတော့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ နည်းပြ ဆိုးလ်ရှားကို တစ်နှစ်လစာ ပေါင်(၁၀)သန်းအထိ တိုးမြှင့်ပေးပြီး စာချုပ်သစ် ချုပ်ဆိုဖို့ စီစဉ်နေတာပါ။

ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းနှင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး လက်ရှိအချိန်မှာတော့ တစ်နှစ်လျှင် ပေါင်(၇.၅)သန်း ရရှိနေပါတယ်။ ယူနိုက်တက်အသင်းဘက်က ကနဦးစာချုပ်သက်တမ်းကို(၂)နှစ်ထားမှာဖြစ်ပြီး၊ ဆိုးလ်ရှားရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီးတော့ နောက်ထပ် (၁)နှစ်ထပ်မံ သက်တမ်းတိုးမှာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၂)၊ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ် အဆင့်ကို ရောက်ရှိနေပါတယ်။ယူနိုက်တက်ဟာ ယူရိုပါလိဂ်ဖလား ရရှိရေးအတွက် ရေပန်းစားနေပြီး ဧပြီလ ၈ ရက်နေ့တွင် ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဖြစ် ဂရန်နာဒါနှင့် ကစားဖို့ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဖလားမယူေပးႏိုင္ေပမယ့္ စာခ်ဳပ္အသစ္ထပ္ခ်ဳပ္ရမယ့္ ဆိုးလ္ရွား

ဆိုးလ္ရွားဟာ ယူႏိုက္တက္အသင္း ရဲ႕ အေျခအေနကို ပိုမိုတိုးတက္လာေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တာေၾကာင့္ အသင္းရဲ႕ ဘုတ္အဖြဲ႕က ႏွစ္ၿခိဳက္ေနတယ္လို႔သိရပါတယ္။ဒါေပမယ့္ ၂၀၁၈ ဒီဇင္ဘာတြင္ မန္ေနဂ်ာ တာဝန္ကို စတင္ထမ္းေဆာင္ခဲ့တဲ့ ဆိုးလ္ရွားဟာ ဆုဖလား ေတာ့မဆြတ္ခူးႏိုင္ေသးပါဘူး။

အသက္ (၄၈)ႏွစ္အ႐ြယ္နည္းျပဟာ ၂၀၁၈ ခုႏွစ္ဒီဇင္ဘာလက နည္းျပေမာ္ရင္ဟိုရဲ႕ေနရာမွာ ယာယီနည္းျပအျဖစ္ အစားထိုးတာဝန္ယူခဲ့တာျဖစ္ၿပီး (၃)လအၾကာမွာေတာ့ အၿမဲတမ္းနည္းျပအျဖစ္ ခန႔္အပ္ခံခဲ့ရတာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ နည္းျပ ဆိုးလ္ရွားကို တစ္ႏွစ္လစာ ေပါင္(၁၀)သန္းအထိ တိုးျမႇင့္ေပးၿပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ စီစဥ္ေနတာပါ။ ဆိုးလ္ရွားဟာ ယူႏိုက္တက္အသင္းႏွင့္ ၂၀၂၂ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုထားသူျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ တစ္ႏွစ္လွ်င္ ေပါင္(၇.၅)သန္း ရရွိေနပါတယ္။

ယူႏိုက္တက္အသင္းဘက္က ကနဦးစာခ်ဳပ္သက္တမ္းကို(၂)ႏွစ္ထားမွာျဖစ္ၿပီး၊ ဆိုးလ္ရွားရဲ႕ စြမ္းေဆာင္ရည္အေပၚ မူတည္ၿပီးေတာ့ ေနာက္ထပ္ (၁)ႏွစ္ထပ္မံ သက္တမ္းတိုးမွာျဖစ္ပါတယ္။ ယူႏိုက္တက္ အသင္းဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ အဆင့္(၂)၊ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ကြာတားဖိုင္နယ္ အဆင့္ကို ေရာက္ရွိေနပါတယ္။ယူႏိုက္တက္ဟာ ယူ႐ိုပါလိဂ္ဖလား ရရွိေရးအတြက္ ေရပန္းစားေနၿပီး ဧၿပီလ ၈ ရက္ေန႔တြင္ ယူ႐ိုပါလိဂ္ ကြာတားဖိုင္နယ္အျဖစ္ ဂရန္နာဒါႏွင့္ ကစားဖို႔ရွိပါတယ္။