
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဒီရာသီမှာ လီဗာပူးတို့ကတော့ အောင်မြင်မှုတွေနဲ့ဝေးနေပါပြီ။ ဒါပေမယ့် အသင်းသားတွေကတော့ ပြီးခဲ့တဲ့ရာသီမှာရော၊ အခုရာသီမှာပါအိတ်ဖောင်းနေကြပါသေးတယ်။ ၂၀၁၉-၂၀ ရာသီအတွက် တရားဝင်လစာစာရင်း ထွက်ထားပါပြီ။
ပြီးခဲ့တဲ့ရာသီတုန်းက လီဗာပူးဟာ ကစားသမားတွေကို လစာစုစုပေါင်း ပေါင် ၃၂၅သန်း ပေးချေခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီက ဆာလက်ဟာ လီဗာပူးရဲ့ လစာအများဆုံးရရှိတဲ့ကစားသမားဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၂၀၀၀၀၀ ရရှိနေတာဖြစ်ပါတယ်။
ဖာမီနိုနှင့် ဗန်ဒိုက်တို့ရဲ့ တစ်ပတ်လုပ်ခလစာက ပေါင် ၁၈၀၀၀၀ ဖြစ်ပြီး နောက်ထပ်ကစားသမား ၈ဦးကတော့ တစ်ပတ် လုပ်ခလစာ ပေါင် ၁၀၀၀၀၀ သာရရှိနေကြတာဖြစ်ပါတယ်။အခု ၂၀၂၀-၂၁ ရာသီမှာလည်း လီဗာပူးရဲ့လုပ်ခလစာတွေက များပြားလာနေတာ ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ ၂၀၂၀ ပြည့်နှစ် မေလအထိ ဘဏ္ဍာရေး နှစ်တစ်နှစ်တာကာလအတွင်း ဘဏ္ဍာရေးရှင်းတမ်းတွင် အခွန်မဆောင်မီလိုငွေပြမှုမှာ ပေါင် (၄၆) သန်းအထိရှိခဲ့ကြောင်း လီဗာပူးလ်အသင်းက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွင်း ဝင်ငွေစုစုပေါင်း ပေါင်သန်း (၄၉၀) ရရှိခဲ့ပြီး တမြန်နှစ်ကထက် ပေါင် (၄၃) သန်းလျော့နည်းခဲ့တာပါ။
ဗိုင်းရပ်စ်ကပ်ဘေးကြောင့် ပြီးခဲ့တဲ့နှစ်နှင့်နှိုင်းယှဉ်လျှင် ဝင်ငွေထိခိုက်မှုမှာ ပေါင် (၈၈) သန်းအထိရှိခဲ့ကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်းပိုင်ရှင်ဖြစ်တဲ့ Fenway Sports Group ဟာ ကပ်ဘေးကာလအကျပ်အတည်းများကြောင့် ပြီးခဲ့တဲ့လက ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုဖြစ်တဲ့ RedBird Capital ဆီကို ရှယ်ယာ ၁၀ ရာခိုင်နှုန်း(တန်ကြေး ပေါင် ၅၄၃ သန်း)ကို ရောင်းချခဲ့ရပါတယ်။ အခြားတစ်ဖက်ကနေလည်း စပွန်ဆာစာချုပ်တွေနဲ့ အသင်းဝင်ငွေတိုးဖို့ လုပ်ဆောင်နေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဖလားမမက် လစာများများယူတဲ့ လီဗာပူးတို့ရဲ့ ငွေကြေးရှင်းတမ်းဂယက်