ဖလာမင်ဂိုမှာအငှားကစားနေတဲ့ ယူနိုက်တက်ကွင်းလယ်လူပါရဲရား (၆)ပွဲပယ်ခံရဖို့ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘရာဇီးလ်ထိပ်သီးကလပ်ဖလာမင်ဂိုအသင်းမှာ အငှားနဲ့ကစားနေတဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူပါရဲရားဟာ

ကိုဗစ်နဲ့ပတ်သက်တဲ့ Quarantine စည်းကမ်းတွေချိုးဖောက်ခဲ့လို့ (၆)ပွဲအထိပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရဖို့ရှိနေပါပြီ။

ပါရဲရားဟာ ပြီးခဲ့တဲ့သြဂုတ်လ(၂၁)ရက်တုန်းက ယူနိုက်တက်အသင်းကနေ ဘရာဇီးလ်အမှတ်ပေးချန်ပီယံ ဖလာမင်ဂိုအသင်းဆီ အငှားနဲ့ပြောင်းရွှေ့ခဲ့ပြီး

ဘရာဇီးလ်နိုင်ငံအားကစားခုံရုံးက သတ်မှတ်ထားတဲ့စည်းမျဉ်းတွေအရ ဗြိတိန်ကနေ ဘရာဇီးလ်ကို လာရောက်တဲ့သူတိုင်းဟာ

(၁၄)ရက်ကြာ Quarantine ဝင်ရမှာဖြစ်ပေမယ့် ပါရဲရားကတော့ (၇)ရက်သာ Quarantine ဝင်ခဲ့တာပါ။

ဖလာမင်ဂိုအသင်းကိုရောက်ရှိပြီး သြဂုတ်လ(၂၈)ရက်မှာ ဆန်းတို့စ်အသင်းကို(၄-၀)ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာပဲ

အသင်းသစ်အတွက် ပါရဲရားပါဝင်ကစားခဲ့သလို စတုတ္ထမြောက်အနိုင်ဂိုးကိုလည်း သွင်းယူခဲ့ပါတယ်။

ပါရဲရားအနေနဲ့ အခုလောလောဆယ် ဖလာမင်ဂိုအသင်းအတွက် ပြိုင်ပွဲစုံ(၈)ပွဲအထိကစားခဲ့ပြီးဖြစ်ပေမယ့်

Quarantine စည်းမျဉ်းချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ပွဲပယ်ပြစ်ဒဏ်ခံရဖို့ရှိနေတာကြောင့် လာမယ့်ပွဲတွေမှာ အသင်းအတွက်ပါဝင်ကစားခွင့်ရဖို့ မသေမချာဖြစ်နေပါပြီ။

ဘရာဇီးလ်အားကစားခုံရုံးရဲ့ထုတ်ပြန်ချက်အရ ဖလာမင်ဂိုအသင်းဟာ ပါရဲရားကို သတ်မှတ်ထားတဲ့ရက်ထက် စောစောအသုံးပြုနိုင်အောင်လို့ Health Regulatory Agency နဲ့ပူးပေါင်းပြီး

ကိုဗစ်စည်းကမ်းနဲ့အညီ Quarantine ဝင်ပြီးသားဖြစ်တယ်ဆိုပြီးတော့ လိမ်လည်ခဲ့သလို အခုအဖြစ်အပျက်နဲ့ပတ်သက်လို့

အောက်တိုဘာလ(၈)ရက်မှာ ပါရဲရားက အားကစားခုံရုံးမှာ လူကိုယ်တိုင်လာရောက်ဖြေရှင်းရမှာဖြစ်ပါတယ်။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူပါရဲရားဟာ ၂၀၁၁ ခုနှစ်ကတည်းက ယူနိုက်တက်အကယ်ဒမီကိုရောက်ရှိခဲ့ပြီး

၂၀၁၄-၁၅ ရာသီမှာ စီနီယာအသင်းအတွက်ပွဲထွက်ခွင့်ရခဲ့ပေမယ့် ပုံမှန်ကစားခွင့်မရတာကြောင့်

ဂရန်နာဒါ၊ ဗလင်စီယာ၊ လာဇီယိုအသင်းတို့မှာအငှားနဲ့သွားကစားခဲ့ရပါတယ်။

ဒီရာသီမှာလည်း ယူနိုက်တက်အသင်းမှာပွဲထွက်ခွင့်ရဖို့မသေချာတဲ့အတွက် ဖလာမင်ဂိုအသင်းဆီ

အငှားနဲ့ထပ်မံပြောင်းရွှေ့ခဲ့သလို ဖလာမင်ဂိုအသင်းမှာ ပွဲထွက်ခွင့်တစ်နေရာရနေချိန်မှာပဲ

အခုပြဿနာပေါ်လာခဲ့လို့ ပါရဲရားအတွက်တော့ စိတ်ပျက်စရာလို့ပဲပြောရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖလာမင္ဂိုမွာအငွားကစားေနတဲ့ ယူႏိုက္တက္ကြင္းလယ္လူပါရဲရား (၆)ပြဲပယ္ခံရဖို႔ရွိေန

ဘရာဇီးလ္ထိပ္သီးကလပ္ဖလာမင္ဂိုအသင္းမွာ အငွားနဲ႔ကစားေနတဲ့ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူပါရဲရားဟာ ကိုဗစ္နဲ႔ပတ္သက္တဲ့ Quarantine စည္းကမ္းေတြခ်ိဳးေဖာက္ခဲ့လို႔ (၆)ပြဲအထိပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံရဖို႔ရွိေနပါၿပီ။ ပါရဲရားဟာ ၿပီးခဲ့တဲ့ၾသဂုတ္လ(၂၁)ရက္တုန္းက ယူႏိုက္တက္အသင္းကေန ဘရာဇီးလ္အမွတ္ေပးခ်န္ပီယံဖလာမင္ဂိုအသင္းဆီ အငွားနဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး ဘရာဇီးလ္ႏိုင္ငံအားကစားခုံ႐ုံးက သတ္မွတ္ထားတဲ့စည္းမ်ဥ္းေတြအရ ၿဗိတိန္ကေန ဘရာဇီးလ္ကို လာေရာက္တဲ့သူတိုင္းဟာ (၁၄)ရက္ၾကာ Quarantine ဝင္ရမွာျဖစ္ေပမယ့္ ပါရဲရားကေတာ့ (၇)ရက္သာ Quarantine ဝင္ခဲ့တာပါ။

ဖလာမင္ဂိုအသင္းကိုေရာက္ရွိၿပီး ၾသဂုတ္လ(၂၈)ရက္မွာ ဆန္းတို႔စ္အသင္းကို(၄-၀)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲမွာပဲ အသင္းသစ္အတြက္ ပါရဲရားပါဝင္ကစားခဲ့သလို စတုတၳေျမာက္အႏိုင္ဂိုးကိုလည္း သြင္းယူခဲ့ပါတယ္။ ပါရဲရားအေနနဲ႔ အခုေလာေလာဆယ္ ဖလာမင္ဂိုအသင္းအတြက္ ၿပိဳင္ပြဲစုံ(၈)ပြဲအထိကစားခဲ့ၿပီးျဖစ္ေပမယ့္ Quarantine စည္းမ်ဥ္းခ်ိဳးေဖာက္ခဲ့တယ္ဆိုတဲ့ စြဲခ်က္နဲ႔ပြဲပယ္ျပစ္ဒဏ္ခံရဖို႔ရွိေနတာေၾကာင့္ လာမယ့္ပြဲေတြမွာ အသင္းအတြက္ပါဝင္ကစားခြင့္ရဖို႔ မေသမခ်ာျဖစ္ေနပါၿပီ။

ဘရာဇီးလ္အားကစားခုံ႐ုံးရဲ႕ထုတ္ျပန္ခ်က္အရ ဖလာမင္ဂိုအသင္းဟာ ပါရဲရားကို သတ္မွတ္ထားတဲ့ရက္ထက္ ေစာေစာအသုံးျပဳႏိုင္ေအာင္လို႔ Health Regulatory Agency နဲ႔ပူးေပါင္းၿပီး ကိုဗစ္စည္းကမ္းနဲ႔အညီ Quarantine ဝင္ၿပီးသားျဖစ္တယ္ဆိုၿပီးေတာ့ လိမ္လည္ခဲ့သလို အခုအျဖစ္အပ်က္နဲ႔ပတ္သက္လို႔ ေအာက္တိုဘာလ(၈)ရက္မွာ ပါရဲရားက အားကစားခုံ႐ုံးမွာ လူကိုယ္တိုင္လာေရာက္ေျဖရွင္းရမွာျဖစ္ပါတယ္။

အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူပါရဲရားဟာ ၂၀၁၁ ခုႏွစ္ကတည္းက ယူႏိုက္တက္အကယ္ဒမီကိုေရာက္ရွိခဲ့ၿပီး ၂၀၁၄-၁၅ ရာသီမွာ စီနီယာအသင္းအတြက္ပြဲထြက္ခြင့္ရခဲ့ေပမယ့္ ပုံမွန္ကစားခြင့္မရတာေၾကာင့္ ဂရန္နာဒါ၊ ဗလင္စီယာ၊ လာဇီယိုအသင္းတို႔မွာအငွားနဲ႔သြားကစားခဲ့ရပါတယ္။ ဒီရာသီမွာလည္း ယူႏိုက္တက္အသင္းမွာပြဲထြက္ခြင့္ရဖို႔မေသခ်ာတဲ့အတြက္ ဖလာမင္ဂိုအသင္းဆီ အငွားနဲ႔ထပ္မံေျပာင္းေ႐ႊ႕ခဲ့သလို ဖလာမင္ဂိုအသင္းမွာ ပြဲထြက္ခြင့္တစ္ေနရာရေနခ်ိန္မွာပဲ အခုျပႆနာေပၚလာခဲ့လို႔ ပါရဲရားအတြက္ေတာ့ စိတ္ပ်က္စရာလို႔ပဲေျပာရမွာပါ။