ဖရီးကစ်ရဖို့ ဖာနန်ဒက်စ် ဒိုင်ဗင်ထိုးခဲ့တယ်လို့ စီးတီးကွင်းလယ်လူ ဂန်ဒိုဂန် စွပ်စွဲ

Photo Credit

စီးတီးကွင်းလယ်လူ ဂန်ဒိုဂန်က ယူနိုက်တက်ကို ၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ ပြိုင်ဘက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်အနေနဲ့ မာရှယ် ဦးဆောင်ဂိုးသွင်းယူနိုင်ရေးအတွက် ဖရီးကစ်ရရှိဖို့ ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ပွဲချိန်မိနစ် ၃၀မှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး မာရှယ်ရဲ့မြေမကျကန်ချက်က စီးတီးဂိုးသမား အီဒါဆန်ရဲ့လက်ကြားထဲကနေ ဂိုးထဲဝင်သွားခဲ့တာပါ။ မာရှယ်ကို ဖာနန်ဒက်စ်က အသာလေးမတင်ပေးလိုက်ာတာဖြစ်ပြီး ပြစ်ဒဏ်ဘောကို လျင်လျင်မြန်မြန်ပေးပို့လိုက်တာပါ။

Photo Credit

ဖာနန်ဒက်စ်ဟာ သူ့ကို ဂန်ဒိုဂန် ဥပဒေပကစားရာကနေ ရရှိလာတဲ့ ပြစ်ဒဏ်ဘောကို အကောင်းဆုံးအသုံးချခဲ့တာဖြစ်ပေမယ့် ကာကယံရှင်ဖြစ်သူကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ သူ့ဘက်က ဘာအမှားမှမကျူးလွန်ခဲ့ကြောင်းနဲ့ ဖာနန်ဒက်စ်ကသာ ပြစ်ဒဏ်ဘောရရှိဖို့ ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။

Photo Credit

”ပေးလိုက်ရတဲ့ဦးဆောင်ဂိုးမှာ အဓိကကျခဲ့တဲ့ပြစ်ဒဏ်ဘောက တကယ့်ကိုစိတ်ပျက်စရာပါ။ ဖာနန်ဒက်စ်ကို ကျွန်တော် ထိတောင်မထိဘူး။ ဘောလုံးကိုပဲ ထိသွားတာဖြစ်ပြီး သူကတော့ မြက်ခင်းပေါ် လှဲချပြီး အော်တော့တာပါပဲ။ ဒိုင်လူကြီးက ဒါကို မြင်တွေ့ရဲ့လားဆိုတာတောင် မသိပါဘူး”

Photo Credit

”အရိုးသားဆုံးပြောရရင် ဒီဖြစ်ရပ်က ကျွန်တော့်အတွက်တော့ အရမ်းကို စိတ်ပျက်ဖို့ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ဒီဖြစ်ရပ်မှာ အဓိကနေရာကနေ ပါဝင်နေပြီးတော့ တကယ်မဟုတ်မှန်းလည်း သိနေခဲ့တာကိုး။ အဲဒီဖြစ်ရပ်ကနေ ဦးဆောင်ဂိုးပါ ပေးလိုက်ရတော့ အရမ်းကို နာကျင်ခံစားရပါတယ်”

Photo Credit

”နောက်ပြီးတော့ ရလဒ်နဲ့ပတ်သက်လို့ စိတ်ပျက်မိတာမဟုတ်ဘဲ အသင်းရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ နာကျင်မိတာပါ။ ဒါပေမဲ့ ဒီဖြစ်ရပ်ကို ကျွန်တော်တို့ မပြောင်းလဲနိုင်တော့လု့ိ ရှေ့ခရီးဆက်ဖို့ပဲ အရေးကြီးပါတယ်”လို့ ဂန်ဒိုဂန်က ပြောပါတယ်။

Photo Credit

စီးတီးဟာ ဗုဒ္ဓဟူးနေ့မှာ အာဆင်နယ်အသင်းနဲ့ လိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ကစားရမှာဖြစ်ပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံဆုကာကွယ်နိုင်ရေးက မဖြစ်နိုင်တော့လို့ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားပွဲတွေကိုပဲ အာရုံစိုက်လာနိုင်ပြီး ချန်ပီယံလိဂ် ၁၆သင်း ဒု-အကျော့မှာ ရီးရဲလ်မက်ဒရစ်၊ အက်ဖ်အေဖလားကွာတားဖိုင်နယ်မှာ နယူးကာဆယ်တု့ိနဲ့ အသီးသီးရင်ဆိုင်ရမှာဖြစ်ပါတယ်။

Photo Credit

Zawgyi

ဖရီးကစ္ရဖို႔ ဖာနန္ဒက္စ္ ဒုိင္ဗင္ထိုးခဲ့တယ္လုိ႔ စီးတီးကြင္းလယ္လူ ဂန္ဒုိဂန္ စြပ္စြဲ

စီးတီးကြင္းလယ္လူ ဂန္ဒိုဂန္က ယူႏုိက္တက္ကို ၂-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့တဲ့ မန္ခ်က္စတာဒါဘီပြဲမွာ ၿပိဳင္ဘက္ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္အေနနဲ႔ မာရွယ္ ဦးေဆာင္ဂိုးသြင္းယူႏုိင္ေရးအတြက္ ဖရီးကစ္ရရွိဖို႔ ဟန္ေဆာင္ဒိုင္ဗင္ထိုးခဲ့တယ္လုိ႔ စြပ္စြဲလုိက္ပါတယ္။
ယူႏုိက္တက္ဟာ ပြဲခ်ိန္မိနစ္ ၃၀မွာ ဦးေဆာင္ဂိုးသြင္းယူႏုိင္ခဲ့တာျဖစ္ၿပီး မာရွယ္ရဲ႕ေျမမက်ကန္ခ်က္က စီးတီးဂိုးသမား အီဒါဆန္ရဲ႕လက္ၾကားထဲကေန ဂိုးထဲ၀င္သြားခဲ့တာပါ။ မာရွယ္ကို ဖာနန္ဒက္စ္က အသာေလးမတင္ေပးလုိက္ာတာျဖစ္ၿပီး ျပစ္ဒဏ္ေဘာကို လ်င္လ်င္ျမန္ျမန္ေပးပို႔လုိက္တာပါ။
ဖာနန္ဒက္စ္ဟာ သူ႕ကို ဂန္ဒိုဂန္ ဥပေဒပကစားရာကေန ရရွိလာတဲ့ ျပစ္ဒဏ္ေဘာကို အေကာင္းဆုံးအသုံးခ်ခဲ့တာျဖစ္္ေပမယ့္ ကာကယံရွင္ျဖစ္သူကေတာ့ ဒီျဖစ္ရပ္နဲ႔ပတ္သက္လုိ႔ သူ႕ဘက္က ဘာအမွားမွမက်ဴးလြန္ခဲ့ေၾကာင္းနဲ႔ ဖာနန္ဒက္စ္ကသာ ျပစ္ဒဏ္ေဘာရရွိဖုိ႔ ဟန္ေဆာင္ဒိုင္ဗင္ထိုးခဲ့တာျဖစ္ေၾကာင္း ဆုိပါတယ္။
”ေပးလုိက္ရတဲ့ဦးေဆာင္ဂိုးမွာ အဓိကက်ခဲ့တဲ့ျပစ္ဒဏ္ေဘာက တကယ့္ကုိစိတ္ပ်က္စရာပါ။ ဖာနန္ဒက္စ္ကို ကၽြန္ေတာ္ ထိေတာင္မထိဘူး။ ေဘာလုံးကုိပဲ ထိသြားတာျဖစ္ၿပီး သူကေတာ့ ျမက္ခင္းေပၚ လွဲခ်ၿပီး ေအာ္ေတာ့တာပါပဲ။ ဒုိင္လူႀကီးက ဒါကို ျမင္ေတြ႕ရဲ႕လားဆုိတာေတာင္ မသိပါဘူး”
”အ႐ိုးသားဆုံးေျပာရရင္ ဒီျဖစ္ရပ္က ကၽြန္ေတာ့္အတြက္ေတာ့ အရမ္းကုိ စိတ္ပ်က္ဖို႔ေကာင္းပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ကုိယ္က ဒီျဖစ္ရပ္မွာ အဓိကေနရာကေန ပါ၀င္ေနၿပီးေတာ့ တကယ္မဟုတ္မွန္းလည္း သိေနခဲ့တာကိုး။ အဲဒီျဖစ္ရပ္ကေန ဦးေဆာင္ဂိုးပါ ေပးလုိက္ရေတာ့ အရမ္းကို နာက်င္ခံစားရပါတယ္”
”ေနာက္ၿပီးေတာ့ ရလဒ္နဲ႔ပတ္သက္လုိ႔ စိတ္ပ်က္မိတာမဟုတ္ဘဲ အသင္းရဲ႕ေျခစြမ္းနဲ႔ပတ္သက္လုိ႔ နာက်င္မိတာပါ။ ဒါေပမဲ့ ဒီျဖစ္ရပ္ကို ကၽြန္ေတာ္တုိ႔ မေျပာင္းလဲႏိုင္ေတာ့လု႔ိ ေရွ႕ခရီးဆက္ဖို႔ပဲ အေရးႀကီးပါတယ္”လုိ႔ ဂန္ဒုိဂန္က ေျပာပါတယ္။
စီးတီးဟာ ဗုဒၶဟူးေန႔မွာ အာဆင္နယ္အသင္းနဲ႔ လိဂ္ပဲြစဥ္အျဖစ္ အိမ္ကြင္းမွာ ကစားရမွာျဖစ္ေပမယ့္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကာကြယ္ႏုိင္ေရးက မျဖစ္ႏိုင္ေတာ့လုိ႔ ခ်န္ပီယံလိဂ္နဲ႔ အက္ဖ္ေအဖလားပြဲေတြကိုပဲ အာ႐ုံစိုက္လာႏိုင္ၿပီး ခ်န္ပီယံလိဂ္ ၁၆သင္း ဒု-အေက်ာ့မွာ ရီးရဲလ္မက္ဒရစ္၊ အက္ဖ္ေအဖလားကြာတားဖို္င္နယ္မွာ နယူးကာဆယ္တု႔ိနဲ႔ အသီးသီးရင္ဆုိင္ရမွာျဖစ္ပါတယ္။