ဖရီးကစ်မှာ တိုင်ထိ၊ ပင်နယ်တီမှာ ဂိုးမဝင်၊ အာဆင်နယ် လူငယ် ဂိုးသမား အိုကွန်ဝိုရဲ့ ဟာသဆန်တဲ့ ကာကွယ်မှုတွေနဲ့အတူ အာဆင်နယ်ရဲ့ ရာသီကြိုခြေစမ်းပွဲဟာ ရှုံးနိမ့်မှုတွေနဲ့ စတင်ခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့ညက အာဆင်နယ်အသင်းဟာ ဘောလုံးရာသီမစတင်မီ ပထမဆုံး ရာသီကြိုခြေစမ်းပွဲအဖြစ် စကော့တလန်ကလပ် ဟိုင်ဘာနီးယန်အသင်းနဲ့ကစားခဲ့ရာမှာ (၂-၁)ဂိုး နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

စကော့တလန် လိဂ်မှာ အလယ်အလတ်အဆင့်သာရှိတဲ့ ဟိုင်ဘာနီးယန် ကို ရှုံးနိမ့်ခဲ့တဲ့အဖြစ်ကတော့ ဒီရာသီမှာ ပရီမီးယားလိဂ်ကို ယှဉ်ပြိုင်မယ် အာဆင်နယ်အသင်းရဲ့ ပြင်ဆင်ထားမှုဟာ မေးခွန်းထုတ်စရာပါပဲ။

ပွဲအပြီးမှာလည်း နည်းပြ အာတီတာကို အာဆင်နယ်ပရိသတ်တွေက အသင်းကထွက်ခွာသွားဖို့ ဆိုလ်ရှယ်မီဒီယာပေါ်ကနေ တောင်ဆိုမှုတွေပြုလုပ်နေပါတယ်။

မနှစ်က ဥရောပဝင်ခွင့်တစ်နေရာတောင်မရခဲ့တာကြောင့် ဒီနှစ်မှာ ပြင်ဆင်မှုတွေများစွာပြုလုပ် သွားနိုင်တယ်လို့ အာဆင်နယ်ပရိသတ်တွေက

မျှော်လင့်ထားကြပေမယ့် ခရွန်ကီက အသင်းအနိုင်ရဖို့ထက် ငွေကုန်သက်သာမယ့်နည်းကိုသာရွေးချယ်ထားနေဆဲပါပဲ။

အသင်းကိုရောက်ရှိလာတဲ့သူဆိုလို့ ဘင်ဖီကာက နူနိုတာဗာရက်စ်တစ်ယောက်ပဲရှိပါသေးတယ်။

ဟိုင်ဘာနီးယန်နဲ့ပွဲမှာ နည်းပြအာတီတာဟာ အူဘာမီယန်း၊ ဝီလီယံစတဲ့ တိုက်စစ်ကစားသမားတွေအပါအဝင် ပွဲထွက်လူစာရင်းမှာ

အသင်းကြီး ကစားသမား အများအပြားနဲ့ ပွဲထုတ်လာခဲ့ပြီး လူငယ်ကစားသမား အဖြစ် ဂိုးသမား အိုကွန်ဝူနဲ့ ခံစစ်ကစားသမား ဟယ်ရီ ကလက်ခ်တို့သာ ပါဝင်ခဲ့ပါတယ်။

ပွဲချိန် (၂၁)မိနစ်မှာ အာဆင်နယ်နောက်တန်းက ဂိုးသမားကို ပြန်ပေးခဲ့ရာမှာ အချိတ်အဆက်လွဲခဲ့သလို လူငယ်ဂိုးသမား အိုကွန်ဝိုကလည်း

ဘောလုံးကို ဗော်လီ ကန်ချက်နဲ့ ရှင်းထုတ်ဖို့ ကြိုးစားရာမှာ လွဲချော်သွားခဲ့ပါတယ်။

ဒီအချိန်မှာ ဟိုင်ဘာနီးယန်အသင်းရဲ့တောင်ပံ ကစားသမား မာတင် ဘွိုင်လီက ဘောလုံးကိုရယူသွားပြီး ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဦးဆောင်ဂိုးပေးလိုက်ရတာကြောင့် တိုက်စစ်မြှင်ပြီး ဂိုးသွင်းနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။

(၆၃)မိနစ်မှာ သောမတ်ပါတေးရဲ့ ဖရီးကစ်ကန်ချက်ဟာလည်း ဂိုးတိုင်နဲ့ထိပြီး ပြန်ကန်ထွက်ခဲ့ပါတယ်။

ပွဲချိန် (၆၉)မိနစ်မှာ ထောင့်ကန်ဘောကနေတဆင့် ဟိုင်ဘာနီးယန်က ဒန်နီယယ် မက်ကေး က ခေါင်းတိုက်သွင်းယူပြီး သွင်းဂိုးတစ်ဂိုးထပ်မံရယူခဲ့ကာ ပွဲကိုဆက်လက်ဦးဆောင်နေခဲ့ပါတယ်။

(၇၃)မိနစ်အရောက်မှာ အာဆင်နယ်အသင်းဟာ ပင်နယ်တီရရှိခဲ့ပြီး ပေပေက သွင်းယူခဲ့ပေမယ့် ဟိုင်ဘာနီးယန်ဂိုးသမားက ကာကွယ်သွားနိုင်ခဲ့တာကြောင့် ချေပဂိုးရမယ့် အခွင့်အရေးဆုံးရှုံးခဲ့ရပါတယ်။

ပွဲကစားချိန် (၈၂) မိနစ် အရောက်မှတော့ အာဆင်နယ်အတွက် ချေပဂိုး တစ်ဂိုးကို လှပတဲ့ တွဲလုံးကနေရရှိခဲ့ပါတယ်။

ဘယ်လာရင် ဖြတ်တင်ပေးတာကို စမစ်ရိုးက သွင်းယူပေးခဲ့တာပါ။

ပွဲပြီးတဲ့အထိ နောက်ထပ် ဘယ်အသင်းကမှ ထပ်မံမသွင်းယူနိုင်ခဲ့တာမရှိတော့တာကြောင့် (၂-၁)ရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဖရီးကစ္မွာ တိုင္ထိ၊ ပင္နယ္တီမွာ ဂိုးမဝင္၊ အာဆင္နယ္ လူငယ္ ဂိုးသမား အိုကြန္ဝိုရဲ႕ ဟာသဆန္တဲ့ ကာကြယ္မႈေတြနဲ႔အတူ အာဆင္နယ္ရဲ႕ ရာသီႀကိဳေျခစမ္းပြဲဟာ ရႈံးနိမ့္မႈေတြနဲ႔ စတင္ခဲ့

မေန႔ညက အာဆင္နယ္အသင္းဟာ ေဘာလုံးရာသီမစတင္မီ ပထမဆုံး ရာသီႀကိဳေျခစမ္းပြဲအျဖစ္ စေကာ့တလန္ကလပ္ ဟိုင္ဘာနီးယန္အသင္းနဲ႔ကစားခဲ့ရာမွာ (၂-၁)ဂိုး နဲ႔ ရႈံးနိမ့္သြားခဲ့ပါတယ္။

စေကာ့တလန္ လိဂ္မွာ အလယ္အလတ္အဆင့္သာရွိတဲ့ ဟိုင္ဘာနီးယန္ ကို ရႈံးနိမ့္ခဲ့တဲ့အျဖစ္ကေတာ့ ဒီရာသီမွာ ပရီမီးယားလိဂ္ကို ယွဥ္ၿပိဳင္မယ္ အာဆင္နယ္အသင္းရဲ႕ ျပင္ဆင္ထားမႈဟာ ေမးခြန္းထုတ္စရာပါပဲ။

ပြဲအၿပီးမွာလည္း နည္းျပ အာတီတာကို အာဆင္နယ္ပရိသတ္ေတြက အသင္းကထြက္ခြာသြားဖို႔ ဆိုလ္ရွယ္မီဒီယာေပၚကေန ေတာင္ဆိုမႈေတြျပဳလုပ္ေနပါတယ္။

မႏွစ္က ဥေရာပဝင္ခြင့္တစ္ေနရာေတာင္မရခဲ့တာေၾကာင့္ ဒီႏွစ္မွာ ျပင္ဆင္မႈေတြမ်ားစြာျပဳလုပ္ သြားႏိုင္တယ္လို႔ အာဆင္နယ္ပရိသတ္ေတြက ေမွ်ာ္လင့္ထားၾကေပမယ့္ ခ႐ြန္ကီက အသင္းအႏိုင္ရဖို႔ထက္ ေငြကုန္သက္သာမယ့္နည္းကိုသာေ႐ြးခ်ယ္ထားေနဆဲပါပဲ။ အသင္းကိုေရာက္ရွိလာတဲ့သူဆိုလို႔ ဘင္ဖီကာက ႏူႏိုတာဗာရက္စ္တစ္ေယာက္ပဲရွိပါေသးတယ္။

ဟိုင္ဘာနီးယန္နဲ႔ပြဲမွာ နည္းျပအာတီတာဟာ အူဘာမီယန္း၊ ဝီလီယံစတဲ့ တိုက္စစ္ကစားသမားေတြအပါအဝင္ ပြဲထြက္လူစာရင္းမွာ အသင္းႀကီး ကစားသမား အမ်ားအျပားနဲ႕ ပြဲထုတ္လာခဲ့ၿပီး လူငယ္ကစားသမား အျဖစ္ ဂိုးသမား အိုကြန္၀ူနဲ႔ ခံစစ္ကစားသမား ဟယ္ရီ ကလက္ခ္တို႔သာ ပါဝင္ခဲ့ပါတယ္။

ပြဲခ်ိန္ (၂၁)မိနစ္မွာ အာဆင္နယ္ေနာက္တန္းက ဂိုးသမားကို ျပန္ေပးခဲ့ရာမွာ အခ်ိတ္အဆက္လြဲခဲ့သလို လူငယ္ဂိုးသမား အိုကြန္ဝိုကလည္း ေဘာလုံးကို ေဗာ္လီ ကန္ခ်က္နဲ႔ ရွင္းထုတ္ဖို႔ ႀကိဳးစားရာမွာ လြဲေခ်ာ္သြားခဲ့ပါတယ္။ ဒီအခ်ိန္မွာ ဟိုင္ဘာနီးယန္အသင္းရဲ႕ေတာင္ပံ ကစားသမား မာတင္ ဘြိဳင္လီက ေဘာလုံးကိုရယူသြားၿပီး ဦးေဆာင္ဂိုးသြင္းယူခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ဦးေဆာင္ဂိုးေပးလိုက္ရတာေၾကာင့္ တိုက္စစ္ျမႇင္ၿပီး ဂိုးသြင္းႏိုင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ အရာမထင္ခဲ့ပါဘူး။ (၆၃)မိနစ္မွာ ေသာမတ္ပါေတးရဲ႕ ဖရီးကစ္ကန္ခ်က္ဟာလည္း ဂိုးတိုင္နဲ႔ထိၿပီး ျပန္ကန္ထြက္ခဲ့ပါတယ္။ ပြဲခ်ိန္ (၆၉)မိနစ္မွာ ေထာင့္ကန္ေဘာကေနတဆင့္ ဟိုင္ဘာနီးယန္က ဒန္နီယယ္ မက္ေကး က ေခါင္းတိုက္သြင္းယူၿပီး သြင္းဂိုးတစ္ဂိုးထပ္မံရယူခဲ့ကာ ပြဲကိုဆက္လက္ဦးေဆာင္ေနခဲ့ပါတယ္။

(၇၃)မိနစ္အေရာက္မွာ အာဆင္နယ္အသင္းဟာ ပင္နယ္တီရရွိခဲ့ၿပီး ေပေပက သြင္းယူခဲ့ေပမယ့္ ဟိုင္ဘာနီးယန္ဂိုးသမားက ကာကြယ္သြားႏိုင္ခဲ့တာေၾကာင့္ ေခ်ပဂိုးရမယ့္ အခြင့္အေရးဆုံးရႈံးခဲ့ရပါတယ္။ ပြဲကစားခ်ိန္ (၈၂) မိနစ္ အေရာက္မွေတာ့ အာဆင္နယ္အတြက္ ေခ်ပဂိုး တစ္ဂိုးကို လွပတဲ့ တြဲလုံးကေနရရွိခဲ့ပါတယ္။ ဘယ္လာရင္ ျဖတ္တင္ေပးတာကို စမစ္႐ိုးက သြင္းယူေပးခဲ့တာပါ။ ပြဲၿပီးတဲ့အထိ ေနာက္ထပ္ ဘယ္အသင္းကမွ ထပ္မံမသြင္းယူႏိုင္ခဲ့တာမရွိေတာ့တာေၾကာင့္ (၂-၁)ရလဒ္နဲ႔ပဲ ၿပီးဆုံးသြားခဲ့ပါတယ္။