ဖရီးကစ်ကို ကာကွယ်နိုင်စွမ်းမရှိခဲ့လို့ ဒီဂီယာကို ပရိသတ်တွေမေးခွန်းထုတ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူက အစ္စတန်ဘူလ်ကို ၄-၁ နဲ့အနိုင်ရခဲ့ပေမယ့် အဲဒီပွဲမှာ ဖရီးကစ်ကာကွယ်ပုံမသေသပ်တဲ့ ဂိုးသမား ဒီဂီယာကို ပရိသတ်တွေက မေးခွန်းထုတ်မှုတွေရှိနေတယ်လို့ သိရပါတယ်။

မန်ယူဟာ ပထမပိုင်းကတည်းက ၃ ဂိုးပြတ်နိုင်နေလို့ ၃ မှတ်ရဖို့သေချာသွားခဲ့ပေမယ့် ဒုတိယပိုင်းမှာ အစ္စတန်ဘူလ်က ဖိအားတွေပြန်ပေးနိုင်ခဲ့ပါသေးတယ်။

ဒီပွဲမှာ ဧည့်သည်အသင်းဟာ အဆုံးသတ်ပိုင့်ညံ့ဖျင်းနေတဲ့အတွက် ဒီဂီယာဟာ ကောင်းစွာလက်စွမ်းပြခွင့်မရခဲ့ပါဘူး။

ဒါ့အပြင် ပေးလိုက်ရတဲ့ဂိုးကလည်းသူရဲ့ပေါ့ဆမှုပါဝင်တာကြောင့် ဒီဂီယာ ဟာအာရုံစူးစိုက်မှုနည်းပါးခဲ့တယ်ဆိုပြီး လူမှုကွန်ယက်ကနေ ပရိသတ်တွေက ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာ တူရကီကွင်းလယ်လူ တူရက်ချ်က တိုက်ရိုက် ဖရီးကစ် ကန်သွင်းခဲ့ပါတယ်။

သူ့ကန်ချက်ဟာ လက်လှမ်းမီစွာပုတ်ထုတ်နိုင်တဲ့နေရာဖြစ်ပေမယ့်လည်း ဒီဂီယာရဲ့လှုပ်ရှားမှုနောက်ကျခဲ့လို့ ဂိုးစည်းကျော်ပြီးမှ ပုတ်ထုတ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဂိုးလိုင်းနည်းပညာရပ်က ဘောလုံးဂိုးစည်းကျော်သွားကြောင်း ဒိုင်လူကြီးဆီအချက်ပေးခဲ့တဲ့အတွက် ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

အမှန်ဆိုရင် မန်ယူအနေနဲ့ပေးဂိုးမရှိဘဲ နိုင်ရမှာဖြစ်လို့ ဒီဂီယာရဲ့ပေါ့ဆမှုကအပြစ်တင်စရာဖြစ်ခဲ့တာပါ။ ဒါကြောင့်လည်း တွစ်တာအသုံးပြုသူအချို့က ‘ဘာတွေစဉ်းစားနေလဲ ဒီဂီယာ’၊ ‘ဂိုးပြီးမှ ပုတ်ထုတ်လိုက်ရသလား ဒီဂီယာ’၊ ‘ဒိုင်ကဂိုးပေးမှ ဂိုးဝင်မှန်းသိတာလား….’ အစရှိသဖြင့်လှောင်ပြောင်ခဲ့ကြပါတယ်။

ဒါကြောင့်လည်း သူဟာ မိနစ် ၉၀ ပြည့်ကစားတဲ့သူတွေထဲမှာ ဒီပွဲအတွက်အဆင့်သတ်မှတ်ချက် ၆ သာရခဲ့ပြီး မက်ဂွိုင်းယားနဲ့ အတူတူအနိမ့်ဆုံးဖြစ်ခဲ့တာပါ။

အသက် ၃၀ ရှိပြီဖြစ်တဲ့ ဒီဂီယာဟာ ၂၀၁၁ ကတည်းက မန်ယူကိုရောက်ရှိနေခဲ့တာဖြစ်ပြီး နောက်ပိုင်းနှစ်တွေမှာ အမှားအယွင်းများခဲ့လို့ ဝေဖန်ခံခဲ့ရသူလည်းဖြစ်ပါတယ်။

ဒီဂီယာဟာ ၂၀၁၇ ဒီဇင်ဘာ ၂ တုန်းက အာဆင်နယ်ကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ကာကွယ်မှုပေါင်း ၃၃ ကြိမ်ပြုလုပ်ခဲ့ပြီ ပရီးမီးယားလိဂ်သမိုင်းမှာ တစ်ပွဲတည်းကာကွယ်မှုအများဆုံးစံချိန်ရှင်တွေဖြစ်တဲ့ မန်နိုနီနဲ့ တင်မ်ကာရူးလ်တို့ကို လိုက်မီခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖရီးကစ္ကို ကာကြယ္ႏိုင္စြမ္းမရွိခဲ့လို႔ ဒီဂီယာကို ပရိသတ္ေတြေမးခြန္းထုတ္ေန

မန္ယူက အစၥတန္ဘူလ္ကို ၄-၁ နဲ႔အႏိုင္ရခဲ့ေပမယ့္ အဲဒီပြဲမွာ ဖရီးကစ္ကာကြယ္ပုံမေသသပ္တဲ့ ဂိုးသမား ဒီဂီယာကို ပရိသတ္ေတြက ေမးခြန္းထုတ္မႈေတြရွိေနတယ္လို႔ သိရပါတယ္။

မန္ယူဟာ ပထမပိုင္းကတည္းက ၃ ဂိုးျပတ္ႏိုင္ေနလို႔ ၃ မွတ္ရဖို႔ေသခ်ာသြားခဲ့ေပမယ့္ ဒုတိယပိုင္းမွာ အစၥတန္ဘူလ္က ဖိအားေတြျပန္ေပးႏိုင္ခဲ့ပါေသးတယ္။

ဒီပြဲမွာ ဧည့္သည္အသင္းဟာ အဆုံးသတ္ပိုင့္ညံ့ဖ်င္းေနတဲ့အတြက္ ဒီဂီယာဟာ ေကာင္းစြာလက္စြမ္းျပခြင့္မရခဲ့ပါဘူး။ ဒါ့အျပင္ ေပးလိုက္ရတဲ့ဂိုးကလည္းသူရဲ႕ေပါ့ဆမႈပါဝင္တာေၾကာင့္ ဒီဂီယာ ဟာအာ႐ုံစူးစိုက္မႈနည္းပါးခဲ့တယ္ဆိုၿပီး လူမႈကြန္ယက္ကေန ပရိသတ္ေတြက ေဝဖန္ခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၅ မိနစ္မွာ တူရကီကြင္းလယ္လူ တူရက္ခ်္က တိုက္႐ိုက္ ဖရီးကစ္ ကန္သြင္းခဲ့ပါတယ္။ သူ႔ကန္ခ်က္ဟာ လက္လွမ္းမီစြာပုတ္ထုတ္ႏိုင္တဲ့ေနရာျဖစ္ေပမယ့္လည္း ဒီဂီယာရဲ႕လႈပ္ရွားမႈေနာက္က်ခဲ့လို႔ ဂိုးစည္းေက်ာ္ၿပီးမွ ပုတ္ထုတ္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ ဂိုးလိုင္းနည္းပညာရပ္က ေဘာလုံးဂိုးစည္းေက်ာ္သြားေၾကာင္း ဒိုင္လူႀကီးဆီအခ်က္ေပးခဲ့တဲ့အတြက္ ဂိုးေပးလိုက္ရတာျဖစ္ပါတယ္။ အမွန္ဆိုရင္ မန္ယူအေနနဲ႔ေပးဂိုးမရွိဘဲ ႏိုင္ရမွာျဖစ္လို႔ ဒီဂီယာရဲ႕ေပါ့ဆမႈကအျပစ္တင္စရာျဖစ္ခဲ့တာပါ။ ဒါေၾကာင့္လည္း တြစ္တာအသုံးျပဳသူအခ်ိဳ႕က ‘ဘာေတြစဥ္းစားေနလဲ ဒီဂီယာ’၊ ‘ဂိုးၿပီးမွ ပုတ္ထုတ္လိုက္ရသလား ဒီဂီယာ’၊ ‘ဒိုင္ကဂိုးေပးမွ ဂိုးဝင္မွန္းသိတာလား….’ အစရွိသျဖင့္ေလွာင္ေျပာင္ခဲ့ၾကပါတယ္။

ဒါေၾကာင့္လည္း သူဟာ မိနစ္ ၉၀ ျပည့္ကစားတဲ့သူေတြထဲမွာ ဒီပြဲအတြက္အဆင့္သတ္မွတ္ခ်က္ ၆ သာရခဲ့ၿပီး မက္ဂြိဳင္းယားနဲ႔ အတူတူအနိမ့္ဆုံးျဖစ္ခဲ့တာပါ။

အသက္ ၃၀ ရွိၿပီျဖစ္တဲ့ ဒီဂီယာဟာ ၂၀၁၁ ကတည္းက မန္ယူကိုေရာက္ရွိေနခဲ့တာျဖစ္ၿပီး ေနာက္ပိုင္းႏွစ္ေတြမွာ အမွားအယြင္းမ်ားခဲ့လို႔ ေဝဖန္ခံခဲ့ရသူလည္းျဖစ္ပါတယ္။

ဒီဂီယာဟာ ၂၀၁၇ ဒီဇင္ဘာ ၂ တုန္းက အာဆင္နယ္ကို ၃-၁ နဲ႔အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ကာကြယ္မႈေပါင္း ၃၃ ႀကိမ္ျပဳလုပ္ခဲ့ၿပီ ပရီးမီးယားလိဂ္သမိုင္းမွာ တစ္ပြဲတည္းကာကြယ္မႈအမ်ားဆုံးစံခ်ိန္ရွင္ေတြျဖစ္တဲ့ မန္ႏိုနီနဲ႔ တင္မ္ကာ႐ူးလ္တို႔ကို လိုက္မီခဲ့ပါတယ္။