ဖရန့်လမ်းပတ်ရဲ့ နောက်ဆုံးနံနက်စာ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ချဲလ်ဆီးအသင်းဟာ နည်းပြ ဖရန့်လမ်းပတ်ကိုထုတ်ပယ်ဖို့အတွက် သူ့ကိုဆင့်ခေါ်ပြီး နံနက်စာ စားသုံးပြီး ထုတ်ပယ်ကြောင်းအသိပေးခဲ့တာလို့ The Sun သတင်းစာကြီးကဖော်ပြလိုက်ပါတယ်။ ချဲလ်ဆီးဟာ ပရီးမီး ယားလိဂ်မှာ ရလဒ်တွေဆိုးခဲ့တာကြောင့် လမ်းပတ်ကိုထုတ်ပယ်ဖို့အတွက် လူတန်တောင်းနဲ့ အက်ဖ်အေဖလား ပွဲကို စောင့်ကြည့်ခဲ့ပါတယ်။
အဲဒီပွဲမှာ ချဲလ်ဆီးက ၃-၁ နဲ့နိုင်ခဲ့ပေမယ့် အသင်းရဲ့‌ခြေစွမ်းက တိုးတက်မှုမရှိခဲ့လို့ ပိုင်ရှင် အေဘရာမိုဗစ်က လမ်းပတ်ကိုထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဒီပွဲမှာ တီမိုဝါနာ ပင်နယ်တီ လွဲခဲ့တာကလည်း အသင်းရဲ့ယုံကြည်မှု ပျောက်ဆုံးနေတာကြောင့်လို့ မိုဗစ်ကယူဆခဲ့တာပါ။ ဒါကြောင့်လည်း ချဲလ်ဆီးဆိုတဲ့ သ‌ေင်္ဘာကြီး ကျောက်ဆောင်တွေနဲ့ ဝေးရာကိုရောက်ဖို့အတွက် အလွန်ခက်ခဲတဲ့ဆုံးဖြတ်ချက် ကိုချလိုက်ရတာဖြစ်တယ်လို့ မိုဗစ်ကဆိုခဲ့တာပါ။
သူ့နေရာမှာ ပီအက်စ်ဂျီနဲ့လမ်းခွဲထားတာ မကြာသေးတဲ့ သောမတ်စ်တူချယ်ကို ခန့်အပ်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ The Sun ရဲ့ဖော်ပြချက်အရ တနင်္လာနေ့မနက် ၉ နာရီမှာ ကလပ်ဘက်က လမ်းပတ်ကို စ တမ်းဖို့ဒ်ဘရစ်ချ်ဆီ ဆင့်ခေါ်ပြီး ကလပ်ဥက္ကဌ ဘရုစ်ဘက်ခ်၊ ဒါရိုက်တာ မာရီနာဂရာနိုဗက်စ်ကိုင် တို့နဲ့ နံနက် စာစားစေပြီး ရာထူးကနေထုတ်ပယ်လိုက်တဲ့အကြောင်း အသိပေးလိုက်တာဖြစ်ပါတယ်။
ကလပ်ဘက်က ဆင့် ခေါ်ချိန်မှာ လမ်းပတ်ဟာ ကော့ဘ်ဟမ်လေ့ကျင့်ရေးကွင်းကနေ ထွက်ခွာတော့မယ့်အချိန်ဖြစ်ပြီး သူ့ကိုဘာကြောင့် ခေါ်တယ်ဆိုတာကို ကြိုသိခဲ့တယ်လို့လည်း ဆိုပါတယ်။ သူတို့တွေနံနက်စာစားပြီး ဆွေးနွေးမှုတွေလုပ် ခဲ့ကြပေမယ့် ဘာမှတင်းမာမှုမှမရှိဘဲ ပရော်ဖက်ရှင်နယ်ပီသစွာ ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ နာရီဝက်ကြာမြင့်တဲ့ တွေ့ဆုံမှုအပြီးမှာတော့ ၁၈ လသက်တမ်းရှိခဲ့တဲ့ လမ်းပတ်ရဲ့ချဲလ်ဆီးနည်းပြဘဝကလည်းအဆုံးသတ် သွားခဲ့ရပါတယ်။
လမ်းပတ်ဟာ မိုဗစ်လက်ထက်မှာ ၁၄ ယောက်မြောက်ထုတ်ပယ်ခံရတဲ့နည်းပြဖြစ်ခဲ့တာပါ။ သူဟာ ကစားသမားဘဝကတည်းက မိုဗစ်နဲ့ ဆက်ဆံရေးနွေးထွေးသူဖြစ်လို့ သူထုတ်ပယ်ခံရပြီးချိန်မှာ မိုဗစ်ကိုယ်တိုင်က ဘာကြောင့် ထုတ်ပယ်ရတယ်ဆိုတာကို တကူးတက ရှင်းလင်းချက်ထုတ်ပြန်ပေးခဲ့ပြီး သူတို့ကြားဆက်ဆံရေးက အရင်လိုဘဲ ဆက်ရှိနေမယ်လို့ ဆိုခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi