
Photo Credit
ယူနိုက်တက်အသင်းအနေနဲ့ မြို့ခံပြိုင်ဘက် စီးတီးကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ဒါဘီပွဲမှာ ကွင်းလယ်လူ ဖရက်ဒ်ရဲ့ဖြစ်ရပ်ကနေ ပင်နယ်တီရရှိခဲ့သင့်တယ်လို့ အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက အခိုင်အမာပြောကြားလိုက်ပါတယ်။
Photo Credit
ဖရက်ဒ်ဟာ ပင်နယ်တီဧရိယာအတွင်း ပြိုင်ဘက်နောက်ခံလူ အော်တာမန်ဒီရဲ့တားဆီးမှုကနေ လဲကျသွားပေမယ့် ယူနိုက်တက်အသင်း ပင်နယ်တီမရခဲ့ဘဲ ဖရက်ဒ်က ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်ဆိုပြီး အဝါကတ်ပါ ပြသခံခဲ့ရပါတယ်။
Photo Credit
VAR က အဲဒီဖြစ်ရပ်ကို ပြန်လည်ကြည့်ရှုခဲ့ပြီး အော်တာမန်ဒီ တားဆီးပုံ ကြမ်းတမ်းတဲ့အနေအထားမျိုးဖြစ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို အတည်အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ”ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ကျွန်တော် ခေါင်းအပူခံပြီး စဉ်းစားဖြစ်ပါတယ်။ ဒီဖြစ်ရပ်က ပေါ်တင်ကြီးပင်နယ်တီပေးရမယ့်အလုံးပါ”
Photo Credit
”ဖရက်ဒ်ကတော့ ဒီဖြစ်ရပ်ကြောင့် ပင်နယ်တီမရဘဲ အဝါကတ်တောင် ပြသခံခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီဖြစ်ရပ်က ပြစ်ဒဏ်ဘောပါပဲ။ သူ ဒိုင်ဗင်ထိုးခဲ့တာမှန်ပေမယ့် ကစားသမားတွေအကုန်လုံး ဒီလိုလုပ်နေတာချည်းပဲ။ ပြစ်ဒဏ်ဘောကတော့ သေချာပါတယ်”လို့ ရွိုင်ကိန်းက ပြောပါတယ်။
Photo Credit
Zawgyi
ဖရက္ဒ္ အ၀ါကတ္ျပသခံရေပမယ့္ ပင္နယ္တီေပးသင့္တယ္လုိ႔ ႐ြိဳင္ကိန္းအခုိင္အမာဆုိ
ယူႏုိက္တက္အသင္းအေနနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ စီးတီးကို ၂-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ဒါဘီပဲြမွာ ကြင္းလယ္လူ ဖရက္ဒ္ရဲ႕ျဖစ္ရပ္ကေန ပင္နယ္တီရရွိခဲ့သင့္တယ္လုိ႔ အသင္းေခါင္းေဆာင္ေဟာင္း ႐ြိဳင္ကိန္းက အခုိင္အမာေျပာၾကားလုိက္ပါတယ္။
ဖရက္ဒ္ဟာ ပင္နယ္တီဧရိယာအတြင္း ၿပိဳင္ဘက္ေနာက္ခံလူ ေအာ္တာမန္ဒီရဲ႕တားဆီးမႈကေန လဲက်သြားေပမယ့္ ယူႏိုက္တက္အသင္း ပင္နယ္တီမရခဲ့ဘဲ ဖရက္ဒ္က ဟန္ေဆာင္ဒိုင္ဗင္ထုိးတယ္ဆုိၿပီး အ၀ါကတ္ပါ ျပသခံခဲ့ရပါတယ္။
VAR က အဲဒီျဖစ္ရပ္ကို ျပန္လည္ၾကည့္႐ႈခဲ့ၿပီး ေအာ္တာမန္ဒီ တားဆီးပုံ ၾကမ္းတမ္းတဲ့အေနအထားမ်ိဳးျဖစ္ခဲ့ေပမယ့္ ကြင္းလယ္ဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္ကို အတည္အျဖစ္ သတ္မွတ္ေပးခဲ့ပါတယ္။ ”ဒီျဖစ္ရပ္နဲ႔ပတ္သက္လုိ႔ ကၽြန္ေတာ္ ေခါင္းအပူခံၿပီး စဥ္းစားျဖစ္ပါတယ္။ ဒီျဖစ္ရပ္က ေပၚတင္ႀကီးပင္နယ္တီေပးရမယ့္အလုံးပါ”
”ဖရက္ဒ္ကေတာ့ ဒီျဖစ္ရပ္ေၾကာင့္ ပင္နယ္တီမရဘဲ အ၀ါကတ္ေတာင္ ျပသခံခဲ့ရပါတယ္။ ဒါေပမဲ့ အဲဒီျဖစ္ရပ္က ျပစ္ဒဏ္ေဘာပါပဲ။ သူ ဒိုင္ဗင္ထုိးခဲ့တာမွန္ေပမယ့္ ကစားသမားေတြအကုန္လုံး ဒီလုိလုပ္ေနတာခ်ည္းပဲ။ ျပစ္ဒဏ္ေဘာကေတာ့ ေသခ်ာပါတယ္”လုိ႔ ႐ြိဳင္ကိန္းက ေျပာပါတယ္။