ဖရက်ဒ်၊ မာရှယ်နဲ့ ကာဗာနီတို့မပါတဲ့ မန်ယူအသင်းရဲ့ ဂျာမနီသွားလူစာရင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းဟာ ဒီကနေ့ညမှာ လိုက်ပ်ဇစ်နဲ့ကစားရမယ့်ပွဲအတွက် ဂျာမနီကိုခရီးထွက်သွားပြီဖြစ်ရာ ဒဏ်ရာကိုယ်စီရှိနေကြတဲ့တိုက်စစ်မှူးတွေဖြစ်တဲ့ ကာဗာနီနဲ့ မာရှယ် တို့ကျန်ခဲ့သလို ပွဲပယ်ခံထားရတဲ့ ဖရက်ဒ်လည်း လိုက်ပါသွားခြင်းမရှိဘူးလို့သိရပါတယ်။

မန်ယူဟာ ချန်ပီယံလိဂ်အုပ်စု H မှာ ထိပ်ဆုံးကဦးဆောင်နေပေမယ့် ၁၆ သင်းအဆင့်ကိုတက်ရောက်ဖို့အတွက် အနည်းဆုံး၁ မှတ်ရဖို့ လိုအပ်နေသေးတာပါ။ ဒါပေမယ့် တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ပရီမီးယားလိဂ်ပွဲမှာ အနိုင်ရထားမှုနဲ့အတူ ယုံကြည်ချက်ကတော့မြင့်မားနေပါတယ်။

ဂျာမနီကိုလိုက်ပါသွားတဲ့ လူစာရင်းမှာ ဒီဂီယာအပြင် နိုဝင်ဘာ (၇) ကတည်းက အနားယူခဲ့ရတဲ့ နောက်ခံလူ လုခ်ရှော ပါပြန်လည်ပါဝင်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ဝက်စ်ဟမ်းနဲ့ပွဲလူစာရင်းမှာမပါခဲ့ကြပါဘူး။

ကာဗာနီနဲ့ မာရှယ်မပါတဲ့အတွက် တိုက်စစ်ပိုင်းပြဿနာကို ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ ဖြေရှင်းနိုင်သလို အစ်ဂ်ဟာလို လည်းရှိနေပါသေးတယ်။

ဒီပွဲမှာ ဆိုးလ်ရှားအားထားရတဲ့ ကွင်းလယ်လူဖရက်ဒ်တစ်ယောက် ပါနိုင်မှာမဟုတ်လို့ ဗဟိုခံစစ်အတွက် ကစားသမား ၃ ဦးထားကစားဖို့ရှိနေပါတယ်။ဒါဆိုရင် ကွင်းလယ်ခံစစ်တာဝန်ယူရမယ့် တွန်မီနေးဖြစ်စေ မာတစ်ဖြစ်စေ သူတို့အပေါ်တာဝန်ပေါ့သွားမှာ ဖြစ်သလို တဲလက်စ်ကိုလည်း တောင်ပံကစားသမားအဖြစ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဆိုးလ်ရှားဟာ ကွင်းလယ်ခံစစ်မှာ ဖရက်ဒ်နဲ့ တွန်မီနေးအတွဲကို အားထားသူဖြစ်ပြီး လက်ရှိမှာ ဖရက်ဒ်ပါဝင်နိုင်ခြင်းမရှိလို့ ခံစစ်မှူး ၃ ဦးထားဖို့ဆိုတာ အများကြီးဖြစ်နိုင်ခြေရှိနေတာပါ။

နောက်တစ်ချက်က တိုက်စစ်လိုက်ပါဖို့အတွက် ဖာနန်ဒက်စ်ကို ပံ့ပိုးပေးနိုင်ဖို့ ပေါ့ဂ်ဘာ၊ မာတစ် နဲ့ မာတာ တို့ ၃ ဦးထဲက ဘယ်သူ့ကိုရွေးမလဲဆိုတာကလည်း စိတ်ဝင်စားစရာဖြစ်လို့ နေပါတယ်။

ဂျာမနီခရီးစဉ်သို့လိုက်ပါသွားတဲ့ မန်ယူလူစာရင်းကတော့

ဂိုး – ဒီဂီယာ၊ ဟန်ဒါဆန်၊ လီဂရန့်

နောက်တန်း – ဘိုင်လီ၊ မန်ဆာ၊ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယား၊ လုခ်ရှော၊ တဲလက်စ်၊ တူအန်ဇီဘီ၊ ဘစ်ဆာကာ၊ ဘရန်ဒန်ဝီလျံ

အလယ်တန်း – ဖာနန်ဒက်စ်၊ ဒန်နီရယ်ဂျိမ်းစ်၊ လင်ဂတ်၊ မာတာ၊ မာတစ်၊ တွန်မီနေး၊ ပေါ့ဂ်ဘာ၊ ဗန်ဒီဘိခ်

ရှေ့တန်း – အစ်ဂ်ဟာလို၊ ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖရက္ဒ္၊ မာရွယ္နဲ႔ ကာဗာနီတို႔မပါတဲ့ မန္ယူအသင္းရဲ႕ ဂ်ာမနီသြားလူစာရင္း

မန္ယူအသင္းဟာ ဒီကေန႔ညမွာ လိုက္ပ္ဇစ္နဲ႔ကစားရမယ့္ပြဲအတြက္ ဂ်ာမနီကိုခရီးထြက္သြားၿပီျဖစ္ရာ ဒဏ္ရာကိုယ္စီရွိေနၾကတဲ့တိုက္စစ္မႉးေတြျဖစ္တဲ့ ကာဗာနီနဲ႔ မာရွယ္ တို႔က်န္ခဲ့သလို ပြဲပယ္ခံထားရတဲ့ ဖရက္ဒ္လည္း လိုက္ပါသြားျခင္းမရွိဘူးလို႔သိရပါတယ္။ မန္ယူဟာ ခ်န္ပီယံလိဂ္အုပ္စု H မွာ ထိပ္ဆုံးကဦးေဆာင္ေနေပမယ့္ ၁၆ သင္းအဆင့္ကိုတက္ေရာက္ဖို႔အတြက္ အနည္းဆုံး၁ မွတ္ရဖို႔ လိုအပ္ေနေသးတာပါ။ ဒါေပမယ့္ တနဂၤေႏြေန႔က ကစားခဲ့တဲ့ ဝက္စ္ဟမ္းနဲ႔ ပရီမီးယားလိဂ္ပြဲမွာ အႏိုင္ရထားမႈနဲ႔အတူ ယုံၾကည္ခ်က္ကေတာ့ျမင့္မားေနပါတယ္။ ဂ်ာမနီကိုလိုက္ပါသြားတဲ့ လူစာရင္းမွာ ဒီဂီယာအျပင္ ႏိုဝင္ဘာ (၇) ကတည္းက အနားယူခဲ့ရတဲ့ ေနာက္ခံလူ လုခ္ေရွာ ပါျပန္လည္ပါဝင္လာခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ဝက္စ္ဟမ္းနဲ႔ပြဲလူစာရင္းမွာမပါခဲ့ၾကပါဘူး။

ကာဗာနီနဲ႔ မာရွယ္မပါတဲ့အတြက္ တိုက္စစ္ပိုင္းျပႆနာကို ရက္ရွ္ဖို႔ဒ္နဲ႔ ဂရင္းဝုဒ္တို႔ ေျဖရွင္းႏိုင္သလို အစ္ဂ္ဟာလို လည္းရွိေနပါေသးတယ္။ ဒီပြဲမွာ ဆိုးလ္ရွားအားထားရတဲ့ ကြင္းလယ္လူဖရက္ဒ္တစ္ေယာက္ ပါႏိုင္မွာမဟုတ္လို႔ ဗဟိုခံစစ္အတြက္ ကစားသမား ၃ ဦးထားကစားဖို႔ရွိေနပါတယ္။ဒါဆိုရင္ ကြင္းလယ္ခံစစ္တာဝန္ယူရမယ့္ တြန္မီေနးျဖစ္ေစ မာတစ္ျဖစ္ေစ သူတို႔အေပၚတာဝန္ေပါ့သြားမွာ ျဖစ္သလို တဲလက္စ္ကိုလည္း ေတာင္ပံကစားသမားအျဖစ္ အသုံးျပဳႏိုင္မွာျဖစ္ပါတယ္။ ဆိုးလ္ရွားဟာ ကြင္းလယ္ခံစစ္မွာ ဖရက္ဒ္နဲ႔ တြန္မီေနးအတြဲကို အားထားသူျဖစ္ၿပီး လက္ရွိမွာ ဖရက္ဒ္ပါဝင္ႏိုင္ျခင္းမရွိလို႔ ခံစစ္မႉး ၃ ဦးထားဖို႔ဆိုတာ အမ်ားႀကီးျဖစ္ႏိုင္ေျခရွိေနတာပါ။

ေနာက္တစ္ခ်က္က တိုက္စစ္လိုက္ပါဖို႔အတြက္ ဖာနန္ဒက္စ္ကို ပံ့ပိုးေပးႏိုင္ဖို႔ ေပါ့ဂ္ဘာ၊ မာတစ္ နဲ႔ မာတာ တို႔ ၃ ဦးထဲက ဘယ္သူ႔ကိုေ႐ြးမလဲဆိုတာကလည္း စိတ္ဝင္စားစရာျဖစ္လို႔ ေနပါတယ္။ ဂ်ာမနီခရီးစဥ္သို႔လိုက္ပါသြားတဲ့ မန္ယူလူစာရင္းကေတာ့

ဂိုး – ဒီဂီယာ၊ ဟန္ဒါဆန္၊ လီဂရန႔္

ေနာက္တန္း – ဘိုင္လီ၊ မန္ဆာ၊ လင္ဒီေလာ့ဖ္၊ မက္ဂြိဳင္းယား၊ လုခ္ေရွာ၊ တဲလက္စ္၊ တူအန္ဇီဘီ၊ ဘစ္ဆာကာ၊ ဘရန္ဒန္ဝီလ်ံ

အလယ္တန္း – ဖာနန္ဒက္စ္၊ ဒန္နီရယ္ဂ်ိမ္းစ္၊ လင္ဂတ္၊ မာတာ၊ မာတစ္၊ တြန္မီေနး၊ ေပါ့ဂ္ဘာ၊ ဗန္ဒီဘိခ္

ေရွ႕တန္း – အစ္ဂ္ဟာလို၊ ဂရင္းဝုဒ္၊ ရက္ရွ္ဖို႔ဒ္