ဖရက်ဒ်ရဲ့နောက်တစ်ဝါက ပြစ်ဒဏ်မမြောက်ဘူးလို့ ဆိုးလ်ရှားပြောပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ပီအက်စ်ဂျီနဲ့ပွဲမှာ ထုတ်ပယ်ခံခဲ့ရတဲ့ ကွင်းလယ်လူဖရက်ဒ်ဘက်က နေကာကွယ်လိုက်ပြီး ဒုတိယအဝါကတ်ဟာ မဖြစ်သင့်ဘူးလို့ပြောလိုက်ပါတယ်။ ဘရာဇီးကွင်းလယ်လူ ဖရက်ဒ်ဟာ ပီအက်စ်ဂျီကို ၃-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပွဲချိန်မိနစ် ၇၀ မှာ ၂ ဝါတစ်နီနဲ့ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။

သူဟာ ပထမပိုင်းမှာ ပါရီဒက်စ်ကိုခေါင်းနဲ့တိုက်ခဲ့တဲ့အတွက် အဝါပြသခံခဲ့ရပြီး ဒုတိယပိုင်းမှာ ဟာရဲရားကိုဖျက်ထုတ်မှုအတွက် အဝါထပ်ထိကာ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။ သူဟာထုတ်ပယ်ခံလိုက်ရပေမယ့် ဒီပွဲမှာပြစ်ဒဏ်ကျူးလွန်မှု ၄ ကြိမ်သာရှိခဲ့တဲ့အပြင် ဘောလုံးပိုင်ဆိုင်မှု ၈ ကြိမ်ပြန်ရအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် အဲဒီပွဲရဲ့ စွမ်းဆောင်ရည်အမြင့်ဆုံးကစားသမား တွေထဲမှာအပါအဝင်ဖြစ်ခဲ့ပါတယ်။

ဖရက်ဒ်ရဲ့ဒုတိယအဝါကတ်ဟာ မဖြစ်သင့်ဘူးလို့ ဆိုးလ်ရှားကပြောခဲ့ပေမယ့် ပါရီဒက်စ်ကိုခေါင်းနဲ့တိုက်မှုမှာ အထုတ်မခံခဲ့ရတာကတော့ ကံကောင်းခဲ့တယ်လို့ ဝန်ခံပါတယ်။

ဆိုးလ်ရှားက” ပထမပိုင်းပြီးချိန်မှာ ဖရက်ဒ်ကို ဂရုစိုက်ကစားဖို့ ကျွန်တော်မှာခဲ့ပါသေးတယ်။ သူဟာတကယ်လိုက်နာခဲ့ပြီး ကစားပုံလည်းကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ သူ့ခြေစွမ်းဟာ ကောင်းမွန်ပြီး အသင်းကိုလည်းထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ဥပဒေပဖျက်ထုတ်မှုတွေမလုပ်ဘဲ သူကြိုးစားခဲ့တာပါ။

သူအဝါကတ်ထပ်ရခဲ့မှုကတော့ ပြစ်ဒဏ်ထိုက်တယ်လို့ ကျွန်တော်မထင်ပါဘူး။ ဘယ်ကနေဘဲကြည့်ကြည့်ပြစ်ဒဏ်ပေးရလောက်တဲ့အထိလည်း မဖြစ်ခဲ့ပါဘူး။

ဒီဖြစ်ရပ်ကိုခင်ဗျားထပ်ကြည့်မယ်ဆိုရင် ဒိုင်ရဲ့ဆုံးဖြတ်ချက်မှားနေတယ်ဆိုတာ တွေ့ရမှာပါ။ ဒါပေမယ့်လူသားတွေရဲ့သာမန်အမှားမျိုးဖြစ်လို့ ဘာမှမတတ်နိုင်ပါဘူး။ ဟာရဲရားနဲ့ဖြစ်ရပ်မှာ သူကံမကောင်းခဲ့ပေမယ့် ပထမပိုင်းကဖြစ်ရပ်မှာတော့ သူကံကောင်းခဲ့တာအမှန်ပါဘဲ” လို့ပြောသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖရက္ဒ္ရဲ႕ေနာက္တစ္ဝါက ျပစ္ဒဏ္မေျမာက္ဘူးလို႔ ဆိုးလ္ရွားေျပာၿပီ

မန္ယူအသင္းနည္းျပ ဆိုးလ္ရွားက ပီအက္စ္ဂ်ီနဲ႔ပြဲမွာ ထုတ္ပယ္ခံခဲ့ရတဲ့ ကြင္းလယ္လူဖရက္ဒ္ဘက္က ေနကာကြယ္လိုက္ၿပီး ဒုတိယအဝါကတ္ဟာ မျဖစ္သင့္ဘူးလို႔ေျပာလိုက္ပါတယ္။ ဘရာဇီးကြင္းလယ္လူ ဖရက္ဒ္ဟာ ပီအက္စ္ဂ်ီကို ၃-၁ နဲ႔ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ပြဲခ်ိန္မိနစ္ ၇၀ မွာ ၂ ဝါတစ္နီနဲ႔ ထုတ္ပယ္ခံလိုက္ရတာျဖစ္ပါတယ္။

သူဟာ ပထမပိုင္းမွာ ပါရီဒက္စ္ကိုေခါင္းနဲ႔တိုက္ခဲ့တဲ့အတြက္ အဝါျပသခံခဲ့ရၿပီး ဒုတိယပိုင္းမွာ ဟာရဲရားကိုဖ်က္ထုတ္မႈအတြက္ အဝါထပ္ထိကာ ထုတ္ပယ္ခံလိုက္ရတာျဖစ္ပါတယ္။ သူဟာထုတ္ပယ္ခံလိုက္ရေပမယ့္ ဒီပြဲမွာျပစ္ဒဏ္က်ဴးလြန္မႈ ၄ ႀကိမ္သာရွိခဲ့တဲ့အျပင္ ေဘာလုံးပိုင္ဆိုင္မႈ ၈ ႀကိမ္ျပန္ရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တာေၾကာင့္ အဲဒီပြဲရဲ႕ စြမ္းေဆာင္ရည္အျမင့္ဆုံးကစားသမား ေတြထဲမွာအပါအဝင္ျဖစ္ခဲ့ပါတယ္။

ဖရက္ဒ္ရဲ႕ဒုတိယအဝါကတ္ဟာ မျဖစ္သင့္ဘူးလို႔ ဆိုးလ္ရွားကေျပာခဲ့ေပမယ့္ ပါရီဒက္စ္ကိုေခါင္းနဲ႔တိုက္မႈမွာ အထုတ္မခံခဲ့ရတာကေတာ့ ကံေကာင္းခဲ့တယ္လို႔ ဝန္ခံပါတယ္။

ဆိုးလ္ရွားက” ပထမပိုင္းၿပီးခ်ိန္မွာ ဖရက္ဒ္ကို ဂ႐ုစိုက္ကစားဖို႔ ကြၽန္ေတာ္မွာခဲ့ပါေသးတယ္။ သူဟာတကယ္လိုက္နာခဲ့ၿပီး ကစားပုံလည္းေကာင္းခဲ့ပါတယ္။ ဒုတိယပိုင္းမွာ သူ႔ေျခစြမ္းဟာ ေကာင္းမြန္ၿပီး အသင္းကိုလည္းေထာက္ပံ့ေပးႏိုင္ခဲ့ပါတယ္။ ဥပေဒပဖ်က္ထုတ္မႈေတြမလုပ္ဘဲ သူႀကိဳးစားခဲ့တာပါ။

သူအဝါကတ္ထပ္ရခဲ့မႈကေတာ့ ျပစ္ဒဏ္ထိုက္တယ္လို႔ ကြၽန္ေတာ္မထင္ပါဘူး။ ဘယ္ကေနဘဲၾကည့္ၾကည့္ျပစ္ဒဏ္ေပးရေလာက္တဲ့အထိလည္း မျဖစ္ခဲ့ပါဘူး။ ဒီျဖစ္ရပ္ကိုခင္ဗ်ားထပ္ၾကည့္မယ္ဆိုရင္ ဒိုင္ရဲ႕ဆုံးျဖတ္ခ်က္မွားေနတယ္ဆိုတာ ေတြ႕ရမွာပါ။ ဒါေပမယ့္လူသားေတြရဲ႕သာမန္အမွားမ်ိဳးျဖစ္လို႔ ဘာမွမတတ္ႏိုင္ပါဘူး။ ဟာရဲရားနဲ႔ျဖစ္ရပ္မွာ သူကံမေကာင္းခဲ့ေပမယ့္ ပထမပိုင္းကျဖစ္ရပ္မွာေတာ့ သူကံေကာင္းခဲ့တာအမွန္ပါဘဲ” လို႔ေျပာသြားပါတယ္။