
Photo Credit
Photo Credit
စပါးအသင်းနည်းပြ ဟိုဆေးမော်ရင်ညိုဟာ ကွင်းလယ်လူ ဖယ်လိုင်နီကို ပရီးမီးယားလိဂ်ဆီ ပြန်လည်ခေါ်ယူနိုင်ရေးအတွက် ဆက်သွယ်နေကြောင်း သိရပါတယ်။ Les Sports သတင်းဌာနရဲ့ဖော်ပြချက်အရ မော်ရင်ညိုဟာ ဇန်နဝါရီလအတွင်း အဲဗာတန်နဲ့ယူနိုက်တက်ကွင်းလယ်လူဟောင်း ဖယ်လိုင်နီကို ခေါ်ယူနိုင်ရေးအတွက် ဆက်သွယ်ချဉ်းကပ်နေတယ်လို့ သိရပါတယ်။
Photo Credit
မော်ရင်ညိုနဲ့ ဖယ်လိုင်နီတို့ဟာ အိုးထရက်ဖို့ဒ်မှာ ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့ပေမယ့် အသက် ၃၂နှစ်အရွယ်ရှိ ဖယ်လိုင်နီအနေနဲ့ ဥရောပကို ပြန်လာဖို့ စဉ်းစားဖွယ်ရှိနေပါတယ်။ ဖယ်လိုင်နီဟာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ဆုံးရှုံးခဲ့ရပြီးနောက် ပြီးခဲ့တဲ့ဖေဖော်ဝါရီလက တရုတ်စူပါလိဂ်ကလပ် ရှန်ဒေါင်လူနန်အသင်းကို ပြောင်းရွှေ့သွားခဲ့တာပါ။
Photo Credit
သူဟာ တရုတ်စူပါလိဂ်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး သူ့ရဲ့ပထမဆုံးရာသီမှာ အသင်းကို အဆင့် ၅နေရာရရှိစေအောင် ဦးဆောင်ကစားနိုင်ခဲ့ပါတယ်။ ဖယ်လိုင်နီဟာ ရှန်ဒေါင်လူနန်အသင်းနဲ့ ၂၀၂၁ ဒီဇင်ဘာအထိ ရှိမယ့်စာချုပ် ချုပ်ဆိုထားသလို နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်လည်း ထည့်သွင်းချုပ်ဆိုထားပြီး အသင်းအတွက် ၃၂ပွဲမှာ ၁၂ဂိုးအထိ သွင်းယူထားပါတယ်။
Photo Credit
အရပ် ၆ ပေ ၄လက်မရှိတဲ့ ဖယ်လိုင်နီဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲအထိ ရှန်ဒေါင်လူနန်အသင်း တက်ရောက်နိုင်ခဲ့ရာမှာလည်း အဓိကနေရာကနေ ပါဝင်နိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာတော့ ရှန်ဟိုင်းရှင်ဟွာအသင်းကို နှစ်ကျော့ပေါင်း ၃-၁ ဂိုးနဲ့အရေးနိမ့်ခဲ့ရပါတယ်။ တရုတ်စူပါလိဂ်အမှတ်ပေးပြိုင်ပွဲက ဖေဖော်ဝါရီလကုန် ဒါမှမဟုတ် မတ်လအစောပိုင်းမှာ ရာသီသစ်ပြန်လည်စတင်မှာမို့လို့ ဖယ်လိုင်နီလည်း သူ့အနာဂတ်ကို စဉ်းစားဖို့ အချိန်လုံလုံလောက်လောက်ရရှိနိုင်ပါတယ်။
Photo Credit
လက်ရှိစပါးအသင်းမှာ ဟယ်ရီဝင့်ခ်၊ ဒိုင်ယာနဲ့ ဆစ်ဆိုကိုတို့လို ကွင်းလယ်ခံစစ်ကစားသမားတွေရှိနေတာမှန်ပေမယ့် မော်ရင်ညိုကတော့ အဲဒီနေရာက တိုးတက်ဖို့လိုအပ်နေတဲ့နေရာအဖြစ် သတ်မှတ်ထားပါတယ်။
Photo Credit
Zawgyi
ဖယ္လုိင္နီနဲ႔ ျပန္လည္လက္တြဲဖို႔ ေမာ္ရင္ညိဳ ဆက္သြယ္ေနဟုဆို
စပါးအသင္းနည္းျပ ဟုိေဆးေမာ္ရင္ညိဳဟာ ကြင္းလယ္လူ ဖယ္လုိင္နီကို ပရီးမီးယားလိဂ္ဆီ ျပန္လည္ေခၚယူႏိုင္ေရးအတြက္ ဆက္သြယ္ေနေၾကာင္း သိရပါတယ္။ Les Sports သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ေမာ္ရင္ညိဳဟာ ဇန္န၀ါရီလအတြင္း အဲဗာတန္နဲ႔ယူႏုိက္တက္ကြင္းလယ္လူေဟာင္း ဖယ္လုိင္နီကို ေခၚယူႏုိင္ေရးအတြက္ ဆက္သြယ္ခ်ဥ္းကပ္ေနတယ္လုိ႔ သိရပါတယ္။
ေမာ္ရင္ညိဳနဲ႔ ဖယ္လုိင္နီတုိ႔ဟာ အိုးထရက္ဖို႔ဒ္မွာ ရင္းႏွီးတဲ့ဆက္ဆံေရးရွိခဲ့ေပမယ့္ အသက္ ၃၂ႏွစ္အရြယ္ရွိ ဖယ္လုိင္နီအေနနဲ႔ ဥေရာပကို ျပန္လာဖုိ႔ စဥ္းစားဖြယ္ရွိေနပါတယ္။ ဖယ္လုိင္နီဟာ ယူႏုိက္တက္နည္းျပ ဆုိးလ္ရွားရဲ႕လက္ေအာက္မွာ ပုံမွန္ပြဲထြက္ခြင့္ဆုံး႐ံႈးခဲ့ရၿပီးေနာက္ ၿပီးခဲ့တ့ဲေဖေဖာ္၀ါရီလက တ႐ုတ္စူပါလိဂ္ကလပ္ ရွန္ေဒါင္လူနန္အသင္းကို ေျပာင္းေရႊ႕သြားခဲ့တာပါ။
သူဟာ တ႐ုတ္စူပါလိဂ္မွာ ေျခစြမ္းျပႏိုင္ခဲ့ၿပီး သူ႕ရဲ႕ပထမဆုံးရာသီမွာ အသင္းကို အဆင့္ ၅ေနရာရရွိေစေအာင္ ဦးေဆာင္ကစားႏုိင္ခဲ့ပါတယ္။ ဖယ္လုိင္နီဟာ ရွန္ေဒါင္လူနန္အသင္းနဲ႔ ၂၀၂၁ ဒီဇင္ဘာအထိ ရွိမယ့္စာခ်ဳပ္ ခ်ဳပ္ဆုိထားသလုိ ေနာက္ထပ္တစ္ႏွစ္သက္တမ္းတုိးခြင့္လည္း ထည့္သြင္းခ်ဳပ္ဆုိထားၿပီး အသင္းအတြက္ ၃၂ပြဲမွာ ၁၂ဂိုးအထိ သြင္းယူထားပါတယ္။
အရပ္ ၆ ေပ ၄လက္မရွိတဲ့ ဖယ္လုိင္နီဟာ အက္ဖ္ေအဖလား ဗိုလ္လုပြဲအထိ ရွန္ေဒါင္လူနန္အသင္း တက္ေရာက္ႏိုင္ခဲ့ရာမွာလည္း အဓိကေနရာကေန ပါ၀င္ႏို္င္ခဲ့ၿပီး ဗိုလ္လုပြဲမွာေတာ့ ရွန္ဟုိင္းရွင္ဟြာအသင္းကို ႏွစ္ေက်ာ့ေပါင္း ၃-၁ ဂိုးနဲ႔အေရးနိမ့္ခဲ့ရပါတယ္။ တ႐ုတ္စူပါလိဂ္အမွတ္ေပးၿပိဳင္ပြဲက ေဖေဖာ္၀ါရီလကုန္ ဒါမွမဟုတ္ မတ္လအေစာပို္င္းမွာ ရာသီသစ္ျပန္လည္စတင္မွာမုိ႔လုိ႔ ဖယ္လုိင္နီလည္း သူ႕အနာဂတ္ကို စဥ္းစားဖို႔ အခ်ိန္လုံလုံေလာက္ေလာက္ရရွိႏုိင္ပါတယ္။
လက္ရွိစပါးအသင္းမွာ ဟယ္ရီ၀င့္ခ္၊ ဒုိင္ယာနဲ႔ ဆစ္ဆိုကိုတို႔လို ကြင္းလယ္ခံစစ္ကစားသမားေတြရွိေနတာမွန္ေပမယ့္ ေမာ္ရင္ညိဳကေတာ့ အဲဒီေနရာက တုိးတက္ဖုိ႔လုိအပ္ေနတဲ့ေနရာအျဖစ္ သတ္မွတ္ထားပါတယ္။