ဖယ်လိုင်နီကို အံ့သြဖွယ် ပြန်ခေါ်ဖို့ ကြိုးစားနေတဲ့ မော်ရင်ဟိုနဲ့ အင်္ဂါနေ့လယ်ပိုင်း ဘောလုံးသတင်းများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

+စပါးနည်းပြ မော်ရင်ဟိုဟာ အံ့အားသင့်စရာ စာသမားခေါ်ယူမှုအနေနဲ့ တရုတ်စူပါလိဂ်ပြိုင်ပွဲမှာ ကစားနေတဲ့ ကွင်းလယ်ကစားသမား ဖယ်လိုင်နီကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဖယ်လိုင်နီဟာ မော်ရင်ဟို မန်ယူအသင်းကို ကိုင်တွယ်စဉ်တုန်းက လက်တွဲခဲ့ဖူးပြီး အသင်းဂိုးလိုအပ်တဲ့ အချိန်တွေဆိုရင် မော်ရင်ဟိုက ဖယ်လိုင်နီကိုထည့်ပြီး အမြောက်ဘောတွေနဲ့ တိုက်စစ်ဆင် ခေါင်းတိုက်ဂိုးသွင်းဖို့ စီစဉ်လေ့ရှိခဲ့ဖူးပါတယ်။

+စီးရီးအေမှာ ထိပ်ဆုံးကနေ မြို့ခံပြိုင်ဘက် အေစီမီလန်ကို ၁၁မှတ် ဖြတ်ပြီး ဦးဆောင်နေတဲ့ အင်တာဟာ ၁၀စုနှစ် တစ်ခုကျော်အတွင်းမှာ စီးရီးအေချန်ပီယံဆုကို ပြန်လည်ရရှိဖို့ အခြေအနေကောင်းနေပါတယ်။

အင်တာဟာ မော်ရင်ဟို နည်းပြခဲ့တဲ့ ၂၀၀၉ခုနှစ်တုန်းက ချန်ပီယံလိ၈်အပါအဝ် ပြည်တွင်းဆုဖလား ၂လုံးကိုလည်း ရရှိခဲ့ပါတယ်။

+အေစီမီလန်အသင်းအတွက် ဒီရာသီမှာ ဂိုးအများဆုံး သွင်းထားတဲ့ တိုက်စစ်မှုးကြီး အီဗရာဟီမိုဗစ်ကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ အရမ်းနီးစပ်နေပြီလို့ အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ ပေါ်လိုမာလ်ဒီနီက ပြောကြားလိုက်ပါတယ်။

မိုဗစ်ဟာ လက်ရှိမှာ အသက် ၃၉နှစ်ရှိပြီဖြစ်ပေမယ့် မီလန်မှ ခြေစွမ်းပြနေပြီး အဓီက တိုက်စစ်မှုးအဖြစ် နေရာယူထားနိုင်ဆဲပါ။

+အောင်မြင်မှုကို ငွေနဲ့ ဝယ်လို့ရတယ်ဆိုတာ သက်သေပြဖို့ရှိတဲ့ မန်စီးတီးအသင်းဟာ ဒီရာသီမှာ ဖလား ၄လုံး လမ်းကြောင်းပေါ်မှာရှိနေပြီး ဆုဖလား ၄လုံးရခဲ့ရင် ကစားသမားတွေနဲ့ အသင်းအဖွဲ့အတွက် ဆုကြေးပေါင် ၃၅၄.၁သန်း ပေးသွားဖို့ရှိနေပါတယ်။

နည်းပြဂွာဒီယိုလာလက်ထက်မှာ အသင်းရဲ့ အသုံးစရိတ်ဟာ ပေါင် ၂.၁ ဘီလီယံအထိ ရှိနေခဲ့ပြီး လက်ရှိအသင်းလူစာရင်းအတွက် ပေါင်သန်း ၉၀၀ ကျော် အသုံးပြုထားခဲ့ရတယ်လို့ သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖယ္လိုင္နီကို အံ့ၾသဖြယ္ ျပန္ေခၚဖို႔ ႀကိဳးစားေနတဲ့ ေမာ္ရင္ဟိုနဲ႔ အဂၤါေန႔လယ္ပိုင္း ေဘာလုံးသတင္းမ်ား

+စပါးနည္းျပ ေမာ္ရင္ဟိုဟာ အံ့အားသင့္စရာ စာသမားေခၚယူမႈအေနနဲ႔ တ႐ုတ္စူပါလိဂ္ၿပိဳင္ပြဲမွာ ကစားေနတဲ့ ကြင္းလယ္ကစားသမား ဖယ္လိုင္နီကို ေခၚယူဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။ ဖယ္လိုင္နီဟာ ေမာ္ရင္ဟို မန္ယူအသင္းကို ကိုင္တြယ္စဥ္တုန္းက လက္တြဲခဲ့ဖူးၿပီး အသင္းဂိုးလိုအပ္တဲ့ အခ်ိန္ေတြဆိုရင္ ေမာ္ရင္ဟိုက ဖယ္လိုင္နီကိုထည့္ၿပီး အေျမာက္ေဘာေတြနဲ႔ တိုက္စစ္ဆင္ ေခါင္းတိုက္ဂိုးသြင္းဖို႔ စီစဥ္ေလ့ရွိခဲ့ဖူးပါတယ္။

+စီးရီးေအမွာ ထိပ္ဆုံးကေန ၿမိဳ႕ခံၿပိဳင္ဘက္ ေအစီမီလန္ကို ၁၁မွတ္ ျဖတ္ၿပီး ဦးေဆာင္ေနတဲ့ အင္တာဟာ ၁၀စုႏွစ္ တစ္ခုေက်ာ္အတြင္းမွာ စီးရီးေအခ်န္ပီယံဆုကို ျပန္လည္ရရွိဖို႔ အေျခအေနေကာင္းေနပါတယ္။
အင္တာဟာ ေမာ္ရင္ဟို နည္းျပခဲ့တဲ့ ၂၀၀၉ခုႏွစ္တုန္းက ခ်န္ပီယံလိ၈္အပါအဝ္ ျပည္တြင္းဆုဖလား ၂လုံးကိုလည္း ရရွိခဲ့ပါတယ္။

+ေအစီမီလန္အသင္းအတြက္ ဒီရာသီမွာ ဂိုးအမ်ားဆုံး သြင္းထားတဲ့ တိုက္စစ္မႈးႀကီး အီဗရာဟီမိုဗစ္ကို စာခ်ဳပ္သက္တမ္းတိုးႏိုင္ဖို႔ အရမ္းနီးစပ္ေနၿပီလို႔ အသင္းရဲ႕ နည္းစနစ္ဒါ႐ိုက္တာ ေပၚလိုမာလ္ဒီနီက ေျပာၾကားလိုက္ပါတယ္။
မိုဗစ္ဟာ လက္ရွိမွာ အသက္ ၃၉ႏွစ္ရွိၿပီျဖစ္ေပမယ့္ မီလန္မွ ေျခစြမ္းျပေနၿပီး အဓီက တိုက္စစ္မႈးအျဖစ္ ေနရာယူထားႏိုင္ဆဲပါ။

+ေအာင္ျမင္မႈကို ေငြနဲ႔ ဝယ္လို႔ရတယ္ဆိုတာ သက္ေသျပဖို႔ရွိတဲ့ မန္စီးတီးအသင္းဟာ ဒီရာသီမွာ ဖလား ၄လုံး လမ္းေၾကာင္းေပၚမွာရွိေနၿပီး ဆုဖလား ၄လုံးရခဲ့ရင္ ကစားသမားေတြနဲ႔ အသင္းအဖြဲ႕အတြက္ ဆုေၾကးေပါင္ ၃၅၄.၁သန္း ေပးသြားဖို႔ရွိေနပါတယ္။ နည္းျပဂြာဒီယိုလာလက္ထက္မွာ အသင္းရဲ႕ အသုံးစရိတ္ဟာ ေပါင္ ၂.၁ ဘီလီယံအထိ ရွိေနခဲ့ၿပီး လက္ရွိအသင္းလူစာရင္းအတြက္ ေပါင္သန္း ၉၀၀ ေက်ာ္ အသုံးျပဳထားခဲ့ရတယ္လို႔ သိရပါတယ္။