ဖင်လန်လူငယ်တောင်ပံကစားသမားကို ချဲလ်ဆီးခေါ်ယူနိုင်ခဲ့

photo internet
photo internet

ချဲလ်ဆီအသင်းဟာ ဖင်လန်လူငယ်တောင်ပံကစားသမား ဂျီမီတာရီယာနန်ကို ၃ နှစ်စာချုပ်နဲ့ခေါ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ သူ့ကိုအီတလီကလပ်အချို့ကခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ငြင်းပယ်ခဲ့ပြီး အင်္ဂလန်ကိုပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အသက် ၁၆ နှစ်သာရှိသေးတဲ့ တာရီယာနန် ဟာဖင်လန်ကလပ် ဟယ်လ်ဆင်ကီးရဲကတောင်ပံကစားသမားဖြစ်ပြီး အင်တာမီလန်နဲ့ ဂျူဗင်တပ်တို့မှာ ခြေစွမ်းကိုသွားရောက် အစမ်းသပ်ခံခဲ့ပါသေးတယ်။ သူဟာဘောလုံးမျိုးရိုးရှိသူဖြစ်ပြီး သူ့ဖခင် ပါဆီဟာ ဖင်လန်လက်ရွေးစင်ဟောင်းတစ်ဦးဖြစ်ပါတယ်။

photo internet

သူ့ကိုဒီနှစ်အတွင်းမှာ ဥရောပထိပ်တန်းကလပ်တွေက စောင့်ကြည့်ခဲ့ကြပြီး နောက်ဆုံးမှာတော့ ချဲလ်ဆီးကိုရောက်လာတာဖြစ်ပါတယ်။ ဒီကနေ့ စာချုပ်လက်မှတ်ရေးထိုးပြီးချိန်မှာ သူဟာနည်းပြလမ်းပတ်နဲ့ ဓါတ်ပုံအတူတွဲရိုက်ခဲ့ပါသေးတယ်။ တာရီယာနန် ဟာလာမယ့်နွေရာသီရောက်မှချဲလ်ဆီးကိုပြောင်းလာမှာဖြစ်ပါတယ်။

photo internet

သူ့ကိုဂျာမနီကလပ်အချို့ကပါ ခြေစွမ်းလာစမ်းသပ်ဖို့ ဖိတ်ကြားခဲ့သေးပေမယ့် ချဲလ်ဆီးကိုဘဲပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူ့အစ်ကိုဖြစ်တဲ့ ဂျူလီယက်စ်ဟာလည်း အသက် ၁၈ နှစ်သာရှိသေးပေမယ့် ဘွန်ဒက်စ်လီဂါကလပ် ဖရိုင်းဘတ်မှာ ကစားနေတာပါ။ တာရီယာနန်ဟာ ပြီးခဲ့တဲ့နှစ်က ဟန်ဂေရီမှာကျင်းပခဲ့တဲ့ Gallini World Cup မှာပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆု ရရှိခဲ့သေးသူဖြစ်ပါတယ်။

photo internet

သူဟာဖင်လန်ယူ ၁၆ အသင်းအတွက် ၆ ပွဲကစားရာမှာ ၄ ဂိုးသွင်းယူထားပါတယ်။ ချဲလ်ဆီးနည်းပြ လမ်းပတ်ဟာသူ့အသင်းကို လူငယ်တွေအခြေခံထားပြီး တည်ဆောက်နေတဲ့အတွက် အခုလိုလူငယ်ခြေတက်တစ်ဦးကိုခေါ်ယူလိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

photo internet

Zawgyi

ဖင္လန္လူငယ္ေတာင္ပံကစားသမားကို ခ်ဲလ္ဆီးေခၚယူႏိုင္ခဲ့

ခ်ဲလ္ဆီအသင္းဟာ ဖင္လန္လူငယ္ေတာင္ပံကစားသမား ဂ်ီမီတာရီယာနန္ကို ၃ ႏွစ္စာခ်ဳပ္နဲ႔ေခၚယူႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ သူ႔ကိုအီတလီကလပ္အခ်ဳိ႕ကေခၚယူဖို႔ စိတ္၀င္စားခဲ့ေပမယ္႔ ျငင္းပယ္ခဲ့ၿပီး အဂၤလန္ကိုေျပာင္းေရႊ႕ဖို႔ ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။

အသက္ ၁၆ ႏွစ္သာရွိေသးတဲ႔ တာရီယာနန္ ဟာဖင္လန္ကလပ္ ဟယ္လ္ဆင္ကီးရဲကေတာင္ပံကစားသမားျဖစ္ၿပီး အင္တာမီလန္နဲ႔ ဂ်ဴဗင္တပ္တို႔မွာ ေျခစြမ္းကိုသြားေရာက္ အစမ္းသပ္ခံခဲ့ပါေသးတယ္။ သူဟာေဘာလုံးမ်ဳိးရိုးရွိသူျဖစ္ၿပီး သူ႔ဖခင္ ပါဆီဟာ ဖင္လန္လက္ေရြးစင္ေဟာင္းတစ္ဦးျဖစ္ပါတယ္။

သူ႔ကိုဒီႏွစ္အတြင္းမွာ ဥေရာပထိပ္တန္းကလပ္ေတြက ေစာင့္ၾကည့္ခဲ့ၾကၿပီး ေနာက္ဆုံးမွာေတာ႔ ခ်ဲလ္ဆီးကိုေရာက္လာတာျဖစ္ပါတယ္။ ဒီကေန႔ စာခ်ဳပ္လက္မွတ္ေရးထိုးၿပီးခ်ိန္မွာ သူဟာနည္းျပလမ္းပတ္နဲ႔ ဓါတ္ပုံအတူတြဲရိုက္ခဲ့ပါေသးတယ္။ တာရီယာနန္ ဟာလာမယ္႔ေႏြရာသီေရာက္မွခ်ဲလ္ဆီးကိုေျပာင္းလာမွာျဖစ္ပါတယ္။

သူ႔ကိုဂ်ာမနီကလပ္အခ်ဳိ႕ကပါ ေျခစြမ္းလာစမ္းသပ္ဖို႔ ဖိတ္ၾကားခဲ့ေသးေပမယ္႔ ခ်ဲလ္ဆီးကိုဘဲေျပာင္းဖို႔ ဆုံးျဖတ္ခဲ့တာပါ။ သူ႔အစ္ကိုျဖစ္တဲ႔ ဂ်ူလီယက္စ္ဟာလည္း အသက္ ၁၈ ႏွစ္သာရွိေသးေပမယ္႔ ဘြန္ဒက္စ္လီဂါကလပ္ ဖရိုင္းဘတ္မွာ ကစားေနတာပါ။ တာရီယာနန္ဟာ ၿပီးခဲ့တဲ႔ႏွစ္က ဟန္ေဂရီမွာက်င္းပခဲ့တဲ႔ Gallini World Cup မွာၿပိဳင္ပြဲရဲ႕အေကာင္းဆုံးကစားသမားဆု ရရွိခဲ့ေသးသူျဖစ္ပါတယ္။

သူဟာဖင္လန္ယူ ၁၆ အသင္းအတြက္ ၆ ပြဲကစားရာမွာ ၄ ဂိုးသြင္းယူထားပါတယ္။ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္ဟာသူ႔အသင္းကို လူငယ္ေတြအေျခခံထားၿပီး တည္ေဆာက္ေနတဲ႔အတြက္ အခုလိုလူငယ္ေျခတက္တစ္ဦးကိုေခၚယူလိုက္တာျဖစ္တယ္လို႔လည္း သိရပါတယ္။