
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အင်္ဂလန်နဲ့မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားကြီးဒေးဗစ်ဘက်ခမ်ရဲ့ ဒုတိယမြောက်သားဖြစ်သူ ရိုမီရိုဟာ ဒေးဗစ်ဘက်ခမ်ပိုင်ဆိုင်တဲ့ မေဂျာလိဂ်ကလပ်
အင်တာမီယာမီအသင်းရဲ့ အရန်အသင်းဖြစ်တဲ့ Fort Lauderdale အသင်းနဲ့ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပြီး အဖေ့ခြေရာနင်းနိုင်အောင်ကြိုးစားရမှာပါ။
ဒေးဗစ်ဘက်ခမ်ရဲ့သား(၃)ယောက်ဖြစ်တဲ့ ဘရွတ်ကလင်း၊ ရိုမီရိုနဲ့ ခရုဇ်တို့ထဲမှာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားအဖြစ် ရပ်တည်နေတာဆိုလို့ ရိုမီရိုတစ်ဦးသာရှိပြီး အခုဆိုရင် Fort Lauderdale အသင်းနဲ့အတူလေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပါတယ်။
Fort Lauderdale အသင်းနဲ့ ရိုမီရိုတို့ ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုလိုက်တဲ့သတင်းကို ဒေးဗစ်ဘက်ခမ်က သူ့ Instagram မှာ Post တင်ပြီးတော့ ဂုဏ်ပြုခဲ့ပြီး မိခင်ဖြစ်တဲ့ Spice Girls အဖွဲ့ဝင်ဟောင်း ဗစ်တိုးရီးယားကလည်း “သားအတွက် အမေတို့အရမ်းဂုဏ်ယူမိတယ်..ရိုမီရိုရေ”လို့ Comment ရေးသားခဲ့ပါတယ်။
အသက်(၁၉)နှစ်အရွယ်သာရှိသေးတဲ့ ရိုမီရိုဟာ ခံစစ်နဲ့ တိုက်စစ်နေရာစုံမှာကစားနိုင်သူဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက အင်တာမီယာမီနဲ့ Fort Lauderdale အသင်းတို့မှာ လေ့ကျင့်ခန်းဆင်းနေတာဖြစ်သလို အခု Fort Lauderdale အသင်းနဲ့ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
Fort Lauderdale အသင်းမှာ ရိုမီရိုတစ်ဦးတည်းတင်မဟုတ်ဘဲ တစ်ချိန်က မန်ချက်စတာယူနိုက်တက်အသင်းမှာ လက်တွဲညီခဲ့ကြတဲ့ ဒေးဗစ်ဘက်ခမ်ရဲ့အသင်းဖော်ဖြစ်၊ အခု အင်တာမီယာမီအသင်းနည်းပြလည်းဖြစ်တဲ့ ဖီးလ်နဗီးလ်ရဲ့သားဖြစ်သူ ဟာဗေးနဗီးလ်လည်း ကစားနေတာပါ။
ရိုမီရိုလိုပဲ အသက်(၁၉)နှစ်သာရှိသေးတဲ့ ဟာဗေးနဗီးလ်က ရိုမီရိုထက် စီနီယာပိုကျပြီး Fort Lauderdale အသင်းအတွက် (၁၄)ပွဲအထိကစားထားပြီးပါပြီ။
ဒေးဗစ်ဘက်ခမ်နဲ့ ဖီးလ်နဗီးလ်တို့ဟာ ဘောလုံးသမားဘဝတုန်းက ကြီးမားတဲ့အောင်မြင်မှုတွေရယူနိုင်ခဲ့သလို အခု သူတို့ရဲ့မျိုးဆက်သစ်တွေအလှည့်မှာလည်း ထိပ်တန်းအဆင့်ကို ရောက်ရှိနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဖခင္ျဖစ္သူ ဘက္ခမ္ရဲ႕ေျခရာလိုက္နင္းႏိုင္ဖို႔ ပေရာ္ဖက္ရွင္ေဘာလုံးေလာကထဲဝင္ေရာက္လာၿပီျဖစ္တဲ့ ႐ိုမီ႐ို
အဂၤလန္နဲ႔မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ကစားသမားႀကီးေဒးဗစ္ဘက္ခမ္ရဲ႕ ဒုတိယေျမာက္သားျဖစ္သူ ႐ိုမီ႐ိုဟာ ေဒးဗစ္ဘက္ခမ္ပိုင္ဆိုင္တဲ့ ေမဂ်ာလိဂ္ကလပ္ အင္တာမီယာမီအသင္းရဲ႕ အရန္အသင္းျဖစ္တဲ့ Fort Lauderdale အသင္းနဲ႔ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ၿပီး အေဖ့ေျခရာနင္းႏိုင္ေအာင္ႀကိဳးစားရမွာပါ။
ေဒးဗစ္ဘက္ခမ္ရဲ႕သား(၃)ေယာက္ျဖစ္တဲ့ ဘ႐ြတ္ကလင္း၊ ႐ိုမီ႐ိုနဲ႔ ခ႐ုဇ္တို႔ထဲမွာ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားအျဖစ္ ရပ္တည္ေနတာဆိုလို႔ ႐ိုမီ႐ိုတစ္ဦးသာရွိၿပီး အခုဆိုရင္ Fort Lauderdale အသင္းနဲ႔အတူေလ့က်င့္ခန္းဆင္းေနၿပီျဖစ္ပါတယ္။ Fort Lauderdale အသင္းနဲ႔ ႐ိုမီ႐ိုတို႔ ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္တဲ့သတင္းကို ေဒးဗစ္ဘက္ခမ္က သူ႔ Instagram မွာ Post တင္ၿပီးေတာ့ ဂုဏ္ျပဳခဲ့ၿပီး မိခင္ျဖစ္တဲ့ Spice Girls အဖြဲ႕ဝင္ေဟာင္း ဗစ္တိုးရီးယားကလည္း “သားအတြက္ အေမတို႔အရမ္းဂုဏ္ယူမိတယ္..႐ိုမီ႐ိုေရ”လို႔ Comment ေရးသားခဲ့ပါတယ္။
အသက္(၁၉)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ႐ိုမီ႐ိုဟာ ခံစစ္နဲ႔ တိုက္စစ္ေနရာစုံမွာကစားႏိုင္သူျဖစ္ၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းကတည္းက အင္တာမီယာမီနဲ႔ Fort Lauderdale အသင္းတို႔မွာ ေလ့က်င့္ခန္းဆင္းေနတာျဖစ္သလို အခု Fort Lauderdale အသင္းနဲ႔ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။ Fort Lauderdale အသင္းမွာ ႐ိုမီ႐ိုတစ္ဦးတည္းတင္မဟုတ္ဘဲ တစ္ခ်ိန္က မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ လက္တြဲညီခဲ့ၾကတဲ့ ေဒးဗစ္ဘက္ခမ္ရဲ႕အသင္းေဖာ္ျဖစ္၊ အခု အင္တာမီယာမီအသင္းနည္းျပလည္းျဖစ္တဲ့ ဖီးလ္နဗီးလ္ရဲ႕သားျဖစ္သူ ဟာေဗးနဗီးလ္လည္း ကစားေနတာပါ။
႐ိုမီ႐ိုလိုပဲ အသက္(၁၉)ႏွစ္သာရွိေသးတဲ့ ဟာေဗးနဗီးလ္က ႐ိုမီ႐ိုထက္ စီနီယာပိုက်ၿပီး Fort Lauderdale အသင္းအတြက္ (၁၄)ပြဲအထိကစားထားၿပီးပါၿပီ။ ေဒးဗစ္ဘက္ခမ္နဲ႔ ဖီးလ္နဗီးလ္တို႔ဟာ ေဘာလုံးသမားဘဝတုန္းက ႀကီးမားတဲ့ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့သလို အခု သူတို႔ရဲ႕မ်ိဳးဆက္သစ္ေတြအလွည့္မွာလည္း ထိပ္တန္းအဆင့္ကို ေရာက္ရွိႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။